ချစ်သူနဲ့လမ်းခွဲလိုက်ပြီး Single ဖြစ်သွားပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်တဲ့ နေခြည်ဦး

Posted on

မင်းသမီးချောလေး နေခြည်ဦးကတော့ Beauty Blogger အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ အနုပညာအလုပ်တွေကို လုပ်ကိုင်ပြီး အောင်မြင်ကျော်ကြားနေတာ ဖြစ်ပါတယ်။ ကိုယ်ပိုင်အရည်အချင်းရှိပြီး သွက်လက်ထက်မြက်တဲ့ နေခြည်ဦးက လွတ်လပ်ပေါ့ပါးတဲ့ စတိုင်နဲ့ နေထိုင်တတ်သူ ဖြစ်ပါတယ်။ ဒါ့အပြင် နေခြည်ဦးက သူမရဲ့ဘဝနေထိုင်မှုပုံစံကို ပွင့်ပွင့်လင်းလင်း ချပြထားသူလည်း ဖြစ်ပါတယ်။ နေခြည်ဦးက အချစ်ရေးနဲ့ပတ်သက်ပြီးလည်း သူမရဲ့ချစ်သူကို ပရိသတ်တွေရှေ့ထုတ်ပြပြီး Official တွဲနေတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီနေ့မှာတော့ နေခြည်ဦးက ချစ်သူနဲ့လမ်းခွဲလိုက်ပြီဖြစ်ကြောင်း တရားဝင်ကြေညာလိုက်တာ တွေ့ရပါတယ်။ နေခြည်ဦးက Facebook မှာ ချစ်သူနဲ့ ”Relationship ” တင်ထားရာမှ Single အဖြစ်ပြောင်းလိုက်တာ ဖြစ်ပါတယ်။ နေခြည်ဦးက သူမရဲ့My Story မှာလည်း Single ဖြစ်သွားတဲ့အပေါ် ”No Regrets, Time To Move On” ဆိုပြီး ပြောထားတာ တွေ့ရပါတယ်။ နေခြည်ဦးတို့ချစ်သူနှစ်ယောက်ကတော့ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြပြီး မကြာခဏခရီးတွေအတူသွားလေ့ရှိသလို ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုလည်း ရရှိထားတာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်တွေကတော့ သူတို့စုံတွဲလေးကို အမြန်ဆုံး ပြန်လည်အဆင်ပြေစေချင်ကြတာ ဖြစ်ပါတယ်။ Source: Nay Chi Oo

Leave a Reply

Your email address will not be published. Required fields are marked *