ချစ်သူသက်တမ်း ၅နှစ်ကျော်ရှိတဲ့ ပြင်သစ်နိုင်ငံသားနဲ့ ရွှေလက်တွဲလိုက်တဲ့ အမွန်း

Posted on

ချစ်သူသက်တမ်း ၅နှစ်ကျော်ရှိတဲ့ ပြင်သစ်နိုင်ငံသားနဲ့ ရွှေလက်တွဲလိုက်တဲ့ အမွန်းပရိသတ်အားပေးမှုများစွာ ရရှိထားသော အဆိုတော် အမွန်းသည် ချစ်သူသက်တမ်း ၅နှစ်ကျော်ရှိသော ပြင်သစ်နိုင်ငံသား Raouf Bac နှင့် နိုဝင်ဘာ ၃၀ ရက်တွင် ရွှေလက်တွဲလက်ထပ်လိုက်သည်။၎င်းတို့ လက်ထပ်လိုက်ပြီဖြစ်ကြောင်း ယနေ့ နံနက် ၁၁ နာရီကျော်တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ မှတစ်ဆင့် ဓာတ်ပုံများတင်ပြီး ပရိသတ်ကို အသိပေးခဲ့ကြခြင်းဖြစ်သည်။ အမွန်း နှင့် Raouf Bac တို့ အတွက် ပရိသတ်များ၊ အနုပညာမောင်နှမများက Comment မှတစ်ဆင့် ဂုဏ်ပြုစကားဆိုထားကြသည်။အမွန်း သည် ချစ်သူ Raouf Bac နှင့် ချစ်သူသက်တမ်း ၅ နှစ်ကာလကို ကျော်ဖြတ်ခဲ့ကြပြီး ယခုအခါ နှစ်ဦးသဘောတူ လက်ထပ်လိုက်ခြင်းဖြစ်သည်။ ၎င်းတို့ နှစ်ဦးသည် ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် နှစ်ဖက်မိဘစုံညီစွာဖြင့် ကချင်ရိုးရာယဉ်ကျေးမှုအတိုင်း စေ့စပ်ခဲ့ကြပြီးဖြစ်သည်ဟု ဆိုသည်။၂၀၁၈ ခုနှစ်အတွင်း Raouf Bac နှင့် ချစ်သူများ ဖြစ်နေပြီဟု ၎င်းလူမှုကွန်ရက်မှ ဓာတ်ပုံများတင်ကာ ပရိသတ်ကို အသိပေးခဲ့ပြီး အဆိုပါခုနှစ်တွင် ချစ်သူနှစ်ဦး ချစ်သက်တမ်းသည် ၃ နှစ်ခန့်ရှိပြီးဖြစ်ကြောင်း ဆိုသည်။ ပြည်ပနိုင်ငံသား တစ်ဦးကို တရားဝင်ချစ်သူအဖြစ် ချပြခဲ့ပြီးနောက် အမွန်းကို ဝေဖန်ခဲ့ကြသည့် ပရိသတ်များရှိလာခဲ့သော်လည်း ယင်းဝေဖန်မှုများကို အမွန်းတို့ ချစ်သူနှစ်ဦးက ပြန်လည်တုံ့ပြန်ခဲ့ခြင်း မရှိကြောင်း သိရသည်။

Credit. The Myanmar Time