မသန်းစွမ်းဘဝမှာ ကျနော်ကြိုးစားကျော်ဖြတ်ရုံးကန်နေပါ့မယ် ဆိုတဲ့ ကိုနိုင်

Posted on

မသန်းစွမ်းဘဝမှာ ကျနော် ကြိုးစားကျော်ဖြတ်ရုံးကန်နေပါ့မယ် ဆိုတဲ့ ကိုနိုင်ကိုနိုင်(မဟာမြေ) ရဲ့ ပထမခြေလှမ်းအမှောင်ကမ္ဘာထဲကလမ်းပြကြယ်

တေးရေး…….မင်းဂျွန်စိုး

တေးဆို………ကိုနိုင်(မဟာမြေ)

ဒါရိုက်တာ….စိုးကျော်ကျော်မေတ္တာ ဖြင့်ဝိုင်းဝန်းကူညီပေးကြသော အနုပညာရှင် အပေါင်းအားကျေးဇူးအထူးတင်ရပါတယ်ခင်ဗျ……နိုင်ငံကျော် တေးရေးဆရာမင်းဂျွန်စိုး ရဲ့ ဖေးမကူညီမှုဖြင့်

ပရိတ်သတ် ရင်ထဲ အရောက်ပို့ပေးမည့် သီချင်းနှစ်ပုဒ်ကို ဆရာ့ဆီပို့ပေးပြီးပါပြီ……

ကျေးဇူးအထူးတင်ရပါတယ်ဆရာ…..

“ကျနော်ကိုယ်တိုင် ဘယ်တုန်းကမှ မမှန်းခဲ့ဘူးတဲ့အိပ်မက်ပါဆရာရယ်……..စာသားတွေကလည်း မရင်းနှီးတော့ကျနော် ၁၅ရက်လောက်ကျက်ရမယ်လို့…..ကျနော်ထင်ခဲ့တာဆရာရဲ့….

ထူးခြားတာက….အဲဒီသီချင်းတွေကို တစ်ရက် တစ်ပုဒ်နဲ့ ချက်ချင်းရခဲ့တာ……ဆရာ ဦးမင်းဂျွန်စိုးရဲ့ စေတနာပဲဖြစ်မှာ ဆရာ…….ကျနော်ဆရာ့ကို…. ညတိုင်းကန်တော့ပြီးအိပ်တယ်ဆရာ…..ကိုဟန်ဆက်အောင်နဲ့ ကိုကောင်းထက်ရယ်….မမပိုရယ်…..ကိုဝင်းဇော် (MDY)တို့ကို စိတ်ထဲကမှန်း ညတိုင်း ကန်တော့တယ်ဆရာ…..”တဲ့ကိုနိုင့်ရဲ့ ရင်တွင်း…..စကားလေးပါ

“ကျနော်အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေဆရာ မင်းဂျွန်စိုး ရဲ့ သီချင်းဆိုခွင့်ရတာကို ကျနော်ဝမ်းလည်းသာတယ် ပြောလည်းမပြောတတ်ဘူး….ဆရာ့ကို ကျေးဇူးတင်တာပဲသိတယ်…..ဒီထက်ပြောရမည့်စကားရှိရင်လည်း…ကျနော် ဆရာကြားအောင်ပြောပြချင်ပါတယ်ဆရာ” လို့ ပြောတဲ့ ကိုနိုင်ရဲ့ ရင်တွင်းစကားလေးကိုမျှဝေပေးလိုက်ပါတယ်……..

ဆရာ မင်းဂျွန်စိုး ကိုလည်း အထူးကျေးဇူးတင်ရပါတယ်။

ကိုနိုင်(မဟာမြေ)