မျက်စိကွယ်နေတဲ့ သမီးလေးအတွက် ဗူးခွံတွေကောက်ပြီးရုန်းကန်နေရတဲ့ အသက် ၈၀ အဖွား

Posted on

မျက်စိကွယ်နေတဲ့ သမီးလေးအတွက် ဗူးခွံတွေကောက်ပြီး ရုန်းကန်နေရတဲ့ အသက် ၈၀ အဖွား

ပရိသတ်တို့ရေလောကဓံတရားက အသက်အရွယ်မရွေး ဒုက္ခပေးနိုင်တယ်ဆိုတဲ့ အတိုင်းပဲ အသက် ၈၀ ရှိနေပေမယ့် မျက်မမြင်သမီးလေးအတွက် လောကဓံကို အံတုရင်း လမ်းဘေးက ဗူးခွံလေးတွေကောက်ပြီး အသက်ဆက်နေရတဲ့ အဖွား တစ်ယောက် ရှိပါတယ်

ဒီအဖွားကတော့ ရွှေဈေးကိုလည်း မသိသလို ၊ ဒေါ်လာဈေးကိုလည်း မသိပါဘူး။ တစ်နေ့ကို ထမင်းစားလောက်အောင် ဗူးခွံကောက်ရဖို့ပဲ သူသိပါတယ်။ဒီလို မတ်လရဲ့ နွေပူပူမှာ အသက် ၈၀ အရွယ်နဲ့ ကြွပ်ကြွပ်ပူနေတဲ့ လမ်းမဟာ ဘယ်လိုမှမလိုက်ဖက်ပါဘူးနော်။ ဒါကိုသိတဲ့စေတနာရှင်တစ်ချို့ကတော့ ဆန် ၊ ဆီ ၊ ဆား ၊ ငါးခြောက် ၊ စတာတွေအပြင် အားဖြည့်စာများ ငွေသားများကို သွားရောက်လှူဒါန်းပေးခဲ့ကြပါတယ်။

တကယ်လို့ ပရိသတ်တွေထဲမှာ နွမ်းပါးသူကို ကူညီတတ်တဲ့ စိတ်စေတနာရှင်များ ပါခဲ့ရင်လည်း သွားရောက်ကူညီနိုင်အောင် ဒီပို့စ်လေးနဲ့အတူ မျှဝေတင်ပြပါတယ်။