MG Myanmar ရဲ့၂နှစ်တာ Brand Ambassador ခန့်အပ်ချင်းခံရတဲ့အပြင် ကားအသစ်ကြီးတစ်စီးပါ မွေးနေ့လက်ဆောင်ရခဲ့တဲ့ G Fatt

Posted on

MG Myanmar ရဲ့၂)နှစ်တာ Brand Ambassador ခန့်အပ်ချင်းခံရတဲ့အပြင် ကားအသစ်ကြီးတစ်စီးပါ မွေးနေ့လက်ဆောင်ရခဲ့တဲ့ G Fattအမိုက်စား သီချင်းတွေအပြင်၊ ခံစားချက်အပြည့်ပါတဲ့ အချစ်၊ အလွမ်း၊ အဆွေး သီချင်းတွေကို ပိုင်နိုင်စွာ ရေးဆိုတီးခတ်နိုင်သူကတော့ လူငယ်ပရိသတ်တွေကြား လွှမ်းမိုးထားတဲ့ အဆိုတော် G Fatt ပဲ ဖြစ်ပါတယ်။ G Fatt ကတော့ သူ့ရဲ့ အနုပညာသက်တမ်းတစ်လျှောက် ပရိသတ်တွေအပေါ် အရိုးသားဆုံးနဲ့ အပွင့်လင်းဆုံးသာနေထိုင်ခဲ့ပြီး သူ့ရဲ့မိသားစုကိစ္စကအစ အချစ်ရေးကိစ္စအဆုံး ပရိသတ်တွေကို အသိပေးခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ G Fatt က ချစ်ရတဲ့ မိန်းကလေးမရှိသေးပဲ တစ်ယောက်တည်း Single အဖြစ်နဲ့ သီချင်းသစ်တွေကို ဆက်လက်ဖန်တီးနေလျက်ရှိပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ (၃၁) ရက်နေ့ကတော့ G Fatt ရဲ့ အသက် (၂၈) နှစ်ပြည့် မွေးနေ့ပဲ ဖြစ်ပါတယ်။ G Fatt ကတော့ သူ့ရဲ့ မွေးနေ့မှာ ချစ်ရတဲ့ပရိသတ်တွေအပြင် ခင်မင်ရင်းနှီးသူတွေဆီက အမှတ်တရလက်ဆောင်တွေ မွေးနေ့ဆုမွန်ကောင်းတောင်းတွေ ရရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။ G Fatt ဒီနေ့ကျရောက်တဲ့ မွေးနေ့အမှတ်တရအနေဖြင့် MG Myanmar ရဲ့ (၃)ယောက်မြောက် Brand Ambassador အဖြစ်ခန့်အပ်ခဲ့ပါတယ်။ ရုပ်ရှင်သရုပ်ဆောင် အဖြစ် ပရိတ်သတ်အားပေးမှုများစွာရရှိပိုင်ဆိုင်ထားပြီးဖြစ်တဲ့ အကယ်ဒမီ နေတိုး ၊ အကယ်ဒမီ မြင့်မြတ် တို့အား၂၀၂၀ တွင် တရားဝင်ခန့်အပ်ထားပြီးနောက် ဂီတပရိတ်သတ်များ၏ အားပေးမှုများစွာ ရရှိထားတဲ့ အဆိုတော် G Fatt ကို ထပ်မံခန့်အပ်နိုင်ခဲ့တာဖြစ်ပါတယ် …. 🚙🚙🚙🚙 #MG_Myanmar မှ မွေးနေ့လက်ဆောင်အနေဖြင့် ကားသစ်တစ်စီးကို ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။ (၂)နှစ်တာ Brand Ambassador တာဝန်ကို G Fatt မှထမ်းဆောင်သွားမည်ဖြစ်ပါသည်။ (၂)နှစ်တာကာလအတွင်း G Fatt ၏ အနုပညာလှုပ်ရှားမှုများကို MG မှ ပံ့ပိုးပေးသွားမည်ပြီး MG Myanmar ၏ စျေးကွက်မြှင့်တင်နိုင်ရန်ကိုလည်း G Fatt မှ ပူးပေါင်းပါဝင်ကူညီ ထမ်းဆောင်ပေးသွားမည်ဖြစ်ပါကြောင်း MG Myanmar အားပေးသူများနှင့် G Fatt ပရိတ်သတ်များသို့ လေးစားစွာအသိပေးအပ်ပါတယ်ခင်ဗျာ 🔺🔺🔺🔺🔺🔺
Congratulations … G Fatt 👏🏼👏🏼👏🏼👏🏼👏🏼 ဆိုပြီးG Fatt အတွက် မွေးနေ့လက်ဆောင်နဲ့ ဆုတောင်းပေးထားပါတယ်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။Organized by Myanmar Media 7