ထိုင်းနိုင်ငံမှ စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးက မြန်မာလုပ်သားများ အစားအသောက် အခက်အခဲ ဖြစ်ပါက အခမဲ့ လာယူနိုင်ကြောင်း ဖိတ်ခေါ်

Posted on

ထိုင်းနိုင်ငံ မှ စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးက မြန်မာလုပ်သားများ အစားအသောက် အခက်အခဲ ဖြစ်ပါက အခမဲ့ လာယူနိုင်ကြောင်း ဖိတ်ခေါ်

 

 

ထိုင်းနိုင်ငံ မှ စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးက မြန်မာလုပ်သားများ အစားအသောက် အခက်အခဲ ဖြစ်ပါက အခမဲ့ လာယူနိုင်ကြောင်း ဖိတ်ခေါ်

 

 

ထိုင်းနိုင်ငံ မှ စားသောက်ဆိုင် ပိုင်ရှင်တစ်ဦးက မြန်မာလုပ်သားများ အစားအသောက် အခက်အခဲ ဖြစ်ပါက အခမဲ့ လာယူနိုင်ကြောင်း မြန်မာ – ထိုင်း ဘာသာနှစ်မျိုးဖြင့် ရေးသားကာ ဖိတ်ခေါ်ထားကြောင်း အဆိုပါ နိုင်ငံ အခြေစိုက် ဘန်ကောက်ပို့စ် သတင်းဌာန ၏ သတင်းတွင် ရေးသားထားသည်။

 

 

 

အခြား စားသောက်ဆိုင်များက ရွေ့ပြောင်းလုပ်သားများ နှင့် ၎င်းတို့ ပေးသည့် ငွေကိုပင် ငြင်းဆန်နေချိန်တွင် အဆိုပါ ဆိုင် က ရွေ့ပြောင်း လုပ်သမားများ အထူးသဖြင့် မြန်မာနိုင်ငံသားများကို အစားအစာ အခမဲ့ ပေးရန် အတွက် ကမ်းလှမ်းလိုက်ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ထည့်သွင်းရေးသားထားသည်။

 

 

 

ထိုသို့ ကမ်းလှမ်းသည့် ဆိုင်မှာ Nakhon Sawan ခရိုင်ရှိ Uthayan Sawan ပန်းခြံ အနီးရှိ Apichai Chalanan ဆိုသူ ပိုင်ဆိုင်သော Bon Bon Nakhon Sawan အမည် ရှိ ဆိုင်ဖြစ်ကာ မြန်မာ ဘာသာဖြင့် “မြန်မာ အလုပ်သမားများ အစားအစာ အခက်အခဲ ဖြစ်ပါက Bon Bon ဆိုင်သို့ လာယူနိုင်ပါသည်။ အခမဲ့ ပေးသည်” ဟု ရေးသားထားခြင်း ဖြစ်သည်။

 

 

 

COVID 19 ထိုင်းနိုင်ငံတွင် အစုလိုက်ထပ်မံ ဖြစ်ပွားမှု အပြီးတွင် အဆိုပါနိုင်ငံ ရှိ မြန်မာရွေ့ပြောင်းအလုပ်သမားများကို ဗိုင်းရပ်စ် သယ်ဆောင်သူများ အဖြစ် ကြောက်ရွံသူများက ရှောင်ဖယ်ခဲ့ကြကြောင်းလည်း ကို အဆိုပါ ဆိုင်ပိုင်ရှင်က ပြောကာ အစားစာ ဝယ်ရန် ကြိုးပမ်းသော်လည်း ငြင်းပယ်ခံခဲ့ကြရကြောင်း အဆိုပါ သတင်းအရ သိရသည်။

 

 

 

ရွေ့ပြောင်း အလုပ်သမားများ ၏ အခက်အခဲ ကို စာနာသော အားဖြင့် ထိုသို့ ပြုလုပ်ရန် အတွက် ဆိုင်ပိုင်ရှင်က ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း အဆိုပါ သတင်းတွင် ရေးသားထားည်။

 

 

 

ထို့အပြင် မြန်မာသာမက ရွေ့ပြောင်းအလုပ်သမားများ အခြားစားသောက်ဆိုင်များမှ ဝယ်မရပါက ၎င်းဆိုင်မှ အခမဲ့ ရယူနိုင်ကာ ညနေပိုင်း ၅ နာရီမှ ညဉ့်နက်ပိုင်း အထိ ဖွင့်သောကြောင့် အခက်အခဲ့ကြုံရသည့် ရွေ့ပြောင်း အလုပ်သမားအနေဖြင့် ဆိုင်တွင် အစားအစာ ဘူးတစ်ဘူး ကို အခမဲ့ ရယူနိုင်ကြောင်း လည်း ၎င်းက ဆိုသည်။

 

 

 

ထိုသို့ အခမဲ့ ရယူနိုင်ကြောင်း အသိပေးချက်ကိုလည်း COVID အခြေအနေ ကောင်းမွန်သည့် တိုင် ဆက်လက် ထားရှိသွားမည် ဖြစ်ကြောင်းလည်း အဆိုပါ သတင်းအရ သိရသည်။

 

 

 

ဓာတ်ပုံ – Chalit Poomruang