လှိုင်Fever Clinic တာဝန်ခံဆရာဝန်ကြီး Covid-19ကြောင့်ကွယ်လွန်

Posted on

လှိုင်Fever Clinic တာဝန်ခံဆရာဝန်ကြီး Covid-19 ကြောင့်ကွယ်လွန်လှိုင်မြို့နယ်၊ ဖျားနာလူနာများ(အခမဲ့)ကုသမှုဆေးခန်းက တာဝန်ခံဆရာဝန်ကြီး ဒေါက်တာညီညီသျှင်ဟာ ဇန်နဝါရီ(၃)ရက်မှာပဲ Covid-19 ရောဂါကူးစက်ခံရ ပြီးကွယ်လွန်သွားတယ်လို့ လှိုင်မြို့နယ်အမှတ်(၁)မဲဆန္ဒနယ်က တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ထွန်းကပြောပါ တယ်။

ကွယ်လွန်သွားတဲ့ဆရာဝန်ကြီးဟာ အသက်(၇၀)ဝန်းကျင်ရှိပြီး လှိုင်မြို့နယ် Fever Clinic စတင်ဖွင့်လှစ်တဲ့အချိန်ကတည်းက တာဝန်ယူကုသပေးနေတဲ့ ဆရာဝန်ကြီးဖြစ်တယ်လို့ ဦးကျော်ကျော်ထွန်းကရှင်းပြပါတယ်။ ဆရာဝန်ကြီးသေဆုံးသွားတာနဲ့ပတ်သက်လို့ ဦးကျော်ကျော်ထွန်းကအခုလို ပြောပါတယ်။“ဆရာကြီးကကျန်ခဲ့တဲ့ တစ်လလောက်ကတည်းကကိုဗစ်ရောဂါပိုးတွေ့တယ်။ ကိုဗစ်တွေ့တဲ့အတွက် သူကစစ်ဆေးရုံဘက်နဲ့နီးစပ်တယ်။ သူအသိတွေရှိတော့ လေ။ စစ်ဆေးရုံမှာတင်ထားတာ။ စစ်ဆေးရုံမှာတက်ပြီးတော့ သူ့ကိုအိုင်ဆို လေးရှင်းခန်းတွေထဲမှာ ကြပ်မတ်ကုသဆောင်တွေမှာ ကုသနေတာပေါ့လေ။

သူကသူ့ကိုယ်သူမသိလိုက်တာက ဆရာကြီးမှာဆီးချိုရှိနေတာကို မသိလိုက် ဘူး။ အကိုကြားတာမနက်ကဆုံးတာ။ ဆီးချိုရှိတော့မနက်ကဆုံးသွားတာ”လို့ ဦးကျော်ကျော်ထွန်းကပြောပါတယ်။မြန်မာနိုင်ငံမှာ Covid-19 ရောဂါဒုတိယကြိမ်ကူးစက်ပြန့်နှံ့လာပြီးတဲ့နောက် လှိုင်မြို့နယ်ဟာ ရောဂါကူးစက်မှုခံရမှုများပြားတဲ့မြို့နယ်ထဲမှာပါခဲ့ပါတယ်။ အခုအချိန်မှာတော့တစ်နိုင်ငံလုံးအနေအထားနဲ့ ရောဂါကူးစက်မှုလျော့ကျလာ ပြီဖြစ်သလို လှိုင်မြို့နယ်မှာလည်းပိုးတွေ့ရှိသူ(၁၀)ယောက်ဝန်းကျင် သာရှိတော့ တယ်လို့ ဦးကျော်ကျော်ထွန်းကပြောပါတယ်။

သတင်း-ဖြိုးဝေလင်း Photo -U kyaw kyaw tun(fb)