ယောကျာ်းကထားပေမယ့် ငါးရောင်းပြီး သားကို ဆရာဝန် ဖြစ်အောင် ကျောင်းထားပေးခဲ့တဲ့ အသက် ၅၅နှစ် အရွယ် အမေ

Posted on

အသက် ၅၅ နှစ် အရွယ် Nanita Ronquillo ဆိုတဲ့ အမျိုး သမီးဟာ ဈေးထဲ မှာ ငါးရောင်း တဲ့ အ လုပ် ကို လုပ် ကိုင် နေ တဲ့ Single Mom တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမမှာ သားတစ်ယောက်ရှိပြီး သူ့မရဲ့ ပြင်းပြတဲ့ ဆန္ဒကတော့ သား ဖြစ်သူကို ဆေးကျောင်းထားနိုင်ရမယ်ဆိုတာပါပဲ။ သူမဈေးရောင်းရတဲ့ တစ်နေ့စာ ဝင်ငွေက သားဖြစ်သူကို ဆေးကျောင်းထားဖို့ ဘယ်လိုမှမဖြစ်ပေမဲ့ သူမရဲ့ ဆန္ဒကတော့ ဘယ်တော့မှ မရပ်တန့်သွားပါဘူး။

Nanita ဟာ Single mom ဖြစ်ပေမဲ့ သူမ ရဲ့ စိတ်ဓာတ်နဲ့ ဇွဲသတ္တိကတော့ တကယ့်ကို ပြင်းထန်တဲ့ သူတစ်ယောက်လို့တောင် ဆိုရမလိုပါပဲ။ သူမရဲ့သားဖြစ်သူ John Nico Ronquillo ကို ပိုကောင်းတဲ့ဘဝမှာ အောင်မြင်တဲ့သူ တစ်ဦး ဖြစ်စေရမယ် လို့ ယုံကြည် ထားသူ ဖြစ်ပြီး ဘယ်လို နည်းနဲ့ဖြစ်ဖြစ် သူမရဲ့ ယုံကြည်ချက်ကို အပျက် မခံနိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။ Nanita ရဲ့ ခင်ပွန်း ဖြစ်သူ က သူမ ကွဲပြီး နောက် အိမ် ထောင်အသစ်နဲ့ နေနေတာ ကြောင့် Nanita က သားတစ်ယောက် ထဲနဲ့ ဘဝကို ရုန်းကန် နေရတာ ဖြစ်ပါတယ် ။

ဈေးရောင်းရတာ အခြားသူတွေ အတွက်တော့ သက်သာတဲ့ အလုပ် တစ်ခုလို့ ထင်ချင်ထင်ပေမဲ့ သူမအတွက်တော့ အရမ်းကို ပင်ပန်း ပါတယ် ။ ဘာကြောင့်လဲဆိုတော့ တစ်ခါတလေမှာ ငါးတွေမကုန်ရင် ညနေ၅နာရီ/ ၆နာရီလောက်အထိ ထိုင်ရောင်းရပြီး မနက် ဆိုလည်း ၅ နာရီ လောက်ထပြီး ဈေးဗန်းခင်း နေရပါပြီ။ သားဖြစ်သူ ကျောင်းစရိတ် အတွက် ဈေးကို မနက်ပိုင်းတင်မဟုတ်ဘဲ ညနေပိုင်း တွေပါ အပိုငွေ ရအောင် ရောင်း နေရ တာပဲ ဖြစ်ပါတယ်။ သူမ ဈေးရောင်းရတဲ့ ဝင်ငွေက တစ်နေ့ကို PHP 1000 (အမေရိကန် ဒေါ်လာ ၁၉) လောက် အထိ ရရှိ ပါတယ် ။ ဒါပေမဲ့ ကျောင်းစရိတ်ကို ဝင်ငွေက မမျှတဲ့ အတွက် သားဖြစ်သူ ကျောင်းနားခဲ့ရတဲ့ နှစ်တွေလည်း ရှိခဲ့ပါတယ်။

အခြားသူတွေ ၄နှစ်နဲ့ ဘွဲ့ရခဲ့ ပေမဲ့ သူမရဲ့ သားကတော့ ၆ နှစ်နေမှ ဘွဲ့ကို ရရှိခဲ့တာဖြစ်ပါတယ်။ အခုတော့ သူမရဲ့ ကြိုးစားအားထုတ်မှုတွေက အရာထင်ခဲ့ ပါပြီ ။ သားဖြစ်သူ ကလည်း ဆေးကျောင်းက ဘွဲ့ရလို့ ဆရာဝန်ကြီးတောင် ဖြစ်နေပါပြီ။ သူမမှာ နှလုံးရောဂါရှိတာ ကြောင့် အခုဆို အလုပ် ပေးမလုပ် တော့ဘဲ သားဖြစ်သူ က တစ်ဖန် သူမကို ပြုစုစောင့်ရှောက် နေပါတယ်။