THE VOICE MYANMAR ပြိုင်ပွဲဝင် ခင်ရတနာစိုးက မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာကသိအောင် ချပြနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူ ချီးကျူးခဲ့တဲ့ ဖိုးချစ်

Posted on

THE VOICE MYANMAR ပြိုင်ပွဲဝင် ခင်ရတနာစိုးက မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာကသိအောင် ချပြနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူ ချီးကျူးခဲ့တဲ့ ဖိုးချစ်ဇာတ်သဘင်လောကမှာ မြို့ရွှေမင်းသားချောတစ်ယောက်အဖြစ် အောင်မြင်မှုအပေါင်းသရဖူဆောင်ထားသလို ဗီဒီယိုရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဖိုးချစ်ကိုတော့ လူကြီး၊ လူငယ်ပရိသတ်တွေအားလုံး ကြိုက်နှစ်သက်အားပေးပြီးသားဖြစ်မှာပါ။ဖိုးချစ်ကတော့မြန်မာနိုင်ငံ သဘင်အစည်းအရုံးဥက္ကဌတစ်ယောက်အဖြစ်လည်း ဆောင်ရွက်နေသူတစ်ယောက်ဖြစ်ပြီး မြန်မာ့ဇာတ်သဘင်လောက တိုးတက်ဖို့ အမြဲတမ်း ကြိုးစားအားထုတ်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဖိုးချစ်ကမြန်မာ့ယဉ်ကျေးမှုအနုပညာကို ကမ္ဘာကပါသိအောင် ချပြနိုင်ခဲ့တဲ့ The Voice Myanmar ပြိုင်ပွဲဝင် ခင်ရတနာစိုးအတွက် ဝမ်းသာဂုဏ်ယူကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာကို တွေ့ရပါတယ်။ဖိုးချစ်က “ဘာပဲဖြစ်ဖြစ်တာဝန်ကျေခဲ့ပါတယ်ညီမငယ်.. ဂုဏ်ယူပါတယ်မြန်မာ့ယဉ်ကျေးမှုအနုပညာအတွက်ပေါ့…” ဆိုပြီး အကောင်းဆုံးကြိုးစားခဲ့ပေမယ့် The Voice Myanmar Winner ဆုကြီးနဲ့ လွဲချော်ခဲ့တဲ့ ခင်ရတနာစိုးကို အားပေးစကားပြောလာပါတယ်။ ခင်ရတနာစိုးကတော့ The Voice Myanmar Grand Final မှာ “နဂါးနီ” သီချင်းကို မြန်မာ့ရိုးရာဆိုင်းဝိုင်းနဲ့အကောင်းဆုံးဖျော်ဖြေခဲ့တာကြောင့် ပရိသတ်တွေရင်ထဲက Winner ဆုကို ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ဒိုက်ဦးသူလေး ခင်ရတနာစိုးကို ဒီထက်မက အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။