သူမရဲ့ကိုယ်ပိုင်ပိုက်ဆံမပြည့်သေးတာတောင် မိဘကိုအားမကိုးဘဲ အကြွေးစီစဉ်ပြီး လူနာတင်ယာဉ်နဲ့ပစ္စည်းတွေကို လှူဒါန်းလိုက်တဲ့ G

Posted on

သူမရဲ့ကိုယ်ပိုင်ပိုက်ဆံမပြည့်သေးတာတောင် မိဘကိုအားမကိုးဘဲ အကြွေးစီစဉ်ပြီး လူနာတင်ယာဉ်နဲ့ပစ္စည်းတွေကို လှူဒါန်းလိုက်တဲ့ Gလတ်တလောကာလအတွင်းမှာပဲ ပရိသတ်တွေရဲ့ချစ်ခင်လေးစားမှုတွေကို ရရှိလာတဲ့ Gကတော့ အသက်သာငယ်ပေမယ့် အများအကျိုးကို သယ်ပိုးဆောင်ရွက်နေတာဖြစ်ပါတယ်Gက ထွန်းအိန္ဒြာဗိုလ်ရဲ့တူမလေးဖြစ်ပြီး ဦးအောင်ကျော်ဝင်းနဲ့ဒေါ်သက်သက်ခိုင်တို့ရဲ့ တစ်ဦးတည်းသောသမီးလေးဖြစ်ပါတယ်နော်။Gကတော့ ချမ်းသာတဲ့မိသားစုကပေါက်ဖွားလာပေမယ့် ရိုးရိုးရှင်းရှင်းသာနေထိုင်တတ်ပြီး မာန်မာနမကြီးတတ်လို့ လူချစ်လူခင်ပေါများနေတာဖြစ်ပါတယ်။Gက The Voice Myanmar မှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပရိသတ်တွေရဲ့အားပေးမှုကို ထပ်မံရရှိခဲ့ပါတယ်။လက်ရှိမှာဆိုရင်တော့ Gက သူမရဲ့အဖွဲ့သားတွေနဲ့အတူ နေရာအနှံ့ကိုသွားပြီး ပရဟိတအလုပ်တွေလုပ်ကိုင်သလို စီးပွားရေးကိုလည်း ကြိုးစားလုပ်ဆောင်နေတာဖြစ်ပါတယ်။Gက မိဘကိုအားမကိုးဘဲ သူမရဲ့ကိုယ်ပိုင်ဝင်ငွေကိုရှာဖွေပြီး အလှူအတန်းတွေပြုလုပ်နေတာဖြစ်ပါတယ်။Gရဲ့စိတ်ဓာတ်လေးကတော့ အတုယူချင်စရာကောင်းလောက်အောင် အရမ်းမွန်မြတ်ပါတယ်နော်။အခုဆိုရင်တော့ Gက လူနာတင်ယာဉ်နဲ့ လိုအပ်တဲ့ပစ္စည်းတွေကို လှူဒါန်းဖို့အတွက် ပိုက်ဆံပြည့်အောင်စုနေတာဖြစ်ပါတယ်။သူမရဲ့ကိုယ်ပိုင်ပိုက်ဆံမပြည့်သေးတာတောင် သဒ္ဒါတရားထက်သန်လွန်းလို့ အကြွေးအနေနဲ့စီစဉ်ပြီး လှူဒါန်းမှာဖြစ်ပါတယ်။Gကတော့ လှူနေရရင် ပျော်ရွှင်နေပြီး တစ်နေရာမှမလစ်ဟင်းအောင် သေချာပြင်ဆင်နေတာဖြစ်ပါတယ်။ကြွားဝါခြင်းမရှိဘဲ ရိုးသားဖြူစင်ပြီး ပျော်ပျော်နေတတ်တဲ့ Gရဲ့ဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source&Video Credit:G Vocal’s Facebook page