ကိုယ်ပိုင်အိမ် မရှိသေးတဲ့ ကျောင်းဆရာမိသားစုလေးအတွက် နှစ်ထပ်ပျဉ်ထောင်အိမ်ဆောက်ပြီး လက်ဆောင်ပေး လိုက်တဲ့ ရွာလေး

Posted on

ကိုယ်ပိုင်အိမ် မရှိသေးတဲ့ ကျောင်းဆရာမိသားစုလေးအတွက် နှစ်ထပ်ပျဉ်ထောင်အိမ်ဆောက်ပြီး လက်ဆောင်ပေး လိုက်တဲ့ ရွာလေးကျနော် တို့ မိသားစု မှာကိုယ်ပိုင်အိမ် မရှိသေးတာ ကို သိတဲ့ ရေဦးမြို့နယ် အင်းကြီးကျေးရွာက ကျောင်းသားမိဘတွေ ကဒီအိမ်ကို လက်ဆောင်ပေးခဲ့တာပါကျနော့်တို့ မိသားစု အတွက်ဆိုရင်အိမ်သေးသေးလေး တစ်လုံးရှိရင်ပဲ ရပြီဆိုတာကိုပေးမယ့်ပေး နှစ်ထပ်အိမ်အကြီးပဲ ပေးမှာပေါ့ ဆရာရယ်ဆိုပြီး အားတက်သရောပံ့ပိုးကြတာ ဒီလို ဖြစ်လာရောဗျကိုယ့်လစာ နဲ့ ဆို ဒီလိုအိမ်မျိုးဆောက်ပြီးနေနိုင်ဖို့ လုံဝ မဖြစ်နိုင်ပါဘူ၂၀၁၅ ကနေ ၂၀၁၈ အထိကျနော်တာဝန်ထမ်းဆောင်ခဲ့တဲ့ရေဦးမြို့နယ် အင်းကြီးကျေးရွာ ကကျောင်းသားမိဘတွေ စုပြီး ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြလို့ဒီလိုအိမ်မျိုးမှာနေခွင့်ရတာပါအိမ်ေ ဆာက်တာနဲ့ပတ်သတ်လို့ ဘာဆိုဘာမှမသိတဲ့ ကျနော့်ကို အစစအရာရာအသေးစိတ် အစအဆုံးကူညီပေးခဲ့သူကတော့ အင်းကြီး က ဦးမြင့်ဝေ ပေါ့ခက်တာက အိမ်အဆောင်အတွက်သစ်သားရှိပါရဲ့ လက်သမားခနဲ့ ပစ္စည်းဖိုးမတတ်နိုင်လို့ မှိုင်နေရချိန်အင်းကြီးကကိုဇော်မျိုးဝင်း တို့ လက်သမားအဖွဲ့ ကစေတနာအပြည့်နဲ့ အိမ်တစ်ဆောင် ခြင်းကြားမတ်မိုးပြီးတဲ့ အထိ မေတ္တာနဲ့ ကူညီပေးခဲ့ပြန်ပါတယ်ဦးမြဟန် ကုန်မာဆိုင်(ရေဦး) က လည်းလကုန်တိုင်း နည်းနည်းချင်းဖဲ့ဆပ်ဆိုပြီး အိမ်ဆောက်ပစ္စည်းတွေ ထုတ်ပေးခဲ့ပါတယ်

နောက်ထပ် နောက်ထပ် လိုအပ်တာတွေ ကိုတော့ အဖေ့ညီ ဦးမျိုးရယ်၊ မမအီသေး ရယ်မသူဇာရဲ့ အစ်ကို နဲ့ အဒေါ်ရယ်အစ်ကိုတစ်ယောက်လို အားကိုးရတဲ့ မိတ်ဆွေတစ်ဦးရယ် က ပြေလည်မှ ဖြည်းဖြည်းပြန်ဆပ်ဆိုပြီး အတိုးလုံးဝမယူဘဲ ငွေထုတ်ပေးခဲ့တာရယ်ဘဏ်ချေးငွေအချို့ရယ် နဲ့ အိမ်အပေါ်ထပ်ကိုပြီးအောင်ဆောက်လိုက်ပါတယ်ရေတွင်းလေး ကို လည်း ဦးလေးတင်မောင်ဝင်း ကအခမဲ့ တူးပေးသေးတာအိမ်အောက်ထပ် နဲ့ မီးဖိုဆောင်လေးကိုတော့ဇိန့်ဇွန်း နဲ့ ပေါက်သာရွာ က ကျောင်းသားမိဘတွေက ဒီရက်ပိုင်းမှာပဲ စေတနာအပြည့်နဲ့ လုပ်အားပေးဝိုင်းကူ အပြီးသတ် ဆောက်ပေးပြန်ပါတယ်

အိမ်ပြောင်းဖို့ ပရိဘောဂတွေ အထုတ်အပိုးတွေ သယ်ဖို့ကို ဆရာကြီးဦးဝင်းမြင့် (ကံ့ကော်) ကLight Truck ကူညီပေးသူငယ်ချင်းတွေ က ဝိုင်းဝန်းသယ်ပေး နဲ့အဆင်ပြေခဲ့ပါတယ်၂၀၁၈ ဧပြီလ ကနေ စတင်ရုန်းကန်လိုက်တာ၂၀၂၀ မှာတော့ အရပ်ကူပါ လူဝိုင်းပါနဲ့ကျနော် တို့ မိသားစုအိမ်တစ်ဆောင်ပိုင်ဆိုင်ခဲ့ပါပြီဒီကျေးဇူးတွေ ဘယ်တော့မှ မမေ့ပါဘူးဗျာ

Ñâý Tøē