အဖေဒိန်းဒေါင်စကား နားထောင်ပြီး အဖမ်းခံခဲ့တဲ့ ခြိမ့်ကေကို

Posted on

အဖေဒိန်းဒေါင်စကား နားထောင်ပြီး အဖမ်းခံခဲ့တဲ့ ခြိမ့်ကေကိုဒိန်းဒေါင်ကခြိမ့်ကေကို သူ့စကားနားထောင်ပြီးအဖမ်းခံလိုက်တဲ့အတွက် ကျေနပ်တယ်လို့ဆိုကာ ခြိမ့်ကေကို ရင်ဆိုင်နေရတဲ့အမှုအတွက် လိုအပ်တာမှန်သမျှ တတ်နိုင်သလောက်အကုန်ကူညီသွားမယ်လို့ သူကိုယ်တိုင်အသုံးပြုတဲ့ လူမှုကွန်ရက်မှတဆင့် ရေးသားဖော်ပြခဲ့ပါတယ်။

ခြိမ့်ကေကိုကတော့ သူ့အနေနဲ့ လက်ရှိရင်ဆိုင်နေရတဲ့ အမှုကိစ္စနဲ့ပတ်သက်ပြီး လွန်စွာ နောင်တ ရနေသလို မိဘနှစ်ပါးနဲ့ ခွဲခွာရမှုဟာ သူနဲ့သူ့မိဘအတွက် အလွန်ကကို ခံစားရပါတယ်လို့ဆိုထားပါတယ်။

” ငါအရမ်းခံစားနေရတယ်။ ငါသိပ်ချစ်တဲ့ မိဘနှစ်ပါးနဲ့ ခွဲနေရတာ ရင်တွေကြေကွဲမတတ်နာတယ်။ ငါရဲ့စိတ်ထားအမှန်ကိုအကောင့်ထဲမှာရှိတဲ့ ညီအစ်ကိုမောင်နှမများ အားလုံးသိကြပါတယ်။ငါ့ကိုလူတွေ ဘယ်လောက်ဆဲနေပါစေ ငါကလူတွေပျော်ရွင်အမြဲတမ်း ဟာသတွေလုပ်ပြောတတ်တယ်။ ငါမိဘနှစ်ပါးကို ငယ်ငယ်ကတည်းက မရှိရှိတဲ့အလုပ်လုပ်ပြီး အလုပ်အကိုင်ကျွေးမွေးနေတဲ့သားလိမ္မာလေးတစ်ယောက်ပါ။ငါ့မိဘနှစ်ပါးကို ပြည့်ပြည့်စုံစုံ တင့်တောင်းတင့်တယ် ထားချင်ခဲ့တာငယ််ငယ်ကတည်းက မက်ခဲ့တဲ့ ငါ့ဘဝအိမ်မက်တစ်ခုပါ။ ဘုရားတရားလည်း ငါ ရိုသေကိုင်းရိူင်းပြီးခုနှစ်ရက်သားသမီးများအားလုံးကိုလည်း အမြဲတမ်း ဘုရားကန်တော့ပြီးတိုင်းဆုမွန်ကောင်းလေးတွေတောင်းပြီ covid မှ ကင်းဝေး ဘေးအန္တာယ်များကင်းဝေး စီးပွားရေးလာဒ်လာဘများရွှင်လန်း အမြဲတမ်း ငါဆုတောင်းခဲ့ပါသည်။

မုန်းတဲ့သူတွေရော ချစ်တဲ့သူတွေအတွက်ပါငါရဲ့အကောင့်ထဲက ပရိသတ်တွေအတွက် အမြဲတမ်း covid နဲ့ပတ်သက်တဲ့ အသိလေးတော့ပေးချင်တာ corona ကြီး ဟိုအဝေးပြေးဖို့စည်းလုံးခြင်းဖြင့်လိုက်နာစို့ သီချင်းလေးတွေနဲ့ပါ အသိပညာပေးသီချင်းလေးတွေပါ ငါရေးခဲ့ပြီးတင်ပြခဲ့ပါသည်။အခုဖြစ်သွားတဲ့ကိစ္စမှာလည်း ငါအပြစ်ပါ။ငါ့ကို ရန်ကုန်/ မန္တလေး စတဲ့မြို့ကြီးတွေကအလုပ်တွေကမ်းလှမ်းတာတောင် covid ကိုအရမ်းကြောက်ပြီ လက်မခံခဲ့ပါဘူး။ အခုကလည်းကိုယ်ရွာထဲက ညီအစ်ကိုတွေက ကူညီပေးပါဦး ကလေးမွေးနေ့လေး ဆိုလို့ ဘာမှမဖြစ်လောက်ပါဘူးဆိုတဲ့ အတွေးလေးနဲ့လက်ခံခဲ့မိပါတယ်။ဒီလောက်ကြီး လူစည်းကားမယ်လည်း မတွေးခဲ့မိပါဘူး။ ပုံမှန်လေးပဲ အိမ်လေးထဲမှာပဲထင်ခဲ့မိတယ်။ငါအရမ်းရိုးသားတယ်။ အရမ်းလည်းအာနာတတ်။ ငါပိုဆိုးတာက ငါအတွက်ကြောင့် တခြားလူတွေပါဒုက္ခရောက်ကုန်တယ်။ covid နဲ့ပတ်သက်တဲ့စည်းကမ်းတွေထုတ်ထားတာ ငါတကယ်မသိခဲ့ဘူး။ မိုးကြိုးပစ်ဆိုပြီး ကျိန်ပြောရဲ့ပါတယ်။ တခြားမြို့ကြီးတွေလို့ အခုလို ရွေမင်းဝန်ရွာလေးက covid နဲ့ပတ်သက်လို့ လူတစ်ဦးတစ်ယောက်မှ ပိုးမရှိလို့လည်း ငါလက်ခံခဲ့တာပါ။ ငါပိုမှားတာက ငါ့အကောင့်ထဲမှာရှိတဲ့ fan လေးတွေလည်း ပျင်းနေမှာဆိုးလို့ ငါ liveလွှင့်မိတာ ငါ့ဘဝတွက်က နောင်တအရဆုံးနှင့် အကြီးမားဆုံးပဲ။ ငါအမှတ်ရပြီး ပြန်ဖျက်တော့ live က အထက်ကလူကြီးတွေပါ သိကုန်ပြီ။

အခုပွဲမှာလည်း ငါကစေတနာနဲ့ အပင်ပန်းခံပြီး ကူညီပေးခဲ့ရုံပါ။ ငါ့အမှားကြောင့် ကိုကြီးဇော်မငိးထိုက်ကိုလည်း ရှိခိုးဦးချပြီး ညီလေးတောင်ပန်းပါတယ်

🙏🙏🙏ကျွန်တော်အစစအရာရာ ရင်ဆိုင်ရဲပါတယ်။ကျွန်တော်မှာ ဒါပေမဲ့ ခံနိူင်ရည်မရှိဘူး။ ကျွန်တော်မိဘနှစ်ကို အမြဲတမ်းစိတ်ချမ်းသာအောင်ပဲထားချင်ခဲ့တာ အခုကျွန်တော်အမှားကြောင့် အမေနဲ့အဖေပါ သားသမီးအတွက်ပူပန်သောကတွေဝေနေတော့ ကျွန်တော်ရင်ထဲ့အရမ်းခံစားရခက်တယ် ကျွန်တော်ပိုက်ဆံမချမ်းသာချင်ပါဘူး မိသားစုတထွေပျော်ပျော်ပါးပါးလေးနေရရင်ကို အရမ်းကိုကျေနပ်ပီတိဖြစ်မိနေသူပါ တစ်ရက်လေးတောင်ခွဲနေဖို့အင်အားလည်းကျွန်တော်မှာမရှိပါဘူး ဒီလိုအဖြစ်မျိုးကြီး ကြုံမယ်လို့လည်းဘယ်သောအခါကမှ မတွေးမိခဲ့ဘူး။ အသိသတိလေးလွတ်သွားတဲ့အမှားကြောင့် ကျွန်တော်မိဘနှစ်ပါးရော ကျွန်တော်ပါ အရမ်းခံစားရပါတယ်။

ကျွန်တော်ကအိမ်မှာအငယ်ဆုံးလူပျိုလေး မိဘနှစ်ပါးကို ကိုယ်ရတဲ့အနုပညာကြေးလေးတွေနဲ့ ထောက်ပံ့နေတဲ့သားလိမ္မလေးပါ။ ကျွန်တော်မုန်းတဲ့သူတွေရောချစ်တဲ့သူတွေရော ကျွန်တော်အကုန်လုံးကိုညီအစ်ကိုမောင်နှမတွေလိုပဲ အရမ်းချစ်ပါတယ်။ဒီအပြစ်အရမ်းကြီးမှန်း ကျွန်တော်သိပါတယ်။ခွင့်လွှတ်မရမှန်းလည်း ကျွနိတော်သိပါတယ်။ဒီတကြိမ်တခါတော့ ကျွန်တော်ကိုနားလည်ခွင့်လွတ်ပေးကြပါလို့။ကျွန်တော်အမေနဲ့အဖေနဲ့မခွဲနိုင်လို့ပါ။ ကျွန်တော်လက်ဆယ်ဖြာ ထိပ်မှာမိုးပြီ ရှိခိုးဦးချတောင်းပန်းပါတယ်။ကျွန်တော်ကိုခွင့်လွတ်ကြပါနော်😭😭😭

နောက်တစ်ခါ ဒါမျိုးဖြစ်ခဲ့ရင် ကြိုက်တဲ့အပြစ်သာပေးကြပါ။ကျွန်တော်ခံယူပ့ါမယ်။ လက်ဆယ်ဖြာထိပ်မှာမိုး၍ အနူးညွတ်ရှိခိုးဦးချတောင်းပန်းပါတယ်🙏🙏🙏🙏🙏” ခြိမ့်ကေကို (ခေါ် )

Bananna

#ခြိမ့်ကေကို