ဖခင်ကို ပြစ်ထားတယ်ဆိုပြီး မြင့်မြတ်ကို ဝေဖန်နေသူတွေ သိရှိစေဖို့ ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တဲ့ ယုန်လေး

Posted on

ဖခင်ကို ပြစ်ထားတယ်ဆိုပြီး မြင့်မြတ်ကို ဝေဖန်နေသူတွေ သိရှိစေဖို့ ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တဲ့ ယုန်လေးသဘာဝမင်းသားလို့ ပရိသတ်တွေ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသားချောမြင့်မြတ်ကတော့ သာယာပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပြီး ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ သူလေးဖြစ်ပါတယ်။ သူဟာကျရာဇာတ်ရုပ်ကိုလည်း အပီအပြင်သရုပ်ဆောင်နိုင်တဲ့သူလေးဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ရရှိထားသူတစ်ယောက်ပါနော်။ မြင့်မြတ်ဟာ အနုပညာလောကမှာလည်း နှစ်ပေါင်းအတော်ကြာ ရပ်တည်အောင်မြင်နေတာလည်းဖြစ်ပြီး ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး။မြင့်မြတ်ကတော့ မိသားစုတွေကို ပရိတ်ရှေ့ချပြတာနည်းပါးလှပါတယ်။မြင့်မြတ်ရဲ့ ဖခင်ကတော့ ကိုဗစ်ကာလမှာ ဝမ်းရေးအတွက် taxi မောင်းကာ ဝင်ငွေရှာနေတဲ့သူ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူကတော့ သားဖြစ်တဲ့ မင်းသားမြင့်မြတ်အနေနဲ့ သူဖုန်းဆက်တဲ့အခါ ဖုန်းကိုင်စေချင်တဲ့အကြောင်းကို မီဒီယာမှာ အင်တာဗျူးဖြေကြားခဲ့ပါတယ်။ အဆိုပါ အင်တာဗျူးနဲ့ ပက်သက်ပြီး လူမှုကွန်ရက်မှာတော့ ဝေဖန်မှုတွေ အများအပြား ထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါ ဝေဖန်မှုတွေနဲ့ ပက်သက်ပြီး မြင့်မြတ်ရဲ့ သူငယ်ချင်းဖြစ်သူ ယုန်လေးကတော့ အခုလိုပဲ အသိပေး ပြောကြားခဲ့ပါတယ်။“အားလုံး ဆန္ဒမစောစေချင်ပါဘူး .လူတိုင်းကို ကူညီနေတဲ့ မြင့်မြတ်စက်အဖွဲ့ က လူတစ်ယောက် ဒုက္ခရောက်ရင်တောင် ကူညီတဲ့ မြင့်မြတ် သူ့ အဖေ အမေ အရင်းမောင်နှစ်မ တွေကို ဘာမှမလုပ်ပေးဖူးဆိုတာဦးနောက် နဲ့ စဉ်းစားပေးကျပါ .လစဉ် ထောင်ပံ့ကြေးမဆိုလိုဖူး .အဖေ အမေ ကိုကန်တော့တာ ဘယ်လောက်ထင်လဲ .မှန်းကြည့်တာထက် ၃ ဆ လောက်ပိုနေရပါမယ် .Covid ကြောင့် ဘယ်လိုခက်ခဲခဲ နော် .တာဝန် မပက်ေစေရဘူးကျွန်တော်တို့ အားလုံးသိတဲ့ လူတွေ အတွက်လည်း ပြောရဖို့ ခက်ခဲပါတယ် .မိသားစု အရေးဆိုတော့ .မြင့်မြတ် ဆိုတာ နာမည်နဲ့ လောက်အောင်မြင့်မြတ်ပါတယ် .ဘာမှ မသိပဲ မဝေဖန်ပါနဲ့ဦးဒါပဲ ပြောချင်ပါတယ် . 🙏🙏🙏မနက်ဖြန် ရေးတင်ပါမယ်” ဆိုကာ ပြောပြ ခဲ့ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။