တန်ဖိုးကြီးရတနာတွေ Live လွှင့်ရောင်းနေချိန်မှာ သမီးကြိုက်ရင်ဝယ်ဖို့ပြောတဲ့ ဖခင်ကြောင့် အတိုင်းမသိဝမ်းသာသွားခဲ့တဲ့ နေခြည်ဦးရဲ့ဗီဒီယို

Posted on

တန်ဖိုးကြီးရတနာတွေ Live လွှင့်ရောင်းနေချိန်မှာ သမီးကြိုက်ရင်ဝယ်ဖို့ပြောတဲ့ ဖခင်ကြောင့် အတိုင်းမသိဝမ်းသာသွားခဲ့တဲ့ နေခြည်ဦးရဲ့ ဗီဒီယိုချစ်စရာကောင်းပြီး သွက်သွက်လက်လက်ရှိတဲ့ နေခြည်ဦးကတော့ ချမ်းသာပြည့်စုံတဲ့ မိဘအသိုင်းအဝိုင်းက ဆင်းသက်လာသူဆိုပေမယ့် ကိုယ့်လမ်းကိုဖောက်ပြီး ကိုယ့်ဒူးကိုယ်ချွန် ကြိုးစားနေသူလေးတစ်ယောက် ဖြစ်ပါတယ်။ နေခြည်ဦးကတော့ ဘွဲ့ရပြီးချိန်နောက်ပိုင်းမှာ Beauty Blogger လမ်းကြောင်းပေါ်ကို စတင်ရောက်ရှိလာခဲ့ပြီး ထိုမှတဆင့် တဖြည်းဖြည်း တိုးတက်လာခဲ့ရာ အခုဆိုရင် ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်တောင် ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။ နေခြည်ဦးရဲ့ မိဘတွေကလည်း နေခြည်ဦးလုပ်သမျှ အလုပ်တိုင်းကို နောက်ကွယ်ကနေ အမြဲတမ်း အားပေးပံ့ပိုးပေးနေတဲ့ မိဘကောင်းတွေပဲ ဖြစ်ကြပါတယ်။မနေ့က ဒီဇင်ဘာလ (၂၉) ရက်နေ့မှာတော့ နေခြည်ဦးက She Shines Jewelry Christmas Sparkles Final Sales လေး ရောင်းချပေးခဲ့တာပဲ ဖြစ်ပါတယ်။ နေခြည်ဦးက သူမရဲ့ Live Sale လေးကို တာဝန်ယူစိတ်အပြည့်နဲ့ ရောင်းချပေးခဲ့သလို နေခြည်ဦးရဲ့ ဖေဖေ ဦးမျိုးမြင့်စိန်ကလည်း သမီးလေးရဲ့ Live Sale မှာ တောက်လျှောက် Cmt တွေပေးပြီး အားပေးခဲ့ကာ သမီးကြိုက်တဲ့ လက်ဝတ်ရတနာတွေ့ရင်လည်း ဝယ်လိုက်ဖို့ ပြောခဲ့တာကို တွေ့ရပါတယ်။ နေခြည်ဦးကတော့ ဖေဖေ့ရဲ့ စကားကြောင့် တော်တော်လေး ဝမ်းသာသွားခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။နေခြည်ဦးကတော့ သူမကို ထောက်ပံ့အားပေးတဲ့ မိဘကောင်းတွေကို ပိုင်ဆိုင်ခွင့်ရရှိထားတဲ့ ကံကောင်းသူလေးတစ်ယောက်ပါပဲ။ နေခြည်ဦးရဲ့ ဖေဖေကတော့ နေခြည်ဦးကို သားဦးမိန်းကလေးမို့ ငယ်ငယ်ကတည်းက သည်းသည်းလှုပ်ချစ်ရှာသူလေးတစ်ယောက်ဖြစ်တာ အားကျစရာပါပဲနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Video ကြည့်ရန်

ဆယ်လီကွန်နက်ရှင်