မိသားစုဝင်တွေအကုန်လုံး ကိုဗစ်နဲ့ ကွယ်လွန်သွားပြီးမှ တစ်ဦးထဲကျန်ခဲ့သူ အဖွားရဲ့အဖြစ်

Posted on

ဆေးရုံတတ်ခဲ့တဲ့ ရက် ( ၂၀ )မှာ မျက်ဝါးထင်ထင်မြင်ခဲ့ရတာ ကိုဗစ်ဟာ သိပ်ကြောက်စရာကောင်းတယ်ဆိုတာပါပဲ။ လူငယ် / လူကြီးမရွေး မျက်စိရှေ့တင်တဖြုတ်ဖြုတ် ကြွေလွင့်သွားကြတာ ဝမ်းနည်းစရာကောင်းလိုက်တာလေ။ သားအမိ သားအဖ လေးဦး အောက်ဆီဂျင်ကျလို့ဆေးရုံကိုရောက်လာတာ လမ်းလျှောက်ပြီးလာခဲ့ကြတာ အောက်ဆီဂျင်ကျနေပေမယ့် မျက်နှာတွေရွှင်ရွှင်လန်းလန်းနဲ့ အခန်းထဲအတူတူနေရတော့ စိတ်ချမ်းသာနေကြပုံပါပဲ။

ငွေကြေးလည်းပြေလည်သူတွေဆိုတာ ကြည့်တာနဲ့သိနေရတယ်။ သူတို့တွေ ဆေးရုံရောက်ပြီး၂ ရက်မြောက်မှာ အဖေရယ် သားရယ် သမီးရယ် သုံးယောက်ဟာ ရုတ်တရက်ဆီးချိုတွေမြင့်တတ်လိုက် အောက်ဆီဂျင် Level ထိုးကျလိုက်နဲ့ ဖြစ်တာ ဖြစ်တာလေ ဆရာဝန်တွေလည်း PPE တွေဝတ်ပြီး ကုသမှုတွေ ဆက်တိုက်လုပ်ပေမယ့် နောက်တရက်မှာ သူတို့ ၃ ယောက်လုံးအခြေအနေ မကောင်းတော့ပါဘူး။ ဘာရောဂါအခံရှိလဲတော့ ကိုယ်လည်းမသိပါဘူး။ ကျန်နေတဲ့ အမေတယောက်က ကောင်းနေတာမို့ သူကို့ တခြားအခန်းရွေ့လိုက်ပြီး သိပ်မကြာခင်မှာပဲ ကျန် ၃ ယောက်လုံး ဟာ သေဆုံးကွယ်လွန် သွားပါတော့တယ်။

ရင်ထဲထိခိုက်လိုက်တာ မျက်ရည်ပါကျရပါတယ်။ တယောက်တည်းကျန်ခဲ့တဲ့ အမေဟာ အိပ်ယာထဲဘုန်းဘုန်းလဲတော့တာ ဘယ်သူနဲ့မှ ဘာစကားမှမပြော ဘာမှမစားနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ လုံးဝ နလန်မထူတော့ အဲ့ဒီ့နေရာမှာ ဆရာဝန်တွေကိုလေးစားရပါတယ်။

ဘာရောဂါအခံမှ မရှိသူ ဆွဲခေါ်ရင်ပါ့မယ်သူဆိုတာ သူတို့သိတဲ့ပုံပါပဲ။ အဲ့ဒီ့အမေ့ကို ဝိုင်းဝန်းကြတာ ဘေးကမျက်ရည်ကြရတယ် တကယ့်သွေးသားရင်းလို ထမင်းပါခွံ့ကျွေးတဲ့ လူသားအချင်းချင်း မေတ္တာဟာ သိပ်ကိုလှပကြီးကျယ်ခဲ့ပါတယ်။ မိသားစုလေးယောက်လာခဲ့ပြီးနောက်ဆုံးတယောက်ထဲကျန်ခဲ့တဲ့ အဲ့ဒီ့အမေ ကိုဗစ်ကပ်ရောဂါ ဆိုးကြီးကို အောင်နိုင်ပြီး ဆေးရုံဆင်းသွားခဲ့ပါတယ်။ ကိုဗစ်ဟာ မာယာများသလိုသိပ်ကိုကြောက်စရာကောင်းတယ်ဆိုတာ လက်တွေ့ကြုံတွေ့ခဲ့ရသူမို့ စနစ်တကျ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါလို့ မှာပါရစေ။