One Championship ရဲ့ ၂၀၂၁ပွဲစဉ်များတွင် အောင်လအန်ဆန်၏ချန်ပီယံစိန်ခေါ်ပွဲ ပါဝင်ဖွယ်ရှိ

Posted on

One Championship ရဲ့ ၂၀၂၁ ပွဲစဉ်များတွင် အောင်လအန်ဆန်၏ချန်ပီယံစိန်ခေါ်ပွဲ ပါဝင်ဖွယ်ရှိOne Championshipက၂၀၂၁အတွင်းကျင်းပမည့် MMA ပွဲစဉ်များတွင်အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်းတစ်ကျော့ပြန်ချန်ပီယံစိန်ခေါ်ပွဲ ပါဝင်ဖွယ်ရှိကြောင်းဟောင်ကောင်အခြေစိုက် South China Morning Postကရေးသားဖော် ပြခဲ့သည်။အောင်လအန်ဆန်သည်ပြီးခဲ့သည့် အောက်တိုဘာ ၃၀ရက်ကစင်ကာပူနိုင်ငံ၌ကျင်းပခဲ့သည့် MMAမစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲတွင်စိန်ခေါ်သူဒီရစ်ဒါကိုပထမအချီအတွင်းချုပ်ကွက်မိကာရှုံးနိမ့်ခဲ့သည်အောင်လအန်ဆန်ကလက်လွှတ်ခဲ့ရသည့်မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်ကိုပြန်လည်ရယူမည်ဟုပြောကြားထားပြီး Oneကစီစဉ်ပါကဒီရစ်ဒါနှင့်မကျေပွဲပြန်လည်ယှဉ်ပြိုင်မည်ဟုဆိုထားသည်။MMA မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံသစ်နယ်သာလန်ဖိုက်တာဒီရစ်ဒါ၏ ခါးပတ်ကိုစိန်ခေါ်နိုင်သည့်ကစားသမားများစာရင်းကိုနိုဝင်ဘာအတွင်းကOneက ထုတ်ပြန်ခဲ့ရာအောင်လအန်ဆန်လည်းပါဝင်သည်။အသက်(၃၅)နှစ်အရွယ် ကချင်တိုင်းရင်းသားအောင်လအန်ဆန်သည် MMAပြိုင်ပွဲတစ်လျှောက် ၃၇ပွဲကစား၊၂၆ ပွဲနိုင်၊ ၁၁ပွဲရှုံးနိမ့်ထားသည်။အောင်လအန်ဆန်သည် MMAမစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကိုလက်လွှတ်ခဲ့ရသော်လည်းလိုက်ဟဲဗီးဝိတ်ချန်ပီယံအဖြစ် ဆက်လက်ရပ်တည်နေသည်။