အဆိုတော်အောင်ရင် ကိုဗစ်ရောဂါဒုတိယအကြိမ် ကူးစက်ခံရ

Posted on

အဆိုတော်အောင်ရင် ကိုဗစ်ရောဂါ ဒုတိယအကြိမ် ကူးစက်ခံရ

ဂီတလောကမှာအောင်မြင်ခဲ့တဲ့ ဝါရင့်အဆိုတော်အောင်ရင်ကတော့ တစ်ကိုယ်တော်အခွေတွေ အများကြီးထွက်ဖူးခဲ့သလို သူရဲ့ကိုယ်ပိုင်သီချင်းတစ်ပုဒ်တိုင်းကလည်း ပရိသတ်လက်ခံအားပေးခဲ့တာဘဲဖြစ်ပါတယ်။

လက်ရှိမှာတော့အမေဏိကမှာအခြေချနေထိုင်နေတာလည်းဖြစ်ပါတယ်။သူရဲ့အနုပညာမျိုးဆက်ဖြစ်တဲ့မိုးအောင်ရင်ကတော့သရုပ်ဆောင်ပိုင်းမှာထူးချွန်တဲ့သူတယောက်ပါ။အဆိုတော်အောင်ရင်ကတော့ဒုတိယအကြိမ်ကိုဗစ်ဖြစ်နေတယ်လို့သိရပါတယ်။ ဒီတစ်ခါမှာတော့သူ့ရဲ့ဇနီးလည်းကူးစက်ခံလိုက်ရပါပြီတဲ့။

အခုချိန်မှာတော့ ဇနီးမောင်နှံနှစ်ယောက်စလုံးဟာအင်္ဂလန်နိုင်ငံမှာ နေထိုင်ရင်းကွာရန်တင်းဝင်နော(၂)ပတ်ကြာပြီလို့သိရပါတယ်။လက်ရှိကျန်းမာရေးအခြေအနေကိုလည်း အောင်ရင်ကအခုလိုပြောပြထားပါတယ်။

Covid positive ဖြစ်ပြီး၂ပါတ်အကြာမှာကျွန်တော်နဲ့ဒေါ်မိုးလည်းကံကောင်းထောက်မစွာဆေးရုံမရောက်အသက်မပျောက်ပဲပြန်သက်သာလာပါတယ်ခင်ဗျာ။အိုခြင်း၊ နာခြင်း၊သေခြင်း၊တရားများရဲ့နီးကပ်မှုကိုပိုမြင်လာရပါတယ်။Covidဖြစ်တဲ့တောက်လျှောက်မှာစိတ်ဓါတ်ကိုခိုင်မာအောင်အားတင်းထားပါတယ်၊

ဒီလိုနေမကောင်းတဲ့အတောအတွင်းမှာစိတ်ခွန်အားဖြစ်စေအောင်ဆေးတွေစားစရာတွေမေတ္တာများစွာနဲ့လိုလေသေးမရှိချက်ပြုတ်ဝယ်ခြမ်းပြီး အိမ်တိုင်ရာရောက်လာပို့ပေးကြတဲ့ဘိလပ်ကမိတ်ဆွေသူငယ်ချင်းတွေအားလုံးကိုတကယ်အသိအမှတ်ပြုပြီးကျေးဇူးတင်နေရပါတယ်ဆိုပြီးဒီဇင်ဘာလ(၂၈)ရက်နေ့မနက်၈နာရီကျော်ကသူ့ရဲ့ဖေ့စ်ဘွတ်မှာရေးသားခဲ့ပါတယ်။

အောင်ရင်ကတော့အပြင်းဖျားခြင်း၊ချောင်းဆိုး၊ ရင်ဘတ်အောင့်၊ခေါင်းမူး၊အားနည်းခြင်းနဲ့ မောပန်းတဲ့လက္ခဏာတွေကြုံခဲ့ရတာကြောင့်ကိုဗစ်ရောဂါကိုရှိမရှိကိုဒီဇင်ဘာလ(၁၅)ရက်နေ့ကဆေးစစ်ခဲ့ပြီးဇနီးဖြစ်သူကတော့ဒီဇင်ဘာလ(၁၇)ရက်နေ့မှာဆေးစစ်ချက်ယူခဲ့တယ်လို့သိရပါတယ်။

ဇနီးမောင်နှံနှစ်ယောက်စလုံးရဲ့ဆေးစစ်ချက်အဖြေကတော့စိတ်မကောင်းစွာနဲ့ Covid Positive အဖြေထွက်လာခဲ့တာလို့အောင်ရင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့တာပါ။အောင်ရင်ဟာ၂၀၂၀ခုနှစ်မတ်လ (၂၃)ရက်နေ့တုန်းကလည်းပထမဆုံးအကြိမ်ကိုဗစ်ကူးစက်ခံထားရဖူးသူဖြစ်ပါတယ်။အဲဒီအချိန်တုန်းကတော့သူတစ်ယောက်တည်းCovid Positive ဖြစ်ပြီး(၁၄)ရက်အကြာကွာရန်တင်းဝင်ခဲ့ရတယ်လို့သိရပါတယ်။

Credit to Original