ဗိုက်ထဲမှာ လွယ်ဆောင်ထားရတဲ့ တတိယမြောက်သားလေးကိုဆုံးရှုံးလိုက်ရလို့ စိတ်ထိခိုက်ကြေကွဲစွာနဲ့ ပြောလာတဲ့ မေထွဋ်ခေါင်

Posted on

ဗိုက်ထဲမှာ လွယ်ဆောင်ထားရတဲ့ တတိယမြောက်သားလေးကို ဆုံးရှုံးလိုက်ရလို့ စိတ်ထိခိုက်ကြေကွဲစွာနဲ့ ပြောလာတဲ့ မေထွဋ်ခေါင်တစ်ချိန်က ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေအပြင် ကြော်ငြာတော်တော်များများမှာလည်း နေရာယူခဲ့နိုင်တဲ့ မေထွဋ်ခေါင်ကတော့ အိမ်ထောင်ကျပြီးနောက်ပိုင်း အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးသွားခဲ့တာ ဖြစ်ပါတယ်။ မေထွဋ်ခေါင်ကတော့ သူမရဲ့ခင်ပွန်း ကိုဆီဇာညီညီနဲ့အတူတူ သာယာတဲ့ အိမ်ထောင်ရေးတစ်ခုကို တည်ဆောက်ထားပြီး သားတစ်ယောက်၊ သမီးတစ်ယောက်နဲ့အတူတူ တတိယမြောက်သားလေးရဲ့ ကိုယ်ဝန်ကိုလည်း လွယ်ဆောင်ထားရတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ မေထွဋ်ခေါင်က သူမရဲ့ တတိယမြောက်သားလေးနဲ့ ပက်သတ်ပြီး စိတ်ထိခိုက်ကြေကွဲခြင်းများစွာနဲ့ ပြောလာပါတယ်။မေထွဋ်ခေါင်က ဒီကနေ့မှာတော့ သူမရဲ့ ဗိုက်ထဲမှာ လွယ်ဆောင်ထားတဲ့ တတိယမြောက်သားလေးကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း “ဗိုက်ထဲက သားလေးဆုံးသွားပါပြီ…” ဆိုပြီး စိတ်ထိခိုက်ကြေကွဲခြင်းများစွာနဲ့ အသိပေးလာခဲ့ပါတယ်။ မေထွဋ်ခေါင်က လမစေ့ပဲ ရေမွှာပေါက်သလိုဖြစ်ပြီး ရေတွေသွန်နေလို့ မွေးလို့လည်းမရ၊ အချင်းကလည်း မွေးလမ်းကြောင်းပိတ်နေတော့ ကလေးက ရိုးရိုးလည်းမထွက်နိုင်ဖြစ်နေတာကြောင့် နောက်ဆုံးမှာ ကလေးလေးက ဆုံးပါးသွားခဲ့ရတယ်လို့ သူမရဲ့ အမျိုးသား ကိုဆီဇာညီညီက ခင်မင်ရင်းနှီးသူတွေကို ပြောပြထားပါတယ်။မေထွဋ်ခေါင်ကတော့ မိခင်တစ်ယောက်ပီပီ မျက်နှာတောင်မြင်ခွင့်မရသေးတဲ့ သားလေးကို လက်လွတ်ဆုံးရှုံးလိုက်ရတာ ရူးမတတ်ခံစားနေရမှာ အသေအချာပါပဲ။ ပရိသတ်ကြီးကလည်း မေထွဋ်ခေါင်အတွက် အားပေးစကားလေးတွေ ပြောခဲ့ကြပါဦးနော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

ဆယ်လီကွန်နက်ရှင်