ဒီဇင်ဘာလအစမှာ ကံကောင်းခြင်းတွေ ရောက်ရှိလာပြီး အောင်ဘာလေထီဆုကြီးတွေ ပေါက်ခဲ့ကြတဲ့ အနုပညာရှင်များ

Posted on

ဒီဇင်ဘာလအစမှာ ကံကောင်းခြင်းတွေ ရောက်ရှိလာပြီး အောင်ဘာလေထီဆုကြီးတွေ ပေါက်ခဲ့ကြတဲ့ အနုပညာရှင်များ

ပရိသတ်ကြီးရေ ဒီဇင်ဘာတစ်ရက်နေ့မှာတော့ နိုဝင်ဘာလအတွက် အောင်ဘာလေ သိန်းတစ်သောင်းခွဲ ထီဖွင့်ပွဲကြီးပြုလုပ်ခဲ့ပြီပဲဖြစ်ပါတယ်။ လူတစ်ယောက်ထီပေါက်ဖို့ ဆိုတာ အရမ်းကို ကံကောင်းမှဖြစ်တဲ့အလုပ်ပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ပြည်သူချစ်အနုပညာရှင်တွေကလဲ ဒီဇင်ဘာရဲ့ ကံကောင်းခြင်းတွေနဲ့အတူ ထီဆုကြီးတွေ ဆွတ်ခူခဲ့ကြတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် ဒီဇင်ဘာလမှာ ထီပေါက်တဲ့ အနုပညာရှင်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်။

(၁)မယ်လိုဒီမယ်လိုဒီကတော့ ဒီဇင်ဘာလအစမှာဘဲ အောင်ဘာလေသိန်းထီဆုတစ်ဆုပေါက်ခဲ့တာကြောင့် အတိုင်းမသိဝမ်းသာပျော်ရွှင်နေတာပဲဖြစ်ပါတယ်။ မယ်လိုဒီဟာ ထီငါးသောင်းဆုပေါက်ခဲ့တာပဲ ဖြစ်ပြီး လအစမှာကံကောင်းမှုတွေရောက်ရှိလာတဲ့အကြောင်းလေးပရိသတ်ကိုပြောပြလာခဲ့မယ်။(၂) ဂျိုကာဂျိုကာက သူ့ရဲ့မွေးလအစလေးမှာ ကံကောင်းခြင်းတွေနဲ့‌တွေ့ကြုံလာရတာဖြစ်ပါတယ်။ဂျိုကာကတော့ ဒီဇင်ဘာလမှာ ထွက်ရှိလာတဲ့ (၂၂)ကြိမ်မြောက် အောင်ဘာလေထီဆုမှာ ထီငါးသောင်းဆုပေါက်ခဲ့တာဖြစ်ပါတယ်နော်။ဂျိုကာက ချစ်တဲ့ပရိသတ်တွေကိုလည်း သူနဲ့ထပ်တူပျော်ရအောင်လို့ ထီပေါက်တဲ့အကြောင်းလေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ မျှဝေလာခဲ့တာဖြစ်ပါတယ်။(၃) စိုးပြည့်သဇင်စိုးပြည့်သဇင်ကတော့ ဒီဇင်င်ဘာလအစလေးမှာပဲ သားအမိနှစ်ယောက်လုံး ထီဆုတစ်သိန်းကိုယ်စီ ပေါက်ခဲ့ကြောင်းလေးကို “ပျော်စရာဒီဇင်ဘာ(၁)ရက်နေ့လေး စိုးပြည့်ထိုးထားတဲ့ထီတစ်သိန်းဆုပေါက်တယ်…မေမေကလည်းတစ်သိန်းဆုပေါက်တယ်….Happy Lucky day” ဆိုတဲ့စာလေးကို တင်ပြီးထီပေါက်တဲ့အကြောင်းလေးကို ပရိသတ်ကိုပြောပြလာ ခဲ့တာပဲဖြစ်ပါတယ်။

(၄) ဘုန်းဆက်သွင်ဒီလ ဒီဇင်ဘာလအစပိုင်းလေးမှာ အနုပညာရှင်အတော်များများလည်း ထီဆုကြီးတွေ ကံထူးကြတာတွေ့ရပြီး အာ့ထဲမှာမှ ဘုန်းဆက်သွင်တစ်ယောက်လည်း အပါအ၀င်ဖြစ်ပါတယ်။ မကြာသေးမီကလည်း သူ့ရဲ့ Facebookစာမျက်နှာမှာ “ဒုတိယအကြိမ် ကံကောင်းပြီ…” ဆိုတဲ့ captionလေးနဲ့ ၅သိန်းဆုကြီးကံထူးခဲ့တဲ့အကြောင်းလေး တင်ပေးလာပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။Swelsone News