နောင်ပွင့်မယ့်ဘုရားကို ဖူးဖို့ စောင့်ကြိုနေတဲ့ ထူးဆန်းတဲ့ ရွာပျောက်ကြီး

Posted on

နောင်ပွင့်မယ့်ဘုရားကို ဖူးဖို့ စောင့်ကြိုနေတဲ့ ထူးဆန်းတဲ့ ရွာပျောက်ကြီးနောင်ပွင့်မယ့်ဘုရားကို ဖူးဖို့ စောင့်ကြိုနေတဲ့ ထူးဆန်းတဲ့ ရွာပျောက်ကြီး (ဝန်းသို မြို့နယ်ထဲမှာပါ)

အရိမေတ္တယျမြတ်စွာဘုရားကို စောင့်ကြိုနေတဲ့ ရွာပျောက်ကြီး (သို့) ထွက်ရပ်ပေါက်များနေတဲ့ရွာ ဆိုတာ ဒါလား

ရောက်ဖူးအောင်သွားကြပါဗျ။ နောင်ပွင့်မယ့် အရိမေတ္တယျမြတ်စွာဘုရားကို စောင့်ကြိုနေတဲ့ ရွာပျောက်ကြီးဆိုတာ ဒါလား။ ရွာကြီးကို နတ်ဖွက်ထားတဲ့နေရာ ဆရာမင်းသိင်္ခပြောတဲ့ ရှမ်းဘဲလားအရပ် ထွက်ရပ်ပေါက်များ နေတဲ့ရွာဆိုတာ ဒါလား။ စိတ်ဝင်စားစရာတွေ ထူးဆန်းဖွယ်ရာတွေ ပြည့်နှက်နေတဲ့ နေရာလေးပါ။

ဒီအချိန်သွားရင် လမ်းကောင်းပါပြီ။ ဒါ့အပြင် မြို့ဟောင်းဝင်ပြီဆိုရင်ဖြင့် ကွင်းထဲမှာ ခြေနင်းလိုက်ရင် လိုဏ်သံတွေ ကြားနေရတယ်။ အရမ်း ထူးဆန်းပါတယ်။ ကွင်းဖြတ်ပြီးရင်တော့ စေတီတစ်ဆူရှိတယ်။ စူဌာမဏိ ဆုတောင်းပြည့်စေတီတဲ့ ပြီးတော့ကျောက်စေတီ ၂ ဆူပေါ်နေတာဆို့လို့ ခက်ခက်ခဲခဲ သွားရောက်ဖူးမြော်ခဲ့တယ်။ ကိုရင်ကြီးတစ်ပါးကိုလည်း ဖူးတွေ့ခဲ့တယ်။မိုင်းသုန်ရွာကို မြင်ရတဲ့မျှော်စင် ၂ ခု ကျောက်အမြောက် ၊ ယမ်းထောင်းဆုံ ၊ နတ်ရေကန် မြင့်မားလှတဲ့ကျောက်တံတိုင်းတွေ ဆိုင်ကယ်လမ်း ပြီးချိန်အထိ စောင့်ကြပါ။ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ဝန်းသိုမြို့နယ် အောင်းပင်အုပ်စုမှာ ကျောက်မြို့ဟောင်းရှိတယ်။ အိမ်ခြေပေါင်း တစ်သောင်း ကျောင်းပေါင်းတစ်ထောင်ပျောက်ကွယ်နေတယ်လို့ ဒေသခံတွေ ပြောစကား ကြားရတယ်။

ကျောက်အမြောက် ယမ်းထောင်းဆုံ နတ်ရေကန် မြင့်မားလှတဲ့ ကျောက်တံတိုင်းတွေ နတ်ခြေယာတွေ တွေ့ခဲ့တယ်။ သွားခဲ့တဲ့သူတွေက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ရယ် စိုက်ပျိုးရေးဌာနကရယ် အောင်းပင်အုပ်စုအုပ်ချုပ်ရေးမှူးနဲ့ ကျမတို့ ပါတီဝင်တွေရယ်ပါ။သွားတဲ့ ရည်ရွယ်ချက်က ကျောက်မြို့သွားတဲ့ လမ်းလေးကို ဆိုင်ကယ်လမ်းဖောက်ရန်နှင့် ကျောက်စေတီ ၂ ဆူ ဖူးမြင်ရဖို့ပါ။ အသွားအပြန်ရယ် သွားကြည်တာရယ် ခြေကျင်လျှောက်တာ ၆ နာရီ ကြာပါတယ်။ ဒီနေ့လူလည်း တော်တော်အီသွားတယ်။ ဆိုင်ကယ်လမ်းလေး ဖောက်ရင်တော့ အဆင်ပြေသွားမှာပါ မိတ်ဆွေတို့ရေ။

Khaing Khaing Win