သူငယ်ချင်း၏ဇနီး အိပ်ပျော်နေစဉ် မမြင်အပ်သောနေရာအား ပါးစပ်ဖြင့်မဖွယ်မရာပြုလုပ်ခဲ့သူကို ဖမ်းဆီး

Posted on

သူငယ်ချင်း၏ဇနီးအိပ်ပျော်နေစဉ် မမြင်အပ်သောနေရာအား ပါးစပ်ဖြင့်မဖွယ်မရာပြုလုပ်ခဲ့သူကို ဖမ်းဆီး

လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင် အမျိုးသားတစ်ဦးသည် သူငယ်ချင်း၏ဇနီးဖြစ်သူ အိပ်နေစဉ် ပါးစပ်ဖြင့်မဖွယ်မရာပြုလုပ်ခဲ့သည်ဆိုမှုကို ဖမ်းဆီးအရေးယူထားကြောင်း ဇန်နဝါရီ ၃ ရက်နေ့တွင် ရဲတပ်ဖွဲ့မှသိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၃၁ ရက်နေ့ ညပိုင်းတွင် လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ အမှတ် (၁၄)ရပ်ကွက်နေ အမျိုးသားတစ်ဦးသည် ၎င်း၏ဇနီးနှင့်အတူ အိပ်ယာဝင်ခဲ့သည်။ည ၁၁ နာရီကျော်ခန့်တွင် မိခင်ဖြစ်သူနှင့် ညီမဖြစ်သူမှာ နာရေးအိမ်မှပြန်လာသဖြင့် တံခါးထဖွင့်ပေးပြီး အိပ်ယာပြန်ဝင်ခဲ့သည်။

၎င်းနောက် ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၁ နာရီကျော်ခန့်၌အပေါ့ထသွားခဲ့ပြီးအိပ်ရာသို့ ပြန်လာစဉ် ဇနီးဖြစ်သူကို နေအိမ်ခြံတံခါးနားတွင် တွေ့ရ၍ “ဘာဖြစ်လို့လဲ” ဟုမေးရာ ဇနီးဖြစ်သူမှ ၎င်းအိပ်နေသောခြင်ထောင်ထဲသို့ ခင်ပွန်း၏သူငယ်ချင်း ဆန်းသူ ဝင်လာပြီး ခြုံထားသည့်စောင်ကိုဆွဲဖယ်ကာ သူမခန္ဓာကိုယ်အောက်ပိုင်းရှိမမြင်အပ်သောနေရာအား ပါးစပ်ဖြင့် မဖွယ်မရာပြုလုပ်ကြောင်း၊ထို့ကြောင့် သူမ အိပ်ပျော်ရာမှ နိုးလာ၍ကြည့်ရှုရာ ခင်ပွန်းမဟုတ်မှန်းသိ၍ အော်ဟစ်လိုက်စဉ် ဆန်းသူမှာ ထွက်ပြေး သွားကြောင်း ပြောပြသိရှိခဲ့ရသည်။

ထို့ကြောင့်ခြင်ထောင်အတွင်းအိပ်နေသည့် ဇနီးကို ဓမ္မတာနှင့်ဆန့်ကျင်၍ သားမယားပြုကျင့်ရန် ကြံစည်သူ ဆန်းသူ(၂၅)နှစ် ကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။လှိုင်သာယာ(အနောက်ပိုင်း)မြို့မရဲစခန်းမှ (ပ) ၄/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ-၃၇၇ ဖြင့်အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျှက်ရှိသည်။

မြန်မာတိုင်းမ်