Q စင်တာအတွင်း ဖောင်းဒိုင်းလုပ်ခဲ့တဲ့ ကိုဗစ်လူနာနဲ့ သူနာပြုတို့ကို ထောင်၁၀ နှစ်စီ ချမည်

Posted on

Q စင်တာအတွင်း ဖောင်းဒိုင်းလုပ်ခဲ့တဲ့ ကိုဗစ်လူနာနဲ့ သူနာပြုတို့ကို ထောင် ၁၀ နှစ်စီ ချမည်အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိဝိစမာအာ့တလက်အားကစားကျေးရွာကွာရန်တင်းစင်တာတွင် ကိုဗစ် လူနာတစ်ဦးနှင့် သူနာပြုတစ်ဦးတို့ ဖောင်းဒိုင်းလုပ်ခဲ့ကြသည်ဟူသော စွပ်စွဲချက်များကို ဂျကာတာမြို့ အာဏာပိုင်တို့က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိပါတယ်။

လူနာကိုယ်တိုင်က အဆိုပါဖြစ်ရပ်ကို လူမှုကွန်ရက်တွင် ပို့စ်တင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဝိစမာအာ့တလက် (သို့မဟုတ်) ကမာယိုရန် (Kemayoran) အားကစားကျေးရွားသည် ဂျကာတာမြို့လယ်တွင် တည်ရှိပြီး ၂၀၁၈ ခုနှစ်၊ အာဆီယံအားကစားပွဲတော်အတွက် တည်ဆောက်ထားခဲ့ခြင်းဖြစ်ကာ ယခုအခါ ကွာရန်တင်းစင်တာအဖြစ် ပြောင်းလဲထားခြင်းလည်း ဖြစ်ပါတယ်။ပြီးခဲ့သောသောကြာနေ့က ကမာယိုရန် ကွာရန်တင်းစင်တာမှ ကိုဗစ်လူနာတစ်ဦးသည် သူနာပြုနှင့် ဝပ်အက်မှတဆင့် စကားပြောခဲ့ကြပုံများကို ss ရယူကာ တွစ်တာလူမှုကွန်ရက်တွင် တင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ပြောကြားထားသော စကားများအရ ရေချိုးခန်းထဲတွင် ဖောင်းဒိုင်းခဲ့ကြသည်ကို ဖော်ပြနေပါတယ်

အဆိုပါလူနာက သူနာပြု၏ PPE ဝတ်စုံကိုဓာတ်ပုံရိုက်ကာ တင်ခဲ့ပါတယ်။ သူနာပြုသည် လူနာနှင့် ဖောင်းဒိုင်းချိန်တွင် PPE ဝတ်စုံကို ချွတ်ထားခဲ့တယ်လို့ ယူဆရပါတယ်။

တွစ်တာတွင် အဆိုပါပို့စ်သည် လျင်မြန်စွာပျံ့နှံ့သွားပြီး ပြည်သူတို့အကြား အမျက်ထွက်မှုများ ပေါ်ပေါက်ကာ အဆိုပါ စုံတွဲကိုအရေးယူပေးရန် အာဏာပိုင်တို့အား တောင်းဆိုမှုများ ပြုလုပ်လာကြပါတယ်။

ရဲတပ်ဖွဲ့က ၎င်းတို့ကိုစစ်မေးပြီးနောက်ပိုင်း သူနာပြုကို ကမာယိုရန် ကွာရန်တင်းစင်တာမှ အလုပ်ဖယ်ရှားခဲ့တယ်လို့ သိရပါတယ်။ ကွာရန်တင်းစင်တာအတွင်းတွင် ဖောင်းဒိုင်းခဲ့ကြကြောင်း သူနာပြုနှင့် လူနာတို့နှစ်ဦးလုံးက ဝန်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။ ၎င်းတို့ နှစ်ဦးကို Covid-19 စစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။“သူနာပြုက နက်ဂတစ်ရလဒ်ထွက်ပြီး လူနာကတော့ ပေါ့စတစ်အဖြေပဲ ထွက်နေပါတယ်” ဟု ဂျကာတာစစ်ဌာနချုပ် ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဟာဝင် ဘီအက်စ်ကပြောပါတယ်။ လူနာ၏ ရောဂါလက္ခဏာအခြေအနေနှင့် စပ်လျဉ်း၍မူမသိရချေ။

ရဲတပ်ဖွဲ့ကပြောကြားရာတွင် လူနာနှင့် သူနာပြု ၂ ဦးလုံးကို သတင်းအချက်အလက်နှင့် အီလက်ထရောနစ် ဆက်သွယ်ရေးအက်ဥပဒေမှ ညစ်ညမ်းစိတ်ဖြစ်စေရန် ရေးသားတင်ပြမှု တိုက်ဖျက်ရေး ဥပဒေ ချိုးဖောက်မှုဖြင့် တရားစွဲဆိုခြင်းခံရဖွယ်ရှိကြောင်း၊ ၎င်းတို့၏ ဖောင်းဒိုင်းခဲ့ကြမှု အသေးစိတ်ကို အွန်လိုင်းတွင် တင်ခဲ့ခြင်းဖြစ်သောကြောင့် ဖြစ်ကြောင်းပြောကြားပါတယ်။

ပြစ်မှုကျူးလွန်ကြောင်း စစ်ဆေးတွေ့ရှိပါက ၎င်းတို့ ၂ ဦးလုံးမှာ ထောင်ဒဏ် ၁၀ နှစ်အထက် ကျခံရဖွယ်ရာရှိနေပါတယ်။