ဆွဲကြိုး ကောက်ရတာတောင် မယူဘဲ ပိုင်ရှင်ထံ ကို ပြန်ပေး ခဲ့တဲ့ ရိုးသား ဖြူစင်တဲ့ ဇနီးမောင်နှံ

Posted on

ဆွဲကြိုး ကောက်ရတာတောင် မယူဘဲ ပိုင်ရှင်ထံ ကို ပြန်ပေး ခဲ့တဲ့ ရိုးသား ဖြူစင်တဲ့ ဇနီးမောင်နှံ

ဒုတိယဝါဆိုလပြည့်နေ့မှာ ရိုးသားပြီး စိတ်ထား ဖြူစင်သူ ဇနီးမောင်နှံကို တွေ့ရှိခဲ့ပါပြီ။ ဖြူစင်သော စိတ်ထားလေးကိုလည်း မြင်တွေ့ရပါတယ်။ လေးစားစရာကောင်းပါတယ်။ဝမ်းတွင်းမြို့နယ် ညောင်အုပ်ဖီးအုပ်စု ရိုးရွာ ကျေးရွာတွင် နေထိုင်သော ကိုစိုးမိုးကျော်+မငြိမ်းငြိမ်း တို့သည် နံနက် (၉:၀၀)နာရီ အချိန်ခန့်တွင်ကျေးရွာအတွင်း မိန်းလမ်းမပေါ်မှ ရွှေဆွဲကြိုး တွေ့ရှိခဲ့ပါတယ်။

ပြီးတော့ ပိုင်ရှင်ဖြစ်သူအားပြန်ပေးရန် ဆန္ဒရှိသဖြင့် ရပ်ရွာလူကြီး ထံသို့သွားကာ ဆွဲကြိုးအား အပ်နှင်းခဲ့ပါတယ်။ ရပ်ရွာလူကြီးမှတစ်ဆင့် စုံစမ်းစစ်ဆေးရာ ပိုင်ရှင်မှာ တစ်ရွာထဲနေသူ ဦးညွန့်ဝင်း+ဒေါ်သန်းခိုင်တို့ ဖြစ်နေသည်။ထို့နောက်ကောက်ရသော ဆွဲကြိုးကို ပိုင်ရှင် ထံသို့ ပြန်ပေးခဲ့ပါတယ်။ ပိုင်ရှင်များထံမှ မည်သည့်တောင်ဆိုမှုတစ်ခုမှ မပြုလုပ်ပဲ စိတ်ရင်းမှန်ဖြင့် ပြန်လည်ပေးခဲ့ပါတယ်။

အလွန်လေးစားစရာ စိတ်ဓာတ်လေးပါ။ အတု ယူဖွယ်လည်း ကောင်းလွန်းပါတယ်ဗျ။ ယနေ့ခေတ်မှာ အဲ့လို စိတ်ဓာတ်ဖြူစင်တဲ့လူက တော်တော်ကို ရှားသွားပြီ။ မရှိသလောက်ပါဘဲ။ဆွဲကြိုးပိုင်ရှင်လည်း အလွန် ကံကောင်းလှပါတယ်။ သူတို့လို စိတ်ထားဖြူစင်တဲ့ လင်မယားနဲ့တွေ့တာ။ လူတိုင်းအဲ့လိုဖြူစင်တဲ့ စိတ်လေးထားကျပါလို့ တိုက်တွန်းအပ်ပါတယ်ဗျ။ သူတို့ရဲ့ ရိုးသားမှုကို ဂုဏ်ပြုလိုက်ပါတယ်။

#အာဂ