တစ်ချိန်တုန်းက ခင်ပွန်းဖြစ်သူ က လူဆိုးဖြစ်ပြီး သူမနဲ့တွေ့မှ လိမ္မာသွားတာဆိုတဲ့ စမိုင်းလ်

Posted on

ဟိုးလွန်ခဲ့တဲ့နှစ်တွေက သွက်သွက်လက်လက်နဲ့ အရမ်းကိုချစ်စရာကောင်းတဲ့ မော်ဒယ်သရုပ်ဆောင်မလေး စမိုင်းလ်ကတော့ အခုဆိုရင် ပြီးပြည့်စုံတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ဘဝကို အပူအပင်ကင်းကင်းနဲ့ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ အလှူအတန်းလုပ်ရတာလည်း ဝါသနာပါတဲ့ စမိုင်းလ်တို့ဇနီးမောင်နှံကတော့ သူတို့ရဲ့ချွေးနှဲစာလေးနဲ့ တတ်နိုင်သလောက် အမြဲလှူဒါန်းလေ့ရှိတာလည်း တွေ့ရပါတယ်။ ဒီတစ်ခါမှာတော့ စမိုင်းလ်က သူမခင်ပွန်းက သူမနဲ့မတွေ့ခင်တုန်းက လူဆိုးပါဆိုပြီးပြောထားတဲ့အကြောင်းကို မိုမိုလေးရဲ့ ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

စမိုင်းလ်က သူမရဲ့ ခင်ပွန်းနဲ့အတူ ၂၀၀၃ မှ၂၀၁၁ ခုနှစ်အထိ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် နေထိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ် မှ ယခု အချိန်အထိ မြန်မာနိုင်ငံမှာ ချစ်ရတဲ့မိသားစုလေးနဲ့အတူ နေထိုင်လျက်ရှိပါသည်။ အနုပညာ လှုပ်ရှားမှုအနေဖြင့် ရုပ်ရှင်ကားပေါင်း ၁၀၀ ကျော်ရိုက်ကူးခဲ့ပြီး လက်ရှိရိုက်ကူးထားသောရုပ်ရှင်ကား လေးကားရှိပါတယ်။

ဒီတစ်ခါမှာတော့ စမိုင်း က သူမတို့နှစ်ယောက်ရဲ့  ငယ်ဘ၀ ပုံရိပ်ကလေးတွေကို ဖော်ပြရင်း ” တစ်ချိန်တုန်းကလူဆိုးလေးပေါ့ စမီးနဲ့တွေ့မှလိမ္မာတွားတာခိခိ” ဆိုပြီးဖော်ပြထားပါတယ်။

သူမရဲ့ခင်ပွန်းက သူမနဲ့မတွေ့ခင်တုန်းက လူဆိုးလေးဖြစ်ကြောင်း၊ သူမနဲ့ တွေ့ပြီးနောက်ပိုင်းမှာ လူလိမ္မာလေးဖြစ်လာကြောင်းကို ပြောထားတာပဲ ဖြစ်ပါတယ်။

ငယ်ရွယ်စဉ် အချိန်တုန်းက စမိုင်းလ် တို့ ဇနီးမောင်နှံ

တာဝန်သိတတ်တဲ့ခင်ပွန်း ဇနီးအပေါ် ခုအချိန်ထိ ချစ်မြတ်နိုးပြီး ရည်းစာဘ၀တုန်းကလို တန်ဖိုးထားတဲ့သူကိုပိုင်ဆိုင်ထားစမိုင်းလ် ကတော့ ပရိသတ်တွေ အားကျစရာပါ။။ ကြည့်ရှုပေးကြတဲ့မိုမိုလေးရဲ့ ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ် နော်။

Moekalay
Source;smile

Leave a Reply

Your email address will not be published. Required fields are marked *