အမျိုးသမီးထုကြီးရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုကြောင့် ပုရိသတွေရဲ့ မနာလိုမှုကိုခံနေရတဲ့ အမျိုးသားအနုပညာရှင် (၃)ဦး

Posted on

(၁) စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းခမ်းလှိုင်ကတော့ မြန်မာနိုင်ငံရဲ့ အောင်မြင်မှုအမြင့်မားဆုံးလို့ဆိုရလောက်တဲ့ ထိပ်တန်းအနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အဆိုတော်၊ သရုပ်ဆောင်၊ မော်ဒယ်၊ စာရေးဆရာတစ်ဦးဖြစ်တဲ့ အပြင် SAI Cosmetix ကို ဦးဆောင်နေတဲ့ စီပွားရေးလုပ်ငန်းရှင်တစ်ဦးလည်းဖြစ်ပါတယ်။အသက်အရွယ်အစုံက မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို ဆယ်စုနှစ်တစ်ခုကျော်အထိရရှိပိုင်ဆိုင်ထားတာကြောင့်လည်း အမျိုးသားထုကြီးရဲ့ ဝေဖန်တိုက်ခိုက်မှုကို အခံရဆုံး အမျိုးသားအနုပညာရှင်တစ်ယောက်ဖြစ်နေတာလည်းအမှန်ပါ။ (၂)ပိုင်တံခွန်

ပိုင်တံခွန်ကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် မော်ဒယ်သရုပ်ဆောင်တစ်ယောက်ပဲဖြစ်ပါတယ်။လတ်တလောမှာတော့ ပိုင်တံခွန်ဟာမြန်မာနိုင်ငံမှာသာမက ထိုင်း၊ဗီယက်နမ်၊ဂျပန် စတဲ့နိုင်ငံတော်တော်များများက အချောအလှလေးတွေရဲ့ အားပေးဝန်းရံမှုကိုပါ ရရှိနေတာဖြစ်ပါတယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာပါ Fan Meetingပွဲကြီးကိုကျင်းပနိုင်ခဲ့တာဖြစ်ပြီး ထိုင်းမိန်းကလေးတွေရဲ့ သည်းသည်းလှုပ်အားပေးဝန်းရံမှုကိုခံနေရတာကြောင့် လက်ရှိမှာ ပုရိသတွေရဲ့ မနာလိုမှုကို အခံရဆုံး အနုပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။ (၃)ဒေါင်း

ဒေါင်းကတော့ ပုဂံမြို့သူဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကိုအပြည့်အဝရရှိခဲ့တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။Star Awards (2018)ပွဲကြီးမှာ “Best Actor Award “ဆုကြီးကိုလည်းရရှိပိုင်ဆိုင်ထားပါသေးတယ်။ဒေါင်းရဲ့ ဆွဲအားပြင်းလှတဲ့ မျက်ဝန်းတစ်စုံနဲ့ ယောကျာ်းပီသတဲ့ သူရဲ့ စတိုင်၊ အေးချမ်းပြီး နှစ်လိုဖွယ်ကောင်းတဲ့ အပြုံးတွကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ အားပေးဝန်းရံမှုကိုရရှိပိုင်ဆိုင်ထားပြီး ယောက်ျားလေးပရိသတ်တွေရဲ့ Trollခြင်းကိုခံရတဲ့ မင်းသားတစ်လက်လည်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *