မိဘတွေကို တစ်လသိန်း(၃၀) ထောက်ပံ့ပေးထားတဲ့အပြင် ကွန်ဒိုတိုက်ခန်းတွေနဲ့ ကားတွေပါ ဝယ်ပေးထားတဲ့ မြင့်မြတ်ရဲ့အကြောင်းပြောပြလာခဲ့တဲ့ ဂျူဂျူးပန်ထွာ

Posted on

မိဘတွေကို တစ်လသိန်း(၃၀) ထောက်ပံ့ပေးထားတဲ့အပြင် ကွန်ဒိုတိုက်ခန်းတွေနဲ့ ကားတွေပါ ဝယ်ပေးထားတဲ့ မြင့်မြတ်ရဲ့အကြောင်းပြောပြလာခဲ့တဲ့ ဂျူဂျူးပန်ထွာသရုပ်ဆောင်မြင့်မြတ်ကတော့ မနေ့က ဒီဇင်ဘာလ (၂၀) ရက်နေ့မှာ သူ့ရဲ့ဖခင်ကိုယ်တိုင်ဖြေကြားထားတဲ့ အင်တာဗျူးဗီဒီယိုကြောင့် ပရိသတ်တွေဝေဖန်ခြင်းကို ခံနေရသူတစ်ယောက် ဖြစ်ပါတယ်။ မြင့်မြတ်ကိုချစ်ကြတဲ့ ပရိသတ်တွေကတော့ မြင့်မြတ်က သားဆိုးသားမိုက်တစ်ယောက်မဟုတ်မှန်းသိကြသလို တစ်ဖက်ကလည်း သူ့ရဲ့ဖခင်ကိုယ်တိုင်က ပြောတာကြောင့် ဘယ်ဟာက အမှန်လဲဆိုတာ ဝေခွဲမရဖြစ်နေတာပဲ ဖြစ်ပါတယ်။ထိုကိစ္စနဲ့ ပက်သတ်ပြီး မြင့်မြတ်ရဲ့ သူငယ်ချင် းအရင်းကြီးဖြစ်တဲ့ သရုပ်ဆောင် ဂျူဂျူးပန်ထွာက မြင့်မြတ်တို့မိသားစုအကြောင်းကို သူမသိသေ လာက် တစ်ခုမကျန်ပြောပြလာပါတယ်။“မင်းသားမဖြစ်ခင်ထဲက သူငယ်ချင်းတွေ ကိုယ့်ထက်အသက်ကြီးပေမယ့် မောင်နှမအရင်းလိုနေလာခဲ့တော့ အကြောင်းသိတွေ မြင့်မြတ်တို့ မ/တဂုံ မှာ အိမ်ပိုင်နဲ့ နေနိုင်တာတောင်မကြာသေးဘူး။ အရမ်းကြိုးစားပြီး အရမ်းရိုးသားတဲ့ ဇနီးမောင်နံ မိသားစုကိုလည်း သိတတ်လိုက်တာ။ကိုယ်ဘာလို့သိလည်း သူတို့နဲ့ ်၆ လလောက်တစ်အိမ်ထဲ မိသားစုလို နေခဲ့လို့သိတာ။ အရင်ထဲက ရွာမမှာ အခွေဆိုင်ဖွင့်ဖျက်ပြီး စတိုးဆိုင်ထပ်ဖွင့်ပေးထားတာ အင်းစိန် ရွာမမှာနေတဲ့လူတိုင်းသိပါတယ် ဦးလေးက Taxi မောင်းတယ် နောက်ပိုင်းမင်းသားဖြစ်လာတော့ မိဘကို ကွန်ဒိုတွေ ကားတွေ ဝယ်ပေး တယ် မောင်းနေတဲ့ Taxi ကိုလည်း ဝယ်ပေးထားတယ်”

“မမောင်းဖို့ ပြောပေမယ့် မရတော့ မိဘ စိတ်ချမ်းသာပါစေဆို လွှတ်ပေးထားတယ် ခုလိုဖြစ်လာမှာ ကိုလည်း ကြိုသိပြီးသားပါ။ တကယ် ပေးဆပ်ခဲ့တဲ့ သားသမီးကောင်းတွေပါ။ မိသားစုဝင်လိုဖြစ်နေလို့ အားလုံးသိနေတာပါ။ Fighting မျိုးမင်းဟိန်း ခင်သူအောင် တစ်နေ့ ဒီလိုဖြစ်လာလိမ်မယ်ထင်သားပါ။ တစ်လ သိန်း ၃၀ ပေးပြီးတဲ့ အပြင် ဝယ်ပေးထားတဲ့ တိုက်ခန်းတွေ ကွန်ဒိုတွေ ကားတွေလည်းရှိပါတယ်။

မိဘကို သိန်းထောင်ချီတွေလည်း ပေးနေတာပါ။ လိုအပ်မှ ဝင်ပြောပေးတော့မယ်ဟာ fighting သူငယ်ချင်းတို့ ဘာပဲဖြစ်ဖြစ် နင်တို့နှစ်ယောက်လုံး သားသမီးကောင်းတွေပါ ဘယ်သူမှ မသိချင်ယောင်ဆောင်နေကြရင်တောင် ဘုရားသိပါတယ် Fighting နော် ” ဆိုပြီး ပြောပြလာပါတယ်။

မြင့်မြတ်ကတော့ သူ့ရဲ့မိသားစုအပေါ် တာဝန်ကျေတဲ့ သားကောင်းတစ်ယောက်ဆိုတာ ခင်မင်ရင်းနှီးသူတွေအားလုံးသိပြီးသား ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အခုဆိုရင် မြင့်မြတ်အပေါ် သံသယတွေကင်းရှင်းသွားမယ်လို့ မျှော်လင့်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Jue Lay’s fb
Credit – Cele Connections