လက်တစ်ဖက်တည်းနဲ့ သားဖြစ်သူကိုဘွဲ့ရတဲ့အထိ ရှာကျွေးပြုစုလာခဲ့တဲ့ ဖခင်တစ်ဦးရဲ့မေတ္တာ

Posted on

လက်တစ်ဖက်တည်းနဲ့ သားဖြစ်သူကိုဘွဲ့ရတဲ့အထိ ရှာကျွေးပြုစုလာခဲ့တဲ့ ဖခင်တစ်ဦးရဲ့မေတ္တာအဖေဆိုတာဟာ ကိုယ့်သွေးသားဖြစ်သူ သားသမီးတွေကို အကောင်းဆုံးနေရာမှာ နေနိုင်ဖို့ အတွက်ကို တစ်ဘဝလုံး အချိန်ကုန်ပစေ စွန့်လွှတ် အနစ်နာခံနိုင်သူ ဖြစ်ပါတယ်နော်။

သားသမီးတွေရဲ့ ဘဝမှာ အဖေဆိုတာဟာ သူတို့ရဲ့ စူပါဟီးရိုး တစ်ယောက်လို့ ပြောရအောင် အရွယ်ရောက်လာတဲ့ အချိန်ထိ ကိုယ့်ကိုကိုယ်ရပ်တည်နိုင်ဖို့ အတွက် ခွန်အားတွေ ပေးနိုင်ခဲ့သူပါနော်။ဒီမှာတော့ လက်တစ်ဖက် တည်းသာရှိတဲ့ ဖခင်ဖြစ်သူကတော့သားဖြစ်သူကို အကောင်းဆုံး ကြိုးစားပြီးတော့ ကျောင်းထားနိုင်ခဲ့ပါတယ်။ ကျောင်းထားရုံတင် မကဘဲ ဘွဲ့ရ ပညာတတ်တစ်ဦးဖြစ်တဲ့အထိ ပြုစုကျွေးမွေးထားနိုင်ခဲ့ပါတယ်နော်။

သားဖြစ်သူဟာ ဘွဲ့ရပြီးနောက် မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ခဲ့တဲ့ သူ့ဘဝရဲ့တစ်ဦးတည်းသော လူစွမ်းကောင်းဖခင်ဖြစ်သူကို မြေကြီးပေါ်ပြားပြားဝပ်

ရှိခိုးကန်တော့နေတဲ့ပုံဟာ အင်တာနက်မှာပြန့်လာပြီးနောက်မှာ လူအများအပြားဟာ ဝမ်းနည်းပီတိဖြစ်စွာနဲ့ အဆိုပါပုံကို ဆက်လက်မျှဝေခဲ့ကြပါတယ်နော်။သားသမီးဖြစ်သူတိုင်းဟာ သူတို့ဘဝကိုအကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးနေတဲ့ ဖခင်ဖြစ်သူကို တန်ဖိုးထားလေးစားဆက်ဆံသင့် ပါတယ်နော်။

Source : viral4real