ရိပ်သာတစ်ဆောင်လုံးက အဘိုးဘွားတို့ရဲ့ငွေတွေ လိမ်ယူသွားတဲ့ဖြစ်ရပ်မင်္ဂလာပါ ချစ်ပရိသတ်ကြီးရေ ယခုပြောပြပေးသွားမယ့် အကြောင်းအရာလေးကတော့ ဘိုးဘွားရိပ်သာက အဘိုးအ အဘွားတွေဆီက ငွေကိုလိမ်ယူသွားတဲ့ လူမဆန်တဲ့လုပ်ရပ်ကို လုပ်သွားတဲ့လူတစ်ယောက် အ ကြောင်းပဲ ဖြစ်ပါတယ်
ဘိုးဘွားရိပ်သာဆိုတာ သားသမီးတွေ မလိုချင်လို့ စွန့်ပစ်တဲ့ အဘိုးအဘွားတွေ ၊ သားသမီးတွေက ဆင်းရဲချို့တဲ့လို့ မိဘတွေကို လုပ်မကျွေးနိုင်လို့ အကျိုး အကြောင်းတစ်ခုကြောင့် လာထားခံရတဲ့ အဘိုးအဘွားတွေ ဒီလိုမျိုး ဒုက္ခရောက်နေတဲ့ အဘိုးအဘွားတွေဆီကမှ ငွေတွေကို လိမ်ယူရက်သွားတာပါဗျာ။ရိပ်သာက အဘိုးအဘွားတွေဆိုတာ သူများတွေက လာလှူမှ ရတာပါ။ နာမကျန်းတဲ့ အဘိုးအဘွားတွေတောင် ပါပါတယ်။ ဒီဖြစ်စဉ်လေးအစက ငွေတွေကို လိမ်ယူသွားတဲ့ လူတစ်ယောက်ဟာ ဘိုဘွားရိပ်သာမှာ လုပ်အားပေးအနေနဲ့ဟန်ဆောင်ကာ လာအလုပ်လုပ်တဲ့သူ တစ်ဦးပါ။
ဒီပုံက ငွေတွေလိမ်ယူသွားတဲ့သူပါအဘိုးအဘွားတို့က အသက်လည်း ကြီးပြီ။ အမြဲလည်းမေ့တတ် မမှတ်မိတာက များတော့ ကျနော်ပဲ သိမ်းထားပေးပါ့မယ်။ အဘိုးအဘွားတို့ ငွေလိုရင်သာ လာပြော ကျနော် အဘိုးအဘွားတို့ ပိုက်ဆံကို ချက်ချင်းထုတ်ပေးပါ့မယ်ဆိုပြီး အယုံသွင်းခဲ့ပါတယ်။
အဘိုးအဘွားဆိုတာ သိတဲ့အတိုင်းပဲလေလူကြီးလည်းဖြစ် ရိုးသားကြတဲ့သူတွေလည်း ဖြစ်တဲ့အတွက် အယုံလွယ်ခဲ့ကြပါတယ်။ဒီလိုနဲ့ပဲ ရိပ်သာက ငွေလိမ်တဲ့သူကို ယုံကြည်ကြပြီး အဘိုးအဘွားတို့ကသူတို့မှာ ရှိသမျှငွေလေးတွေ အကုန်အပ်ခဲ့ကြတယ်။ နောက်နေ့မနက်ရောက်တော့ အဲ့ဒီလူက ရိပ်သာကနေ အစအနပျောက်သွားခဲ့တယ်။သူလိမ်သွားတာက အစကတည်းက ရည်ရွယ်ချက်ရှိရှိနဲ့ဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူး။ဘိုးဘွားရိပ်သာက လုပ်အားပေးသူတိုင်းကိုမဆိုလိုပါ။ ပုံရိပ်ပါ ငွေလိမ်တဲ့သူကိုသာ ပြောခြင်းဖြစ်ပါတယ်။ အခုဆို အဘွားက မျက်ရည်ကျနေပါတယ်။ အဘွားရဲ့ အလှူငွေ ၃သိန်း၈သောင်း၅ထောင် ကျပ် အပ်ထားတဲ့အလှူငွေတွေကို လိမ်ယူသွားလို့ပါ။
အဘွားကလည်း အတော်လေးစိတ်မကောင်း ဝမ်းနည်းနေရှာပါတယ်။ အဘွားအတွက် ရိပ်သာမှာ လိုအပ်တာတွေဝယ်ဖို့လည်းရှိပါသေးတယ်။ အဘွားက သူတောင်မသုံးရက် စုထားတဲ့ငွေလေးတွေပါ။ ဆက်လက်ပြီး အဘွားအတွက် အလှူဒါနလေး ပြုပေးနိုင်ကြပါစေရှင်။အဘိုးကတော့ အဆင်ပြေတဲ့ပုံ ပေါက်ပေမယ့် သူလည်း စိတ်ထဲမှာတော့ စိတ်မကောင်းဖြစ်နေရှာပါတယ်။ ရိပ်သာတစ်ဆောင်လုံးက အဘိုးအဘွားတွေဆီကငွေတွေကို လိမ်ယူသွားခဲ့တာပါ။ ရိပ်သာမှာကလညိး လူမလောက်တဲ့အတွက် ကိုဗစ်ကာလမှာ လုပ်အားပေးတဲ့သူတွေကိုလည်း လက်ခံရတဲ့ အနေအထားတစ်ခုပါ။
ဒီလိုပြောပြတာဟာ ရိပ်သာရဲ့ image ကို မထိခိုက်စေလိုပါ။ လိမ်သွားတဲ့သူရေ စားရက်တယ်ဆိုလည်း စားပါ။ အခု ရိပ်သာက အဘိုးအဘွားတွေလည်း ဝဋ်ကျွေးတစ်ခု ကြေသွားတာပေါ့လေ။ ကိုဗစ်ကာလမှာ အားလုံးလိုလို ခက်ခဲနေကြပေမယ့် လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။