ရိုး အ လွန်းတဲ့မြန်မာတွေနှင့် တမာပင်က ထန်းရည်ထွက်တယ်ဆိုတဲ့ ဂျင်းအကြီးစားရဲ့ နောက်ကွယ်က အကြောင်းအရင်း

Posted on

ရိုး အ လွန်းတဲ့ မြန်မာတွေနှင့် တမာပင်က ထန်းရည်ထွက်တယ်ဆိုတဲ့ ဂျင်းအကြီးစားရဲ့ နောက်ကွယ်က အကြောင်းအရင်းတမာပင်က ထန်းရည်ထွက်တယ်ဆိုပြီး ထူးဆန်းတဲ့သတင်းလေးတွေ့လို့ အားလုံးဗဟုသုတရအောင် တင်ပြလိုက်ပါတယ်

မူရင်းသတင်းမှာကတော့

👉#နွားထိုးကြီးမြို့နယ်က ထူးဆန်းတဲ့ဖြစ်ရပ်ဆန်း👈

နွားထိုးကြီးမြို့နယ် ကန်ကြီးကျေးရွာ လျောင်းတော်မူဘုရား ခြေတော်ရင်းရှိ တမာပင်တစ်ပင်မှ ထန်းရည်များကျနေသော မြင်ကွင်းပုံရိပ်များ၊ ကန်ကြီးရွာက ထန်းဇင်မြို့သာလမ်းက သွားရင်ရတယ်…အောင်ချမ်းသာလမ်းခွဲမှသန်းပင်လှ သန်းပင်လှမှ တဆင့်ကုန်းသာရွာမှ တဆင့် ကန်ကြီး နွားထိုးကြီးမြို့နယ် မြောက်ဘက်အစွန်ဆုံးပါလာရောက်ကြည့်ရှု့သူများနှင့် စည်းကားလျှက်ရှိပါတယ် ….ဆိုပြီး တင်ထားတာဖြစ်ပါတယ်

ပုံတွေထဲမှာ တွေ့ရသလောက်ကတော့ ထန်းရည်ထွက်တယ်ဆိုတဲ့ တမာပင်ကို သေချာခြံခတ်ထားပြီး တမာပင်ကထွက်တဲ့ အရည်ကို ရေသန့်ဗူးကရေနဲ့ရောပြီး လာတဲ့သူတွေကို ပေးနေတာပေါ့အများစုက ကျန်းမာရေးအတွက်ကောင်းတယ်လို့ ယူဆကြတယ်ပေါ့ဗျာ….ပြီးတော့ လျောင်းတော်မူဘုရားကြီးအနီးက တမာပင်က ဖြစ်တယ် ဆိုတော့…လျောင်းတော်မူဘုရားကြီးရဲ့ အရှိန်နဲ့ တမာပင်ကပိုပြီးတန်ခိုးထွားလာတယ်ပေါ့ဗျာပြီးတော့ အလှူခံဖလားကပါ တမာပင်ထိရောက်နေတယ်ဆိုတော့ ငွေရေးကြေးရေးတွေလည်းပါလာတာပေါ့ဗျာ….ကျနော်တို့မြန်မာတွေဟာ တကယ်ကို ရိုးလွန်းကြတယ်…အထူးသဖြင့် တောသူတောင်သားတွေပေါ့ဗျာ…ကိုးကွယ်ယုံကြည်မှု၊ ဘာသာရေးတွေနဲ့ ရောကြိတ်ပြီး ဂျင်းထည့်လို့အကောင်းဆုံးကတော့ ကျနော်တို့မြန်မာတွေပါပဲဗျာဒီတမာပင်ကနေ အရည်တွေထွက်ကျနေရတဲ့ နောက်ကွယ်မှာ အကြောင်းအရင်းက သပ်သပ်ရှိပါတယ်ဗျာ…မြန်မာတွေ ရိုးအလွန်းကြတယ်လို့ပြောရင် လက်ခံမလား…

ဟိုတလောက ထနောင်းပင်အခေါက်ကိုခွါပြီး အရက်ချက်ဖို့အပင်တွေတပင်ချင်းစီကယူကြတယ် ဒီအတွက်ဗဟုတုတရဖို့တင်ပေးခဲ့ပြီးပါပြီယခု 2.1.2021 သတင်းများအရ တမာပင်ကထန်းရည်ချိုထွက်တဲ့အကြောင်းရေးတင်ရပြန်ပါပြီဒီလိုဖြစ်တာမျိုးက 2015တုန်းကလည်းကြော်ကြားခဲ့ဖူးပါတယ် ဆေးအဖြစ်ယူကြတယ် တမာကခါးရမှာကိုအချိုရည်တွေထွက်တယ် လိမ်းကြပြုကြ ဆေးကုကြနဲ့ပေါ့ ဒီလိုအဖြစ်မျိုးက India မှာလည်းရှိခဲ့ပါတယ်တမာပင်မှာ ပင်ရည်အချိုရည် အမြုတ်များဖြင့်ထွက်ရှိလာတာမျိုးတွေ့ရင် အပင်မှာရောဂါရှိနေလို့ပါ အပင်ရဲ့သက်တမ်းအားဖြင့်နှစ်ပေါင်းများစွာကြာလာတဲ့အခါရောဂါရှိနေရင်ဖြစ်ပါတယ် ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ရောဂါပါ agrobactetium tumefaciens လို့ခေါ်ပါတယ် ဘက်တီးရီးယားကြောင့် ပင်စည်အတွင်း အဖုအကြိတ်များဖြစ်ပေါ်လာပြီးရောဂါရပါတယ်လေထုဖိအားကြောင့်စိုထိုင်းဆများလာသော ဆောင်းတွင်းကာလမျိုးမှာပိုဖြစ်ပေါ်စေပါတယ် အဖုအကြိတ်တွေက စိုထိုင်းဆများလာပြီး ပင်စည်အားနည်းလာကာ အက်ကွဲကြောင်းဖြစ်ပေါ်လာပြီး ပြင်ပသို့အရည်အဖြစ်ထွက်လာကြပါတယ်

အရည်ထွက်ရက်မှာ ၄ရက်မှ ၆ရက်အထိရှိပါတယ် အရသာချိုကြောင်းသိရပါတယ်…ထိုအပင်အား ခုတ်သင်ပြီး အပင်သစ်စိုက်ပျိုးသင့်ပါပြီမဟုတ်ပါကအခြားအပင်များသို့ကူးစက်နိုင်ပါမယ်…လူတွေသောက်သုံးဆေးကုကြရခြင်းကို သေချာမသိပါ…သို့သော် တမာပင်သည်ဆေးဘက်ဝင်အပင်ဖြစ်ပါတယ်…ဓာတ်မတည့်ခြင်းကိုလည်းဖြစ်ပေါ်စေတတ်တာကြောင့်..ချင့်ချိန်သုံးကြဖို့လိုအပ်ပါတယ်ဘာသာရေးကို ယုံကြည်သက်ဝင်ပြီး ဘာသာတရားကိုင်းရှိုင်းကြတာက ကောင်းပါတယ်….ဒါပေမယ့် ယုံကြည်သက်ဝင်မှုကို အခွင့်ကောင်းယူပြီး…ဘာသာရေးနှင့်ရောကြိတ်ပြီး ဂျင်းထည့်တာတွေကို မယုံမိစေဖို့ စဉ်းစားဆင်ချင်ဉာဏ်လေးတော့ သုံးစေချင်ပါတယ်

ဗဗဟုသုတပွားများနိုင်ကြပါစေ