အစိုးရ ထုတ်တဲ့ ထီကို စိတ်ကြိုက် စျေးကစားခြင်းနဲ့ ထီလောကရဲ့လက်ဝါးကြီးအုပ်ထားမှုများ

Posted on

အစိုးရ ထုတ်တဲ့ ထီကို စိတ်ကြိုက် စျေးကစားခြင်းနဲ့ ထီလောကရဲ့ လက်ဝါးကြီးအုပ်ထားမှုများထီကိုယ်စားလှယ်(သို့မဟုတ်)ထီကုန်သည်များ သိန်းတစ်သောင်းခွဲဆုလစဉ်လတိုင်း အမြတ်ရနေကြတယ်။

ယနေ့အောင်ဘာလေထီရုံးမှာ တရားဝင်ထီသွားရောက် ထုတ်ယူခဲ့ပါသည်။ မိမိလိုချင်တဲ့ထီကိုယ်တာ အပြည့်အဝမရရှိခဲ့ပါ။ ဒါကြောင့်ထီဈေးကွက်ဖြစ်တဲ့ (၂၇)လမ်းမှာ မိမိလိုချင်သလောက်ထီကို သွားရောက်ဝယ်ယူခဲ့ရပါသည်။ ထီဈေးနှုန်းကို၁၀၀၀ထက်ပိုပြီးမတန်တဆ ရောင်းချ နေကြပါသည်။

(၁) မိုးယံ လက်ကားဈေး တစောင် ၁၀၇၀ ကျပ် (၂) ရွှေမြန်မာ လက်ကားဈေး တစောင် ၁၀၂၀ ကျပ် အခြားထီဆိုင်များအားလုံး လက်ကား ဈေးအနည်းဆုံး ၁၀၅၀ ကျပ် ဖြင့် ရောင်းချနေကြပါသည်။ထီတစ်စောင် အစိုးရထုတ်ဈေး ၉၁၀ကျပ်သာ ဖြစ်ပါသည်။ ထီပေါက်မဲထုတ်လျှင်လည်း ၅၀၀၀၀ဆုကို ၎င်းထီဆိုင်များမှ ၁၀၀၀ဖြတ်ပါသည်။ သို့ဖြစ်ပါ၍ ၎င်းထီဆိုင်များသည် လစဉ်လတိုင်း သိန်းတစ်သောင်းခွဲနှင့်ညီမျှသော ထီဆုကြီးများကဲ့သို့ မတရားသဖြင့်အမြတ် ရရှိနေကြပါသည်။

သို့ဖြစ်ပါ၍ သေချာစွာ စိစစ်အရေးယူဆောင်ရွက်ပေးဖို့ လိုအပ်မှာ ဖြစ်ပါသည်။ ပြည်သူ၏ အခက်အခဲ အစိုးရ၏ အကြပ်အတည်းနဲ့ ကုန်သည်ပွဲစားများ၏ အဂတိတွေရှိနေဆဲမို့ အချိန်မလွန်ခင် တည့်မတ်ပေးပါခင်ဗျာ။မြန်မာနိုင်ငံ အစိုးရ ထုတ်တဲ့ထီ မြန်မာပြည်သူတွေ စျေးပိုပေးပြီး ထီထိုးနေရတာ အစိုးရ ကြားလားမြင်လား အပြောနှင့်အလုပ် ညီပါစေဗျာ။ ပေါက်လွှတ်ပဲစား အပြောမျိုး မဖြစ်ပါစေနှင့်လို့ပဲ ကြည့်နေရတာပေါ့။

ပြည်သူ့အသံလေးလဲ နားစွင့်ပြီး လုပ်သင့်လုပ်ထိုက်တာလေး လုပ်ပေးဖို့လဲ တောင်းဆိုပါတယ်။ ဒီကိစ္စနဲ့ ပါတ်သတ်ပြီး ဘယ်ပါးစပ်တွေ ဘာတွေပြောခဲ့လဲဆိုတာသိရင် အရှက်တရား ကတိစကားများ ထားခဲ့မယ်ဆိုရင်ဖြင့် ရှက်သင့်ပါတယ်ဗျာ

လက်ကားထီးရောင်းသမားလေး ပြည်သူတစ်ယောက်