မျက်မမြင်မိဘတွေအတွက် မျက်စိတစ်စုံဖြစ်ပေးခဲ့တဲ့ ကလေးငယ်

Posted on

မျက်မမြင်မိဘတွေအတွက် မျက်စိတစ်စုံဖြစ်ပေးခဲ့တဲ့ ကလေးငယ်ကမ္ဘာပေါ်မှာရှိတဲ့ကလေးငယ်တိုင်းက အပြစ်ကင်းစင်လွန်းလှပြီး ရှက် ၊ ကြောက် ရမဲ့အရာမျိုးတွေကို မသိတတ်သေးပါဘူး ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ဖိလစ်ပိုင်နိုင်ငံက ကလေးငယ်မှာတော့ social media ပေါ်မှာ အတော်လေးရေပန်းစားနေပြီး ၊ မိဘတွေက ကလေးငယ်ကို ကြိုးငယ်လေးနဲ့ ချည်နှောင်ထားတာပါ ။လူအများရဲ့ပြောပြချက်အရ ကလေးငယ်ဟာ မျက်မမြင်မိဘနှစ်ပါးကို လမ်းပြပေးနေခဲ့တဲ့ မျက်စိတစ်စုံဖြစ်နေပေးခဲ့တာပါ ။ ‘ မိဘတွေက သူ့ရဲ့လက်နှစ်ဖက်လုံးကိုချည်ထားပေမဲ့ ကလေးငယ်က ပြုံးပျော်နေဆဲပါပဲ ၊ ကလေးငယ်ကို ဘုရားသခင်က ကောင်းချီးပေးဖို့မျှော်လင့်ပါတယ် ‘ ဆိုပြီး မျက်မြင်သက်သေတွေက ပြောပြခဲ့ပါတယ် ။ကလေးငယ်က အရမ်းငယ်နေသေးတော့ မိဘတွေကို ကူညီပေးနေမှန်း ကိုယ့်ကိုယ်ကိုတောင် သိပုံမရပါဘူး ။သူတို့ရဲ့မိသားစုလေးက တွေ့မြင်နေရတဲ့သူတွေကို တကယ့်ကို ရင်ထဲထိရှစေတဲ့ ခံစားမျိုးဖြစ်စေခဲ့ပါတယ် ။

Mia (Mckzone Daily)
Source : worldofbuzz