ဟာသလူရွှင်တော် ဦးဧရာ အောက်ဆီဂျင် ကျ၍ ဆေးရုံတက်ရာမှ ကိုဗစ် ရောဂါပိုး တွေ့ရှိ

Posted on

ဟာသလူရွှင်တော် ဦးဧရာ အောက်ဆီဂျင် ကျ၍ ဆေးရုံတက်ရာမှ ကိုဗစ် ရောဂါပိုး တွေ့ရှိပရိသတ်ကြီးရေ.. ရယ်စရာဟာသလေးတွေနဲ့ ပရိသတ်တွေကို အချစ်ပိုအောင် လုပ်နိုင်ကြတဲ့ ပြည်သူ့အချစ်တော် အနုပညာရှင်တွေထဲမှာ သရုပ်ဆောင် ဦးဧရာကလည်း အပါအဝင်ပဲ ဖြစ်ပါတယ်နော်..။ပီပြင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေကြောင့် အောင်မြင်စွာနဲ့ ဇာတ်ကားတွေ များစွာ ရိုက်ကူးထားတဲ့ ဦးဧရာဟာ လတ်တလောမှာတော့ ကျန်းမာရေးအခြေအနေတွေကြောင့် အနုပညာအလုပ်တွေ နည်းပါးနေပေမယ့် ပရိသတ်တွေကတော့ အားပေးချစ်ခင်နေဆဲပါပဲ..။ဒီနေ့မှာတော့ ဟာသလူရွှင်တော် ဧရာ အောက်ဆီဂျင် ကျ၍ ဆေးရုံတက်ရာမှ covid 19 positive အဖြေထွက်ကြောင်း 5 star အဖွဲ့မှ ကိုအောင်သော်ကအတည်ပြု ပြောပြခဲ့ပါတယ်။ ဦးဧရာကြီး အမြန်ဆုံးရောဂါပျောက်ကင်းဖို့ ပရိသတ်ကြီးကဆုတောင်းပေးခဲ့ကြပါဦးနော်။ Swelsone News