အတူနေလာတဲ့ နွားလေး သေတော့ မျက်ရည်မဆည်နိုင်ဖြစ်နေတဲ့ ဝက်ကလေး

Posted on

အတူနေလာတဲ့ နွားလေး သေတော့ မျက်ရည်မဆည်နိုင်ဖြစ်နေတဲ့ ဝက်ကလေးဒီနွားလေးက ကျုံပျော်ဇရစ်ရိုးက နွားဦးတိုက်ဆရာတော်ရဲ့ နွားလေးပါ။ ဆရာတော် တရားပွဲသွားတိုင်း ဆရာတော် နောက်လိုက်ပြီး သာသနာပြုတယ်။ တရားပွဲပြီးတိုင်း ဆရာတော်ကို ဦးတိုက်လေ့ရှိတယ်။

ဝက်ကလေးကတော့ မကြာသေးခင်ကမှ တရားပွဲတစ်ခုမှာ နွားဦးတိုက်တာမြင်တော့ သူလည်း လိုက်ဦးတိုက်တယ်။ ဆရာတော်လည်း အဲ့ဒီ ဝက်ကလေးကို ပိုင်ရှင်ဆီက အလှူခံလာခဲ့တာ။

တော်တော်ထူးဆန်းပါတယ်။ ဒီနွားနဲ့ဝက် ကလေးက အတူတူနေတယ်။ အတူတူ စားတယ်။ ထူးခြားတာ အများကြီး ရှိပါတယ်။ ရေစက်လို့ပဲ ပြောရမလား? နွားလေးကတော့သာသနာပြုရင်း ပြီးခဲ့တယ့် လေးငါးရက်ကမှ အသက်၂၀ မှာ သေဆုံးခဲ့တယ်။

ဒီနွားလေးသေတော့ ဝက်ကလေးလည်း တော်တော်ခံစားရတယ်။ နွားလည်ပင်းကြိုးကို ဆွဲပြီး နွားကိုနှိူးလိုက်၊ နွားကိုယ်ပေါ် တတ်လိုက်။ မြေပြင်မှာ လှိမ့်လိုက်နဲ့ မျက်ရည်တောက်တောက်ကျပြီး ငိုလိုက်၊ ဆရာတော်ဆီ ပြေးသွားလိုက်နဲ့ တော်တော်သနားဖို့ကောင်းပါတယ်။နွားလေးကို ဂူသွင်းမယ့် ကွန်ကရစ် ပေါ်မှာ လဲပြီး မျက်ရည်ကျလိုက်နဲ့ သတ္တဝါတွေရဲ့ ချစ်ခြင်းမေတ္တာကို သူတော်ကောင်းတို့ မြင်တွေ့ရအောင် မျှဝေပေးလိုက်ပါတယ်။ ပြန်လည်လည်းမျှဝေပေးပါ။ (၂၀၁၇ ခုနှစ်က ပို့စ်ကို ပြန်လည်မျှဝေလိုက်ပါတယ်)

ရတနာသုံးပါး ဦးထိပ်ထားလျက်

Credit:ပရလောကမှ ရှားပါး မှတ်တမ်းများ