ကိုဗစ်လာစစ်ပေးတဲ့ ဆရာဝန် တွေကို ကျွေးတဲ့ ရန်ကုန်မြို့က နာမည်ကြီးဟိုတယ်ကြီးရဲ့ နေ့လည်စာတဲ့

Posted on

ကိုဗစ်လာစစ်ပေးတဲ့ ဆရာဝန်တွေကို ကျွေးတဲ့ ရန်ကုန်မြို့က နာမည်ကြီးဟိုတယ်ကြီးရဲ့ နေ့လည်စာတဲ့ဒါကရန်ကုန်မြို့ရဲ့ နာမည်ကြီး hotel အကြီးကြီး ကနေ hotel quarantine လာဝင်နေတဲ့သူတွေကို Swab sample ယူဖို့သွားတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုကျွေးတဲ့ နေ့လည်စာ lunch ပါ။

အထဲမှာ ဒိုင်ပင်ထိုးရှာလို့ အသားတို့ အသီးရွက်တို့ ထပ်ပါလာမယ်မထင်နဲ့နော် ကြက်ဥ ပလိန်းပဲ တစ်လုံးအပြည့်တော့ ထည့်ကြော်မယ်လို့ ယူဆရတာပဲ။ ဟိုအမကြီးလိုပြောရရင်တော့ စော်ကားခံရတယ်လို့ ခံစားရတယ်။

ကျန်းမာရေးဝန်ထမ်းတွေပဲ အနစ်နာခံရမှာပေါ့လို့ ဆိုလာရင်လည်း အနစ်နာခံနိုင်ပါတယ်ဗျာ တကယ်ကို အဆင်မပြေလို့ ဆိုခဲ့ရင် ထမင်းနဲ့ငပိရည်နဲ့လည်း စားနိုင်တယ် ဘာမှမစားရပဲ မနက်ညလဲ ပေါင်းစားနိုင်တယ် ဒီအလုပ်ကို ကြိုက်လို့ကိုလုပ်တာ လုပ်ချင်လို့ကိုလုပ်တာ လုပ်ရလို့လဲ ကျုပ်တို့ဘယ်လိုတွေအနစ်နာခံရတယ်လဲမယူဆဘူး အထူးအထွေ ဆရာရေ မမရေ ညီမလေးရေနဲ့ လာဖားနေစရာလဲမလိုဘူးသို့ပေတည့် စေတနာပေါ့ဗျာ ဟိုတယ်အကြီးကြီးဖြစ်နေပါရက် clients တွေအများကြီးလဲ ရနေပါရက်နဲ့ ဒါမျိုးကျွေးတဲ့ စေတနာကို ပြောချင်တာပါ ခင်ဗျားတို့ရော နေ့လည်စာကို အဲ့ဒီလိုစားကြလား မေးချင်ပါရဲ့ ကျုပ်တို့ အများကြီးမမျှော်လင့်ထားပါဘူး ပုံမှန်ထမင်းနဲ့ အသားဟင်းဆိုရပါပြီ။

နောက်ထပ် ရင်နာစရာက အဲ့လိုလုပ်တာ တစ်ခါမဟုတ် နှစ်ခါမဟုတ်နော် ရှေ့အခေါက်တွေမှာလဲ ဒီလိုတော့ အဆင်မပြေဘူး မကျွေးချင်မကျွေးနဲ့တော့ ဆိုတော့လည်း နောက်မဖြစ်စေရပါဘူးပြောပြီး တခါလောက်အဆင်ပြေသွားပါရဲ့ ပြီးရင် ဒီတိုင်းပြန်ဖြစ်သွားတာပဲ ဆိုတော့ကာ ဘာလဲ

ကျုပ်တို့ကထမင်းနဲ့ဟင်း စားချင်ရင် ခင်ဗျားတို့ကို အစ်ကိုတို့အစ်မတို့ရယ် ထမင်းဟင်းလေးလုပ်ပေးကြပါလို့ ထိုင်ရှိခိုးရမှာလား ဒီ ထမင်းနဲ့ဟင်းစားဖို့ ကျုပ်တို့က ဘလောက်ထိ အောက်ကျို့တောင်းရမှာလဲကျုပ်တို့တစ်ခုပြောလိုက်အုံးမယ် ကျုပ်တို့ကို ကျုပ်တို့ဌာနက မင်းတို့သွားတော့ဆို ခြေလွတ်လက်လွတ် လွှတ်လိုက်တာ မဟုတ်ဘူးနော် ကျုပ်တို့ကို ရွှေပေါ်မြတင်ထားတာနော် နေ့လည်စာအဆင်မပြေဘူးဆိုတာနဲ့ နောက်နေ့ ဘယ်လောက်စျေးကြီးကြီး စားချင်တဲ့ဆိုင်က ဝယ်စားလိုက်ကြလို့ ကိုယ့်အိပ်ထဲကစိုက်ကျွေးမယ့် အကြီးကဲမျိုးအောက်မှာ နေနေတာ သိဖို့နော်သိဖို့

ပြောချင်တာ စေတနာကိုပြောချင်တာ စေတနာသည်ကံဖြစ်တဲ့အတွက် ခင်ဗျားတို့ ကံကောင်းပါစေ ဆုတောင်းပေးနေမယ်ဗျာ

Aung Pyae Phyo