ကျူးမြေမှာခက်ခက်ခဲခဲ မလုံမခြုံနေထိုင်နေရတဲ့ ခိုကိုးရာမဲ့ အသက် (၈၂) အရွယ်အဘွားကို အိမ်လေးတစ်လုံးဆောက်ပေးခဲ့တဲ့ ခင်ဝင့်ဝါ

Posted on

ကျူးမြေမှာခက်ခက်ခဲခဲ မလုံမခြုံ နေထိုင်နေရတဲ့ ခိုကိုးရာမဲ့ အသက် (၈၂) အရွယ်အဘွားကို အိမ်လေးတစ်လုံးဆောက်ပေးခဲ့တဲ့ ခင်ဝင့်ဝါပရိသတ်တွေရဲ့ အချစ်တော်လေး ခင်ဝင့်ဝါကတော့ ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို သိမ်းပိုက်ထားသူလေးပဲ ဖြစ်ပါတယ်။ရိုးရိုးယဉ်ယဉ်လေးနဲ့လှတဲ့သူမကတော့ အနေအေးပြီးအနုပညာလောကမှာ ပရိသတ်အခိုင်မာရကာ အောင်မြင်မှုကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ ကလေးတစ်ယောက်လိုအမူအရာလေးတွေနဲ့အမြဲ ညို့ယူဖမ်းစားနိုင်သူလေးလည်းဖြစ်ပါတယ်။ သူမရဲ့ရိုးသားဖြူစင်ပြီးမာနကင်းတဲ့စိတ်ဓာတ်လေးတွေကြောင့် ပရိသတ်တွေရဲ့ရင်ထဲရောက်ပြီးအချစ်တွေပိုစေတာဖြစ်ပါတယ်။ ကိုရီးယားမင်းသမီးလေးလား ထင်မှားရလောက်အောင် ချစ်စရာမျက်နှာလေးကို ပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။သူမဟာ မိန်းကလေးပရိသတ်တင်မကပဲ ယောကျာ်းလေးတွေရဲ့ အားပေးမှုကို အခိုင်မာရထားတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။အလုပ်တွေကြိုးစားသလို အလှုအတန်းတွေဆိုရင်လည်း တတ်နိုင်သလောက်ပါဝင်လှူဒါန်းတတ်သူလေးဖြစ်ရာ အခုလည်း ကျူးမြေမှာခက်ခက်ခဲခဲ မလုံမခြုံ နေထိုင်နေရတဲ့ ခိုကိုးရာမဲ့ အသက် (၈၂) အရွယ်အဘွားကို အိမ်လေးတစ်လုံးဆောက်ပေးခဲ့ကြောင်းဖော်ပြထားတာတွေ့ရပါတယ် ။တကယ်ကိုလေးစားအားကျစရာကောင်းပြီးကြည်နူးပီတိဖြစ်မိတာကြောင့် ပရိသတ်ကြီးလည်း ခေးရဲ့ အလှူလေးကို သာဓုခေါ်နိုင်စေရန် မျှဝေပေးလိုက်ပါရစေ ။