မြန်မာပြည်မှာ ကိုဗစ်ရောဂါ ကုသဆေး အောင်မြင်စွာထုတ်လုပ်နိုင်ပြီ (FDA က အသိအမှတ်ပြုလိုက်ပါပြီ)

Posted on

မြန်မာပြည်မှာ ကိုဗစ်ရောဂါ ကုသဆေး အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီ (FDA က အသိအမှတ်ပြုလိုက်ပါပြီ)ပြည်တွင်းတွင် ကိုဗစ်ကပ်ရောဂါကုသဆေး (သောက်ဆေး) ကို အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီး မြန်မာ FDA ၏ အတည်ပြုချက်ရပြီဟု Pacific Medical industries က ယနေ့ကြေညာ လိုက်ပါတယ်။ဥရောပနိုင်ငံများနှင့် တောင်အမေရိကနိုင်ငံများတွင် သုံးစွဲနေသော Favipiravir 200 mg ဆေးပြားများကို ပြည်တွင်းပြည်ပညာရှင်များဖြင့် ပြည်ပမှတင်သွင်းသောကုန်ကြမ်းများဖြင့် ပြည်တွင်းတွင် ထုတ်လုပ်ခဲ့ကြောင်း သိရပါတယ်။အဆိုပါဆေးသည် Agigon အမည်ဖြင့် ဂျပန်ကထုတ်လုပ်ထားသော ဆေးဖြစ်ပါတယ်။ မြန်မာနိုင်ငံတွင် PMI ကထုတ်လုပ်သောဆေးကို Favipac ဟုအမည်ပေးထားပြီး ကိုဗစ်ရောဂါလက္ခဏာ စတင်ပြသချိန်တွင် သောက်ခြင်းဖြင့် ရောဂါ၏ ဆိုးဝါးသောအခြေအနေကို ရောက်ရှိခြင်းမှ လျှော့ချနိုင်ခြင်းနှင့် အမြန်နလန်ထနိုင်ခြင်းများ ရရှိစေသည်ဟု ထုတ်ပြန်ထားပါတယ်။အဆိုပါဆေးကို အောက်တိုဘာလဆန်းက မြန်မာ FDA ထံတင်ပြခဲ့ပြီး ယခုခွင့်ပြုချက်ရကြောင်း သိရပါတယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ခံ ကိုဗစ်ကုသရေးဆေးရုံများသို့ ဆေးပြား ၆၀,၀၀၀ နှင့် တပ်မတော်ကိုဗစ်ကုသရေးဆေးရုံများအတွက် ဆေးပြား ၁၅,၀၀၀ လှူဒါန်းမည်ဟု ကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြထားပါတယ်။အဆိုပါ ထုတ်ပြန်ချက်ကို AA Medical Products Ltd ၏ဖေ့စ်ဘွတ် စာမျက်နှာတွင် ကြေညာထားခြင်း ဖြစ်ပါတယ်။