မွန်ပြည်နယ် ရေဘေးကယ်ဆယ်မှုမှာ ဝေဠုကျော်ကို နှမ်းဖြူး ဆိုပီး ကာယကံရှင်တစ်ယောက်က ဖွင့်ချ

Posted on

ပရိသတ်ကြီးရေ ၊ လတ်တလော မှာ ရေကြီး နစ်မြုပ်နေတဲ့ ဒေသတွေကို ဝေဠုကျော် ခေါင်းဆောင်တဲ့ အဖွဲ့သားတွေ သားရောက် ကူညီပေးနေကြတာပါ။ဒါပေမယ့် ဒီလို လုပ်ကိုင်ဆောင်ရွက်နေတာတွေဟာ အပြကောင်းရုံသက်သက် ဖြစ်တယ်ဆိုပြီး လူမှုကွန်ရက်ကနေ ဖွင့်ချမှုတစ်ခု ဖြစ်ခဲ့ပါတယ်။

မွန်ပြည်နယ် မြေပြိုမှု ဖြစ်စဉ်တွေမှာ လက်တွေ့ပါဝင်ကူညီ ဆောင်ရွက်နေတဲ့ ကိုလွင်မောင် (Lwin Mg) အကောင့်ပိုင်ရှင် က အခုလို ရေးသား ဖွင့်ချခဲ့တာပါ “စောက်သည်းပေါက်တယ် မနေ့က ‘နှမ်းဖြူး’ ‘ ဖြစ်စဉ်နေရာလာတယ် သစ်ပင်ဖြတ်စက် ခဏတောင်းတယ်ပေးလိုက်တယ် ဓာတ်ပုံရိုက်တယ် ပြန်ပေးတယ် အလောင်းထွက်လာတယ် အဖွဲ့တွေသယ်လာကြတယ် ခဏဝင်ကိုင်ပြီး ဓာတ်ပုံရိုက်တယ် ပြီးတော့ သူများတွေ ဆက်သယ်ကြတယ် ပြီးတော့ပျောက်သွားတယ်…

အကြီးကဲ လူကြီးတွေလာတယ် ဝင်ဖောတယ် ဝင်ယောင်တယ် ကျွန်တော်တို့အဖွဲ့တွေနဲ့ မီးသတ် ရှာဖွေကယ်ဆယ်တို့ ပူးပေါင်း ထုတ်ယူခဲ့တဲ့ အလောင်းတွေကို အားလုံး သူထုတ်ယူတယ်ပေါ့ သူ တယောက်ထဲလုပ်တယ်ပေါ့ တယောက်ထဲ လုပ်လို့ရမယ်ထင်ရင် လာလုပ်ကြည့်ပါ မီးသတ်တပ်ဖွဲ့ ၊ YRO တပ်မတော်သားအားလုံး ၁၀၀ ကျော်ရှိတယ် ။ ကျွန်တော်တို့အားလုံး ဖယ်ပေးပါမယ် ရူးတောင်ရူးသွားအုံးမယ် ရှက်တတ်ဖို့ကောင်းပါတယ် ”ဆိုပြီး ရေးသားထားတာပါ

မှတ်ချက်တွေမှာတော့ ဝေဠုကျော် ချစ်သူတွေနဲ့ ဒေသခံတချို့ အချေအတင် ပြောဆိုထားကြတာကိုလည်းတွေ့ရပါတယ် ။ ပရိသတ်ကြီးလည်း ကိုဝေကြီး တကယ် နှမ်းဖြူးတာဖြစ်နိုင် ၊ မဖြစ်နိုင် မှတ်ချက်ကနေ ပြောပြပေးခဲ့ကြပါဦး ။

Leave a Reply

Your email address will not be published. Required fields are marked *