စမ်းချောင်းယာဉ်မတော်တဆမှုမှ ကြွေလွှင့်သွားခဲ့ရှာတဲ့ ကောင်မလေး သူ့သမီးကတော့အမေ့ကိုခေါ်ပေးပြန်မလာသေးဘူးလားဆိုပီးခဏခဏမေးနေတယ်ဗျာ

Posted on

စမ်းချောင်းယာဉ်မတော်တဆမှုမှ ကြွေလွှင့်သွားခဲ့ရှာတဲ့ ကောင်မလေး သူ့သမီးကတော့အမေ့ကိုခေါ်ပေးပြန်မလာသေးဘူးလားဆိုပီးခဏခဏမေးနေတယ်ဗျာနာမည်က မဇင်သွယ်မိုး အသက်က၃၇ အလုပ်က စာတိုက်မှာလုပ်တာ၊delivery အော် ဒါလေးတွေရရင်လိုက်ပို့ပေးတယ်။ ကောင်လေးနဲ့ကအလုပ်အတူတူပဲ ကောင်လေးအမည်က ကိုစိုင်း၊ မေတ္တာမျှနေကြတာပထမအိမ်ထောင်နဲ့ကွဲနေတာငါးနှစ်ကျော်ပြီ၊Single mother အဖြစ်နဲ့ဘဝကိုရပ်တည်ပြီး၊ သူသားနဲ့သမီးလေးကိုလုပ်ကျွေးနေသူ၊

သူ့သားလေးက ခုနှစ်တန်း၊ သမီးလေးကလေးတန်း တက်ရမှာ သူ့အမေ ကြွေလွှင့်သွားတာ၊ ခလေးတွေမသိသေးဘူး၊ ဘယ်သူကမှလည်းမပြောရက်ကြဘူး။ သူ့သမီးကတော့အမေ့ကိုခေါ်ပေးပြန်မလာသေးဘူးလားဆိုပီးခဏခဏမေးနေရှာတယ်ဗျာ၊ ဘဝတွေခါးလိုက်တာဗျာ။

အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။