ပုဒ်မ(၂၅)ဖြင့် ခြိမ့်ကေကို ကိုထောင်ချမဲ့ကိစ္စ မတရားကြောင်း အချက်ကျကျ ပန်ဆယ်လိုပြောပြီ

Posted on

ပုဒ်မ(၂၅)ဖြင့် ခြိမ့်ကေကို ကိုထောင်ချမဲ့ကိစ္စ မတရားကြောင်း အချက်ကျကျ ပန်ဆယ်လိုပြောပြီပရိသတ်ကြီးရေ ဒီနေ့မှာတော့ ဖေ့ဘုတ် ဆယ်လီ ခြိမ့်ကေကို ဟာ ကိုဗစ်ကာလမှာ ဖျော်ဖြေခဲ့မှုကြောင့် တရားစွဲထားတာကို သွားရောက်အဖမ်းခံခဲ့တာပဲဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ ရန်ကုန်က KTV တွေမှာ မိခဲ့တဲ့ လူတွေကျ အာမခံနဲ့ပြန်လွှတ်ခဲ့ပြီး ခြိမ့်ကေကိုမှ အဖမ်းခံရလို့ ပရိသတ်တွေက ပြောနေကြတာပဲဖြစ်ပါတယ်။ ခြိမ့်ကေကို အဖမ်းခံရတာနဲ့ ပတ်သက်ပြီး ပန်ဆယ်လိုကလဲ ပြောလာခဲ့ပါတယ်။ပန်ဆယ်လိုက”ခြိမ့်ကေကို လာအဖမ်းခံလိုက်ကိစ္စ ကြားတယ်။ တကယ် စိတ်ရင်းအတိုင်းပြောတာပါ။လုံးဝကို စိတ်မကောင်းသလို မဖြစ်သင့်တဲ့ကိစ္စလို့ ယူဆပါတယ်။ ကိုယ်က ဒီကောင်လေးကို ဘယ်တော့မှ မလှောင်ခဲ့ဘူး။သူလုပ်နေတာတွေကို အားလည်း မပေးဘူး။ အချွန်နဲ့လည်း မမဘူး။ ဝင်လည်း မကြည့်ဘူး။ သူ့မှာ အနုပညာနဲ့ပတ်သက်တဲ့ Talent မရှိတာကို ရှိတယ်လို့ ထင်တစ်လုံးဖြစ်နေတဲ့ကိစ္စကလွဲရင် မုန်းစရာလည်း အထွေအထူးမရှိဘူး။အခု ရွာမွေးနေ့ပွဲမှာ သီချင်းဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာဥပဒေနဲ့ တရားစွဲခံရတယ်ကြားတယ်။ဥပဒေကို မသိဘူးဆိုတာနဲ့ ချိုးဖောက်လို့မရတဲ့အတွက် အရေးယူတာကို အထွန့်မတက်ပါဘူး။ တရားစွဲတဲ့ ပုဒ်မကတော့ မဖြစ်သင့်ဘူး ယူဆပါတယ်။ ပုဒ်မ ၂၅ဟာ အာမခံမရပါဘူး။ ပုဒ်မ ၃၀ကတော့ အာမခံနဲ့ တရားရင်ဆိုင်လို့ရပါတယ်။ ခြိမ့်ကေကိုကို စွဲထားတာ ပုဒ်မ၂၅ လို့ သိရတယ်။သူ့ကို ပွဲငှါးလို့ သူလာဆိုတာ၊ ပါဝင်သူအနေအထားပဲရှိတာကို ပုဒ်မ၃၀ တပ်လို့ရလျက်နဲ့ ဘာအတွက် အာမခံမရတဲ့ ပုဒ်မ ၂၅နဲ့ တရားစွဲရတာပါလဲ။ ရှေ့ရက်က ဖြစ်ခဲ့တဲ့ KTV အဖမ်းခံရတဲ့ကိစ္စမှာ မန်နေဂျာက ပုဒ်မ၂၅၊ ဧည့်သည်တွေက ပုဒ်မ၃၀။ ကိုအရည်ကြိုတို့ အာမခံနဲ့ တရားရင်ဆိုင်ခွင့်ရတယ်။ အဲ့ရှေ့က Bar တစ်ခု အဖမ်းခံရတဲ့ကိစ္စမှာ ဧည့်သည် အယောက်တစ်ရာနီးပါး အာမခံနဲ့ တရားရင်ဆိုင်ခွင့်ရတယ်။ COVID အစပိုင်းမှာ ဖြစ်ခဲ့တဲ့ ရှစ်မိုင်တရားပွဲကိစ္စ ဒေးဗစ်လားကို ပထမပိုင်းမှာ ပုဒ်မ၂၅နဲ့ စွဲပေမယ့် နောက်ပိုင်း ပုဒ်မ၃၀ တပ်တယ် ကြားရတယ်။အခု ခြိမ့်ကေကိုကိစ္စလည်း အဲ့လိုတွေပဲ ဖြစ်သင့်ပါတယ်။ အဲ့လိုမှမဟုတ်ရင် ဥပဒေက ပေါက်ရောက်သူတွေကိုတစ်မျိုး၊မပေါက်ရောက်ရှာသူတွေကိုတဖုံနဲ့ စီရင်သလိုဖြစ်နေပါပြီ။ ဒါကို နိုင်ငံသားတစ်ယောက်အနေနဲ့ ကန့်ကွက်ပါတယ်။ဒီကောင်လေးဟာ အသက်ငယ်ငယ်အရွယ်ပဲ ရှိပါသေးတယ်။ သူ့ကို ချွန်လို့ချွန်နေမှန်းတောင် တကယ်မသိပုံရပါတယ်။ဒါဟာ ဥပဒေကို ချိုးဖောက်မှန်း ရိုးရိုးသားသား တကယ်မသိပုံပါ။ ဥပဒေကို မသိဘူးဆိုရုံမျှနဲ့ အပြစ်မမြောက်တာ မဟုတ်ဆိုပေမယ့်တပ်တဲ့ပုဒ်မဟာ မျှတမှု မရှိဘူးယူဆပါတယ်။ နိုင်ငံသားတိုင်း တန်းတူညီမျှ ဥပဒေရဲ့ အခွင့်အရေးကို ရသင့်ပါတယ်။ဘဘသားမို့ မေမေ့သားမို့ဆိုတဲ့ စွတ်စွဲချက်တွေကို လက်ခံစရာ မရှိပေမယ့် ဒီလူမို့ ဒီပုဒ်မ၊ ဟိုလူမို့ ဟိုပုဒ်မပုံစံဖြစ်နေရင်ဒီ စွတ်စွဲချက်တွေကို မှန်ကန်သယောင်တွန်းပို့နေသလို ဖြစ်နေပါတယ်။ ခြိမ့်ကေကိုလည်း လာအဖမ်းခံလိုက်ပါပြီ။အရေးယူတာ တရားစွဲတာ လုပ်စရာရှိတာ လုပ်ပါ။ လူသတ်မှုလည်း မဟုတ်၊ အလွန့်အလွန်ယုတ်မာကြီးလေးသောအမှုလည်း မဟုတ်ပါဘဲ တစ်ခါတည်း ထောင်ထဲဖမ်းထည့်လို့ရတဲ့ ပုဒ်မမျိုးနဲ့ တစ်ခါတည်း ထောင်ထဲ တန်းထည့်တာကိုတော့ လျှော့ပေါ့ပြင်ဆင်ပေးဖို့ မေတ္တာရပ်ခံပါတယ်။” ဆိုပြီးရေးထားတာပဲဖြစ်ပါတယ်။နိုဝင်ဘာ (၇)ရက်နေ့က ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း (၁) တွင် ကိုဗစ်ကာလအတွင်း တရားမဝင် ဖွင့်လှစ်နေသည့် The Myst Bar & Lounge Yangon မှာ ကိုဝင်ရောင်ဖမ်းဆီးခဲ့ရမှာ လူ (၈၀) လောက်ဖမ်းမိခဲ့သလို အကုန်လုံးကို အာမခံပေးခဲ့ပါတယ်။ ဖမ်းဆီးခံရတဲ့ ထဲမှာ စစ်ဘက်အရာရှိဟောင်း သားသမီးများနှင့် နိုင်ငံခြားသားတချို့ ပါတယ်။ လွန်ခဲ့သော ရက်ပိုင်းက KTV မှာ အဖမ်းခံရတဲ့ အရည်ကြို အမှုမှာလဲ ကိုဗစ်ကာလကြီး ခိုးသွားခဲ့တာတောင် အာမခံရခဲ့ပါတယ်။ ပန်ဆယ်လို ကလဲ ခြိမ့်ကေကိုကို နိုင်ငံသားတိုင်း တန်းတူညီမျှ ဥပဒေရဲ့ အခွင့်အရေးရသင့်တာကြောင့် တစ်ခါတည်း ထောင်ထဲဖမ်းထည့်လို့ရတဲ့ ပုဒ်မမျိုးနဲ့ တစ်ခါတည်း ထောင်ထဲ တန်းထည့်တာကိုတော့ လျှော့ပေါ့ပြင်ဆင်ပေးဖို့ မေတ္တာရပ်ခံ ထားတာပဲဖြစ်ပါတယ်။

Swelsone News