ရောဂါသည် သမီးလေးကိုသေဆုံးခြင်းနဲ့ ရင်းနီးစေဖို့ ကိုယ်တိုင်ကျင်းတူးပေးထားတဲ့ ဖခင်

Posted on

ရောဂါသည် သမီးလေးကို သေဆုံးခြင်းနဲ့ ရင်းနီးစေဖို့ ကိုယ်တိုင် ကျင်းတူးပေးထားတဲ့ ဖခင်အသက် ၂ နှစ်အရွယ်သာရှိသေးသော သမီးလေး Zhang Xinlei ကတော့ မွေးရာပါ သာလာဆီမီယားရောဂါကို ခံစားနေရတာပါ။ သူမခံစားနေရသော သာလာစီမီးယာရောဂါက သွေးနဲ့ပတ်သက်တဲ့ရောဂါပြီး၊ Stage အမျိုးမျိုးပေါ်မူတည်ပြီးတော့ကုသရ ခက်ခဲပါတယ်တဲ့။ Zhang ခံစားနေရတဲ့ ရောဂါဟာ နောက်ဆုံးအဆင့်ဖြစ်တာကြောင့် မကြာမီမှာ သေဆုံးရဖို့ ရှိနေတာပါ။Zhang တို့ မိသားစုက တရုတ်နိုင်ငံ စီချွမ်ပြည်နယ်၊ Neijiang မှာ နေထိုင်ကြတာပါ။သူမရဲ့ဖခင် Zhang Liyong ဟာ လယ်သမားတစ်ယောက် ဖြစ်ပြီးတော့ သေအံ့ဆဲဆဲ သမီးလေးအတွက် သေမင်းနဲ့ရင်းနီးနေအောင် သုဿန်ကျဉ်းကစားကွင်းကို ဖန်တီးပေးထားတာပါတဲ့။သားအဖနှစ်ယောက်စလုံးဟာ နေ့စဉ်နဲ့အမျှအဆိုပါကျဉ်းထဲကို ဝင်ရောက်ကစားကြပါတယ်တဲ့။ ဖခင် Liyong ရဲ့ ရည်ရွယ်ချက်ဟာ သမီးလေးကို အနာဂတ်မှာ လဲလျှောင်းခိုအောင်းရမယ့် အိမ်ကလေးနဲ့ ရင်းနီးနေစေဖို့ ရည်ရွယ်တာလို့ သိရပါတယ်နော်။Zhang က နှစ်လ သမီးအရွယ်မှာ

သာလာဆီးမီးယားရောဂါ ခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့တာပါနော်။သမီးရဲ့ရောဂါကို ကုသဖို့အတွက် တရုတ်ယွမ်ငွေ 1 သန်း ( ပေါင် 11490) ကို အသုံးပြုခဲ့ပေမယ့်လည်း ရောဂါအခြေအနေဟာ တိုးတက်မှု မရှိပါဘူးတဲ့။

ကလေးက ကိုယ်ခံစွမ်းအား တဖြည်းဖြည်း ကျဆင်းလာပြီးတော့ သေရမယ့်ဘက်ကို ပိုလို့ နီးကပ်လာပါတယ်တဲ့။ လယ်သမားတွေဖြစ်တဲ့ အတွက်လည်းဘဲ ရှိသမျှ အသပြာကုန်လုခမန်းဖြစ်နေပါပြီတဲ့။သာလာဆီမီးယားရောဂါဟာ သွေးကင်ဆာကဲ့သို့ သွေးခဏခဏ သွင်းပေးရတဲ့ ရောဂါဖြစ်ပါတယ်တဲ့။ ကုသဖို့ အလွန်ခက်ခဲပြီးတော့ မိုင်နာအဆင့်မှာတောင်

သောက်ရတဲ့ဆေးနဲ့၊ တက်ရတဲ့ဆေးရုံပမာဏက ကြောက်ခမန်းလိလိပါဘဲနော်။ ငွေကုန်ကြေးကျလည်း အလွန်များပြီးတော့ အသက်အရွယ် မရွေးဖြစ်နိုင်တဲ့ ရောဂါပါနော်။

credit