ဦးခေါင်းအဆမတန်ကြီးလာသည့် ကလေးငယ်အားဆေးကုသရန် အကူအညီလိုအပ်နေ

Posted on

ဦးခေါင်းအဆမတန်ကြီးလာသည့် ကလေးငယ်အား ဆေးကုသရန် အကူအညီလိုအပ်နေ

မွေးဖွားပြီး လေးလအ ကြာတွင် ဦးခေါင်းအဆမတန် တဖြည်းဖြည်း ကြီးလာနေသည့် ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ ကလေးငယ်အား ဆေးကုသပေး ရန် အကူအညီလိုအပ်လျက်ရှိ သည်။

ကရင်ပြည်နယ် လှိုင်းဘွဲမြို့ နယ် မြလေးကျေးရွာအုပ်စု အ လန်းကြီးကျေးရွာရှိ ဦးခေါင်းပိုင်း ရောဂါခံစားနေရသည့် (၁၀) လ သားအရွယ် ကလေးငယ်သည် မွေးဖွားပြီး လေးလအကြာတွင် ဦးခေါင်းမှာ တဖြည်းဖြည်း အဆ မတန်ကြီးမားလာသည့်ပြဿနာ နှင့် ကြုံတွေ့နေရခြင်းဖြစ်သည်။

ထိုသို့သော အခြေအနေ ကြောင့် ကလေးငယ်၏ မိဘနှစ်ဦး စလုံးမှာ ကလေးငယ်အား ဆေး ကုသပေးနိုင်ရန် ကိုဗစ်ကာလအ တွင်းမှာပင် ထိုင်းနိုင်ငံသို့ စွန့်စား သွားရောက်ကာ ငွေရှာခဲ့သော် လည်း အဆင်မပြေသဖြင့် ကလေးကို ဆေးကုသမှုမပေးနိုင် သေးကြောင်း ဒီဇင်ဘာ ၂၂ ရက် တွင် ကလေးငယ်အား အ ထောက်အပံ့အချို့ သွားရောက် ကူညီခဲ့သည့် လှိုင်းဘွဲမြို့နယ်နေ ဒေါ်ခင်စန်းမြင့်က ပြောသည်။

အဆိုပါကလေးငယ်သည် လက်ရှိတွင် အဘိုး၊ အဘွားနှင့်အ တူ နေထိုင်လျက်ရှိပြီး ကလေး ငယ်၏ ဦးခေါင်းပြဿနာကို ရန် ကုန်သို့ သွားရောက်ပြသရမည် ဖြစ်ကာ လက်ရှိ ကိုဗစ်ကပ်ရော ဂါကာလတွင် သွားရောက်ပြသ ရန် အဆင်မပြေသေးသည့်အပြင် ငွေရေးကြေးရေး အခက်အခဲ ကြောင့် မသွားရောက်နိုင်သေး ခြင်းဖြစ်သည်ဟု ဒေါ်ခင်စန်းမြင့် ကပြောသည်။

‘‘ကလေးအကြောဆို ခေါင်း ကပေါက်ထွက်တော့မယ့်အတိုင်း ပဲ။ အကြောကြီးကြီးတွေ။ ပျော့ ပျော့အိအိကလေးပဲ ခေါင်းက။ ကလေးကျန်းမာရေးက ခေါင်း ကြီးသွားတာပဲရှိတယ်။ ကလေး က သူ့ဘာသာသူပုံမှန်ထမင်းစားလို့ရှိရင် ထမင်းဘူးက ထမင်းကို တစ်ပန်းကန်လုံး အပြည့်စား တယ်။ စားတာ၊ နို့ဘူးတိုက်တာ တွေ၊ အပေ့ါအလေးသွားတာ အားလုံးက နဂိုပုံမှန်အတိုင်းပဲ’’ ဟု ကလေးငယ် မိသားစုဝင်များ နှင့် သွားရောက်တွေ့ဆုံခဲ့သည့် ၎င်းကပြောသည်။

ကလေးငယ်အတွက် အကူ အညီပေးလိုသူများအနေဖြင့် လှိုင်းဘွဲမြို့နယ်နေ ပြန်ဆက်ဦး စီးမှူး ဒေါ်ခင်စန်းမြင့် ဖုန်း ၀၉-၆၆၁၁၃၇၂၀၀ သို့ ဆက်သွယ်ပြီး အကူအညီပေးနိုင်သည်။

7days News