တစ်နှစ်မှာ တစ်ခါပဲလုပ် တသက်လုံး လေမဖြတ်တဲ့ဆေး

Posted on

တစ်နှစ်မှာ တစ်ခါပဲလုပ် တသက်လုံး လေမဖြတ်တဲ့ဆေး

လေဖြတ်ရောဂါကာကွယ်ရအောင် ဆေးနည်းတစ်ခုပေးပါ့မယ်။ခုခေတ်မှာလေဖြတ်ရောဂါကဖက်ရှင်ဖြစ်နေတာကျွန်တော်အမြင်–အချိုမှုန့်ပေါ်ခဲ့တာအလွန်ကြာခဲ့ပါပြီ ၁၉၇၅ ခုနှစ်လောက်ကစပေါ်ခဲ့တာဖြစ်နိုင်ပါတယ်။

ကျွန်တော်တို့ငယ်ငယ်က လေဖြတ်လို့ ဆိုတဲ့အသံကြားရင်သိပ်ထူးဆန်းတာပါ မမြင်ဘူးလို့လူကြီးတွေနဲ့ လိုက်ကြည့်ရတာပါ။ တနှစ်နေလို့တစ်ယောက်မဖြစ်တာပါ။

အချိုမှုန့်လို့မထင်ဘူးဗျာ ဆီ–ပထမ သစ်ရွက်ဆီ နောက်တော့အကြော်ဆီ အစရှိသဖြင့် ဘာဆီညာဆီတွေပေါ်လာတော့တယ် ဒီတော့မှ လေဖြတ်လို့ဆိုတဲ့အသံတွေညံအောင်ကြားရတော့တာပါပဲ။ဘယ်တတ်နိုင်မလဲရှိစေတော့ပေါ့ကာကွယ်မယ်။ နဂျီအုံရှာမယ် အကောင်ပေါက်ပြီးသား နဂျီအုံ ဒါကပံသကူဖြစ်နေပါပြီ။

သားပေါက်မရှိတဲ့နဂျီအုံကအပေါက် ပွင့်နေပါတယ် အုံမှာအပေါက်ပွင့်နေတာပါ

သေချာထုတ်ယူပါ။အမှုန့်ထောင်းပါ့မယ်။ပြီးမှ
အဝတ်ပါးပါးနဲ့စကာချပါ။

ဂဲသေးသေးလေးများပါတတ်လို့ပါ။ စကာချပြီးသား နဂျီအုံအမှုန့်ကို ပျားရည်စစ်နဲ့ရောပါ။မန်ကျည်းစေ့ခန့် အလုံး သုံးလုံံး လုံးပါ။ ဒါကို တနေ့တစ်လုံး သုံးရက်ဆက်တိုက်စားပါ တစ်နှစ်လုံး လေမဖြတ်တော့ပါဘူး။ ဆေးစစားတဲ့ နေ့စွဲကိုမှတ်ထားပါ နောက်နှစ်ဒီအချိန်မှာ

ဒီနည်းအတိုင်း ပြန်စားပါ။ သေသည်အထိမှန်မှန်စားမယ်ဆိုရင် သေသည်အထိ လေမဖြတ်တော့ပါ။ လွယ်ကူထိရောက်သောနည်းကောင်းတခုဖြစ်ပါတယ်။

ခရက်ဒစ်