အဆိုတော် သရုပ်ဆောင် ထွန်းထွန်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ကားအက်ဆီးဒင့် ဖြစ်ပေါ်ခဲ့

ဖြစ်စဉ်တွေကိုတော့ မျိုးဆက်သစ်မြတ်ပါရမီအသင်းက တာဝန်ရှိသူက ပြောပြလာပါတယ်။အဆိုတော် သရုပ်ဆောင် ထွန်းထွန်းကတော့ ရန်ကုန်ကနေ မန္တလေးကို သွားတဲ့ အမြန်လမ်း မိုင်တိုင်(၂၃၀) မှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ကားအက်ဆီးဒင့် တစ်ခု ကြုံခဲ့တယ်လို့ သိရပါတယ်။

အဆိုတော် သရုပ်ဆောင် ထွန်းထွန်းကိုယ်တိုင် လိုက်ပါလာတဲ့ ကားတစ်စီးကတော့ အမြန်လမ်းပေါ်မှာ အက်ဆီးဒင့် တစ်ခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူတို့ကို ကူညီပေးခဲ့တဲ့ “ မျိုးဆက်သစ်မြတ်ပါရမီအသင်း” မှ မထွေးထွေးငြိမ်းက Duwun ကို ပြောပြခဲ့ပါတယ်။

“ မနေ့က ည(၁၀) နာရီခွဲအချိန်လောက်က ညီမရဲ့အသိ တစ်ယောက်က ဖုန်းဆက်လာတယ် မိုင်တိုင်(၂၃၀) မှာ ကားတစ်စီးဆက်မောင်းဖို့ အဆင်မပြေတော့ဘူး။ ကူညီပေးလို့ရမလားဆိုတော့ သွားရောက် ကူညီပေးခဲ့ပါတယ်။ ဟိုရောက်တော့ ဖြစ်စဉ်ကို မေးကြည့်လိုက်တဲ့ အချိန်မှာ သူတို့က မိုင်တိုင်(၂၂၆) လောက် ဝန်းကျင်မှာ လမ်းမပေါ်မှာ သစ်တုံးကြီးတစ်တုံးချထားတယ်။ ကားကအရှိန်နဲ့လာတာဖြစ်တဲ့ အတွက် ကားကို ရှောင်ဖို့အဆင်မပြေခဲ့ဘူးပေါ့။ ကားက တအားကြီး ဆိုးဆိုးရွားရွားဖြစ်သွားတယ်” လို့ ဆိုပါတယ်။ဒါ့အပြင် ထွန်းထွန်းနဲ့ သူငယ်ချင်းဖြစ်သူတို့ဟာ မန္တလေးကို သွားမှာ ဖြစ်တဲ့အတွက် မျိုးဆက်သစ်မြတ်ပါရမီအသင်း သားတွေကပဲ လိုက်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။ ကားအက်ဆီးဒင့်ကြောင့် ပျက်စီးသွားတဲ့ ကားကိုလည်း ဝပ်ရှော့ ပို့ပေးခဲ့တယ်လို့ ဆက်လက် ပြောပြလာပါတယ်။

“ သစ်တုံးကို တိုက်ခဲ့တဲ့ နားမှာ ကားမရပ်ရဲတော့ သူတို့ဆီမှာ ပါတဲ့ ကားဘီးအပိုတွေနဲ့ ဘီးကို လဲပြီး ကားဆက် မောင်းလာတဲ့ အချိန်မှာ မိုင်တိုင်(၂၃၀) ရောက်တော့ လုံးဝ ဆက်မောင်းလို့မရတော့ပဲ ထိုးရပ်သွားခဲ့လို့ ညီမတို့ အသင်းကို အကူအညီတောင်းခဲ့တာပါ။ ညီမတို့ အဖွဲ့ရောက်သွားတဲ့အချိန်မှာတော့ ကရိန်းကားတစ်စီး ရောက်နေတာကိုလည်း တွေ့ရတယ်။ လူတွေကတော့ ဘာမှ မဖြစ်ဘူး ကားပေါ်မှာ နောက်ထပ် လူနှစ်ယောက် ပါလာတယ်။ ပြီးတော့ သူတို့က မန္တလေးကို သွားချင်တာဖြစ်တဲ့ အတွက် လူနာတင်ကား မဟုတ်တဲ့ RESCUE ကား တစ်စီးနဲ့ မန္တလေးကို ပို့ပေးလိုက်တယ်။ ကားကိုလည်း တခြား အချိတ်အဆက်တွေလုပ်ပြီး ဝပ်ရှော့ကို ပို့ပေးလိုက်တယ်” လို့ သူက ဆိုပါတယ်။ကားအက်ဆီးဒင့်ကြောင့် ထွန်းထွန်းအပါအဝင် တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ကားသာပျက်စီးသွားတယ်လို့ သိရပါတယ်။ အခုလို ကားအက်ဆီးဒင့် ကြုံခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထွန်းထွန်းကို ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာမှာတော့ ဖုန်းဖြေဆိုခဲ့ခြင်း မရှိပါဘူး။

ဆယ်လီရပ်ကွက်

ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန်အတွက် ကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့တဲ့ ဦးကျော်သူလက်ရှိဖြစ်ပေါ်နေတဲ့ COVID-19 ကူးစက်ရောဂါ နဲ့ ပတ်သက်ပြီး ကာကွယ်ဆေးတွေ ထွက်ပေါ်လာပြီဖြစ်ပါတယ်။ ဒီ ကာကွယ်ဆေးတွေကို လုံလုံလောက်လောက် ဝယ်ယူနိုင်ဖို့အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူက ကျပ်သိန်း(၁၀၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

” ကိုဗစ်ကာကွယ်ရေးဆေး အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) မှနေပြည်တော် သို့ ကျပ်သိန်းတစ်ရာ (၁၀၀၀၀၀၀ဝိ/-) လှူဒါန်းခြင်း။ နတ်လူသာဓုခေါ်စေသော်” ဆိုပြီးတော့ ဇန်နဝါရီလ (၉) ရက်နေ့ ညနေ ၅ နာရီကျော်က ဦးကျော်သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ဦးကျော်သူ ကိုယ်တိုင်ကလည်း ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရဖူးသူဖြစ်ပါတယ်။ သူဟာ အောက်တိုဘာလ (၂၁) ရက်နေ့တုန်းက ဆေးစစ်ချက်အရ ကိုဗစ်ပိုးတွေ့ရှိခဲ့ရတာကြောင့် ဝေဘာဂီဆေးရုံကြီးမှာဆေးကုသမှု ခံယူခဲ့တာဖြစ်ပြီး နိုဝင်ဘာလ(၇) ရက်နေ့မှာ ကိုဗစ်ရောဂါပိုး ကင်းစင်သွားခဲ့တာဖြစ်ပါတယ်။ သူဟာ နှလုံးခွဲစိတ်ခံထားရသူလည်းဖြစ်သလို ဆီးချို ရောဂါ အခံရှိတာကြောင့် ကိုဗစ်ရောဂါ ကူးစက်ခံလိုက်ရတဲ့ အချိန်မှာ ပရိသတ်တွေသာမက ၊ အနုပညာရှင်တွေကလည်း စိုးရိမ်ပေးခဲ့ကြပါသေးတယ်။ဦးကျော်သူဦးဆောင်တဲ့ နာရေးကူညီမှုအသင်းဟာ COVID-19 ကာလမှာ ဈာပနပို့ဆောင်ခြင်း၊ ရောဂါပိုးကာကွယ်ရေးအတွက် ဆေးဖြန်းခြင်း၊ မီးဘေးအန္တရာယ် တားဆီးရေး အတွက် ရေသယ်ကားများနဲ့ ကူညီပေးခြင်း၊ ရေရှားပါးတဲ့ ကျေးရွာတွေမှာ ရေအလှူပြုခြင်း စတဲ့ ကုသိုလ်ရေးတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဦးကျော်သူ အနေနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ကို ၂၀၀၀ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။ အခုဆိုရင်တော့ ဒီအသင်းကြီးဟာ နှစ်ပေါင်း(၂၀) ကျော်လာခဲ့ပါပြီ။ ဦးကျော်သူဟာ တစ်ချိန်က အကယ်ဒမီဆုတွေ ရရှိခဲ့ဖူးတဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။

ဆယ်လီရပ်ကွက်

ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် ကမ္ဘောဇဘဏ်လီမိတက်က ငွေကျပ် သန်း ၃၀၀၀ (၃ ဘီလီယံ) လှူဒါန်းကမ္ဘောဇဘဏ်က ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေ (COVID-19 Vaccination Fund) သို့ COVID-19 ကပ်ရောဂါကာကွယ်ဆေး ဝယ်ယူရန်အတွက် ငွေကျပ် သန်း ၃၀၀၀ (ငွေကျပ် ၃ ဘီလီယံ) ကို ဇန်နဝါရီ ၇ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်အနေဖြင့် ယခု ကိုဗစ်-၁၉ ကာကွယ်‌ဆေး လှူဒါန်းမှု အပါအဝင် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးအတွက် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလမှစတင်ကာ ယနေ့အထိ ငွေကျပ် ၁၄ ဒသမ ၂ ဘီလီယံကျော် လှူဒါန်းထားပြီးဖြစ်ကြောင်း သိရသည်။ထို့အပြင် ကမ္ဘောဇဘဏ်သည် နိုင်ငံတော်နှင့် ပြည်သူအတွက် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူမျိုးမရွေး၊ ဘာသာမရွေး၊ နေရာဒေသမရွေးတွင် ယနေ့ အချိန်အထိ ငွေကျပ် ၁၈၄ ဘီလီယံကျော် လှူဒါန်းထားကြောင်း သိရသည်။

ကမ္ဘောဇဘဏ်အနေဖြင့် ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် အင်တိုက်အားတိုက် ပါဝင်လှူဒါန်းဆောင်ရွက် ပေးလျက်ရှိရာယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးဝယ်ယူရန်အတွက် ငွေကျပ်သန်း ၃၀၀၀ (၃ ဘီလီယံ)ကို နိုင်ငံတော်မှ သတ်မှတ်ထားသော COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေး

ရန်ပုံငွေ စာရင်းအမှတ်သို့ ပေးသွင်း ထည့်ဝင်သွား မည်ဖြစ်ကြောင်းနှင့် ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် လိုအပ်သည်များ ဆက်လက်ဆောင်ရွက်သွားရန် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

NLO

သစ္စာမဲ့တဲ့ဇနီးအတွက် ပိုင်ဆိုင်မှုအားလုံးကို ပညာသားပါပါ တစ်ဝက်ချင်းစီခွဲပေးခဲ့တဲ့ အမျိုးသား(ရုပ်သံ)

လူတွေဟာ သူတို့ရဲ့အိမ်ထောင်ဖက်က သူတို့အပေါ်လိမ်လည်လှည့်စားနေခဲ့တာကို သိသွားရတဲ့အခါတိုင်း ပုံမှန်အားဖြင့် မိုးပြိုတော့မလို ခံစားကြရပါတယ်။အဆိုပါကိစ္စကြောင့် အမျိုးသမီးတစ်ဦးက သူတို့ရဲ့ကား သို့မဟုတ် သူတို့ရဲ့အခြားပုဂ္ဂိုလ်ရေးပစ္စည်းတွေကို ဖျက်ဆီးခဲ့တဲ့အဖြစ်လည်း ကျွန်တော်ကြားဖူးခဲ့ပါတယ်။သို့ပေမဲ့ သူမထက်အခြေအနေဆိုးတဲ့အဖြစ်အပျက်တစ်ခုလည်းရှိနေပါတယ်။မကြာသေးခင်က ဂျာမနီနိုင်ငံရှိ အမျိုးသားတစ်ဦးဟာ ဇနီးသည်က သူ့အပေါ်လိမ်လည်နေတာကို သိလိုက်ရတော့ ချက်ချင်း ကွာရှင်းလိုက်ပြီးနောက် သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ၅၀/၅၀ စီခွဲယူဖို့ သဘောတူခဲ့ကြပါတယ်။သို့ပေမဲ့ အဆိုပါအမျိုးသားဟာ သူ့အားလိမ်လည်ပြီး မထီမဲ့မြင်လုပ်တဲ့ဇနီးကို လွယ်လွယ်လေး အလွတ်မပေးခဲ့ပါဘူး ။ သူဟာ သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းအချို့တွေကို ရောင်းပစ်ခဲ့သလို ပိုဆိုးတာက ပစ္စည်းအချို့ကို တစ်ဝက်စီယူမယ်ဆိုတဲ့အတိုင်း ပစ္စည်းတစ်ချင်းစီကို စက်နဲ့ တစ်ဝက်တိတိ ဖျက်ပစ်ခဲ့တာပါဘဲ။ဒီတော့ အတော်လေးဒေါသထွက်နေတဲ့အဆိုပါအမျိုးသားရဲ့ပစ္စည်းဖျက်ခြင်းအနုပညာကို ဆက်လက်ကြည့်ရှုခဲ့ကြပါအုံး။သူက ဗီဒီယိုနဲ့ပါ မှတ်တမ်းတင်ထားခဲ့ပါသေးတယ်။

12345678910111213141516

Mia (Mckzone Daily)

Source : buzznicked

Unicode

သစ္စာမဲ့တဲ့ဇနီးအတွက် ပိုင်ဆိုင်မှုအားလုံးကို ပညာသားပါပါ တစ်ဝက်ချင်းစီခွဲပေးခဲ့တဲ့ အမျိုးသား(ရုပ်သံ)

လူတွေဟာ သူတို့ရဲ့အိမ်ထောင်ဖက်က သူတို့အပေါ်လိမ်လည်လှည့်စားနေခဲ့တာကို သိသွားရတဲ့အခါတိုင်း ပုံမှန်အားဖြင့် မိုးပြိုတော့မလို ခံစားကြရပါတယ်။အဆိုပါကိစ္စကြောင့် အမျိုးသမီးတစ်ဦးက သူတို့ရဲ့ကား သို့မဟုတ် သူတို့ရဲ့အခြားပုဂ္ဂိုလ်ရေးပစ္စည်းတွေကို ဖျက်ဆီးခဲ့တဲ့အဖြစ်လည်း ကျွန်တော်ကြားဖူးခဲ့ပါတယ်။သို့ပေမဲ့ သူမထက်အခြေအနေဆိုးတဲ့အဖြစ်အပျက်တစ်ခုလည်းရှိနေပါတယ်။မကြာသေးခင်က ဂျာမနီနိုင်ငံရှိ အမျိုးသားတစ်ဦးဟာ ဇနီးသည်က သူ့အပေါ်လိမ်လည်နေတာကို သိလိုက်ရတော့ ချက်ချင်း ကွာရှင်းလိုက်ပြီးနောက် သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ၅၀/၅၀ စီခွဲယူဖို့ သဘောတူခဲ့ကြပါတယ်။သို့ပေမဲ့ အဆိုပါအမျိုးသားဟာ သူ့အားလိမ်လည်ပြီး မထီမဲ့မြင်လုပ်တဲ့ဇနီးကို လွယ်လွယ်လေး အလွတ်မပေးခဲ့ပါဘူး ။ သူဟာ သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းအချို့တွေကို ရောင်းပစ်ခဲ့သလို ပိုဆိုးတာက ပစ္စည်းအချို့ကို တစ်ဝက်စီယူမယ်ဆိုတဲ့အတိုင်း ပစ္စည်းတစ်ချင်းစီကို စက်နဲ့ တစ်ဝက်တိတိ ဖျက်ပစ်ခဲ့တာပါဘဲ။ဒီတော့ အတော်လေးဒေါသထွက်နေတဲ့အဆိုပါအမျိုးသားရဲ့ပစ္စည်းဖျက်ခြင်းအနုပညာကို ဆက်လက်ကြည့်ရှုခဲ့ကြပါအုံး။သူက ဗီဒီယိုနဲ့ပါ မှတ်တမ်းတင်ထားခဲ့ပါသေးတယ်။

သူမွေးထားတဲ့ နွားတွေကို ငါချမ်းသလို သူလည်းချမ်းနေရှာမှာဆိုပြီး စောင်ခြုံပေးထားတဲ့ နွားပိုင်ရှင်ဆင်ဖြူကျွန်းက နွားတွေမွေးထားတဲ့ နွားပိုင်ရှင်ကတော့ ခုလို အေးချမ်းလှတဲ့ ဆောင်းရာသီမှာ ငါတောင်ချမ်းနေတာ သူမွေားထားတဲ့ နွားတွေလဲချမ်းနေမှာပဲဆိုပီးတော့မှ အိမ်မှာရှိတဲ့ လောလောဆယ် စောင်တွေကို ခြုံထားပေးပါတယ်။တကယ့်ကြင်နာမှုရှိတာကိုတွေ့မြင်ရမှာပါ။ကြင်နာမှု အတွက်လေးစားပါတယ်ဗျာ ငါချမ်းသလိုသူလည်းချမ်းနေရှာမှာပဲ ဆင်ဖြူကျွန်းက နွားပိုင်ရှင်တစ်ယောက်

Unicode

သူမွေးထားတဲ့ နွားတွေကို ငါချမ်းသလို သူလည်းချမ်းနေရှာမှာဆိုပြီး စောင်ခြုံပေးထားတဲ့ နွားပိုင်ရှင်ဆင်ဖြူကျွန်းက နွားတွေမွေးထားတဲ့ နွားပိုင်ရှင်ကတော့ ခုလို အေးချမ်းလှတဲ့ ဆောင်းရာသီမှာ ငါတောင်ချမ်းနေတာ သူမွေားထားတဲ့ နွားတွေလဲချမ်းနေမှာပဲဆိုပီးတော့မှ အိမ်မှာရှိတဲ့ လောလောဆယ် စောင်တွေကို ခြုံထားပေးပါတယ်။တကယ့်ကြင်နာမှုရှိတာကိုတွေ့မြင်ရမှာပါ။ကြင်နာမှု အတွက်လေးစားပါတယ်ဗျာ ငါချမ်းသလိုသူလည်းချမ်းနေရှာမှာပဲ ဆင်ဖြူကျွန်းက နွားပိုင်ရှင်တစ်ယောက်

ယနေ့ဂေဟာကသားသမီးတွေနဲ့အတူ သံဃာအပါး(၂၀၀)ကို နှစ်ဦးဆွမ်းကပ်အလှူလေးပြုလုပ်ခဲ့တဲ့ ခိုင်နှင်းဝေတစ်ချိန်က ပရိသတ်တွေရဲ့ အသည်းစွဲ မင်းသမီလေး ခိုင်နှင်းဝေက ကိုယ်ကျိုးကိုမကြည့်ပဲ ပြည်သူ့အကျိုးပြု လုပ်ငန်းတွေကို စွမ်းစွမ်းတမံ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ခိုင်နှင်းဝေက ပရဟိတလုပ်ငန်းတွေနဲ့ မိဘမဲ့ကလေးငယ်လေးများအတွက်လည်း ဂေဟာလေး ဖွင့်လှစ်ထားပြီး တစ်ဖက်မှာလည်း မိသားစုအတွက် ဦးဆောင်နေတဲ့ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ အဆင်းရော အချင်းပါပြည့်စုံတဲ့ ခိုင်နှင်းဝေကတော့ သူမရဲ့ ဝန်ထမ်းတွေအတွက်လည်း ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပြီး ယုံကြည်အားထားခြင်းခံရသူတစ်ယောက်ဆိုလည်း မမှားပါဘူး။စိတ်ထားလေးကောင်းသလို အလှူရေစက် လက်နဲ့မကွာ လှူဒါန်းတတ်တဲ့ ခိုင်နှင်းဝေက ဒီကနေ့မှာလည်း သူမရဲ့ ဂေဟာက သားသမီးတွေနဲ့အတူတူ ရေစက်ချအလှူလေးတစ်ခုပြုလုပ်ခဲ့ကြောင်း ပြောလာပါတယ်။ခိုင်နှင်းဝေက “ဘဝတပါး ကူးပြောင်းသွားသော ခုနှစ်ရက် သားသမီးအလှူရှင် များအား ရည်စူး၍ သံဃာ အပါး (၂၀၀)အား ဆွမ်း၊ ခဲဘွယ်၊အလှုငွေ များ ကပ်လှု ပူဇော်ခြင်း ကို ကျမ တို့ “ခိုင်” မိသားစု နှင့် ခုနှစ်ရက် သားသမီး အလှူရှင်များ မှ နှစ်ဦး အလှူ အဖြစ် ရေစက်ချ လှူဒါန်း ကုသိုလ်ယူ အမျှဝေ ခဲ့ပါတယ် ရှင်.🙏🙏🙏….” ဆိုပြီး သူမတို့ မိသားစုရဲ့ ကုသိုလ်လေးကို မျှဝေပေးလာပါတယ်ခိုင်နှင်းဝေကတော့ သူမရဲ့ ဂေဟာက ကလေးတွေနဲ့အတူတူ အလှူလုပ်ရေစက်ချခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခိုင်နှင်းဝေတို့ မိသားစုရဲ့ နှစ်ဦးအလှူလေးကို ထပ်တူသာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဆယ်လီကွန်နက်ရှင်

မိခင်မရှိတော့တဲ့ သခင်ရဲ့ သားလေးကို နို့တိုက်ရင်း သံယောဇဉ်ဖြစ်သွားတဲ့ နွားမကြီး

မင်္ဂလာပါ ပရိသတ်ကြီးရေ ယခုဖော်ပြပေးမှာကတော့ မိခင်မရှိတော့တဲ့ သူ့သခင်ရဲ့ သားလေးကို နွားမကြီးက နို့တိုက်ရင်း သံယောဇဉ်ဖြစ်ပြီး တိရိစ္ဆာန်ဆိုပေမယ့် မိခင်စိတ်ရှိတဲ့ နွားမကြီးအကြောင်းကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

တစ်ခါတုန်းက ရွာတစ်ရွာမှာ မိခင်ဖြစ်သူက သားလေးတစ်ယောက် ကို မွေးရင်း မီးတွင်းထဲမှာပဲ ဆုံးပါးသွားခဲ့ရပါတယ်။ အဲ့ဒီလို ဆုံးပါးသွားတော့ လူမမယ်သားလေး မိတဆိုးလေးမို့ ဖခင်ဖြစ်သူခမျာ နို့ချိုတိုက်ကျွေးဖို့ အခက်ကြုံလာခဲ့ပါပြီ။

ဒီလိုနဲ့ပဲ တစ်ရက်မှာ တိုက်တိုက်ဆိုင်ဆိုင် အိမ်မှာမွေးထားတဲ့ နွားမကြီးကလည်း နွားသားလေးတွေ ပေါက်လို့ အဆင်သင့်စွာပဲ သားလေးအတွက်နို့ချိုတိုက်ကျွေးရမဲ့ ပြဿနာက ပြေလည်သွားခဲ့ပါတယ်။

ဒီလိုနဲ့နွားမကြီးနဲ့ သားလေးရဲ့ သံယော ဇဉ်ကြိုးလေးတွေဟာ တဖြည်းဖြည်း ခိုင်မြဲလာပြီး ၃ နှစ်ကျော်ကျော် အရွယ် ရောက်လာတဲ့ သားလေးက သူကိုယ် တိုင်ပဲ နွားမကြီးရဲ့နို့ရည်ကို သောက်စို့နိုင်ခဲ့ပါတယ်။

မူကြိုအရွယ်မို့ သားလေးကျောင်းသွားရင်လည်း ညနေရောက် တိုင်း နွားမကြီးက ကျောင်းရှေ့ကိုလာလာကြိုပေးတယ်။ တစ်ရက်မှာတော့ နွားမကြီးနဲ့သားလေးရဲ့ သံယောဇဉ်တွေ အဆက် ပြတ် မယ့်နေ့ရောက်လာခဲ့ရပါတယ်။

ညနေကျောင်းဆင်းချိန်လည်းရောက်ရော ပုံမှန်လာကြိုနေကြ နွားမကြီးက ရောက်မလာခဲ့ပါဘူး။ သားလေးခမျာ နွားမကြီးကိုမျှော်ရင်းနဲ့ အိမ်ကို တရွေ့ရွေ့ရောက်လာခဲ့ပြီး ရောက်ရောက်ခြင်းပဲ သားလေးကမေးပြီလေ

“နွားမကြီးက ဘယ်ရောက်သွားလည်း အဖေ”ဆိုတော့ မျက်နှာမကောင်းဖြစ်နေရှာတဲ့ဖခင်က ခုလိုပြန်ဖြေရှာပါတယ်” သားလေးရဲ့နွားမကြီးရောင်းလိုက်ရပြီသားရယ်” အိမ်ကစည်းပွားရေးမကောင်းတော့ လယ်တွေယာတွေ စိုက်ပျိုးဖို့ မျိုးက ဝယ်ရဦးမယ်

စားဝတ်နေရေးအတွက် အဖေဒီနွားမကြီးကို မရောင်းမဖြစ်တော့လို့အဖေရောင်းလိုက်ရတာပါ သားရယ်” တဲ့ ခိုင်းနွားတွေရောင်းလိုက်ရင် အဖေ့လက်မောင်းတွေ ဖြုတ်သလိုဖြစ်မှာမို့ မရောင်းချင်ပေမယ့်လည်း မတတ်သာတဲ့နောက် နောက်ဆုံး ရွေးချယ်လိုက်ရတာပါတဲ့။

မိခင်တစ်ယောက်လို တွယ်တာခဲ့တဲ့သားလေး ငိုကြွေးရုံမှတပါး အခြားမရှိခဲ့ ဒီလိုနဲ့မစားမသောက်ပဲ အိပ်ယာထဲ လဲခဲ့ပြီပေါ့ သားအဖြစ်ကို မကြည့်ရက် မမြင်ရက်နဲ့ ၂ ရက်လောက်သော နံနက် ခင်းမှာ အိမ်ရှေ့က နွားအော်သံကြားရတော့

ဖခင်ဖြစ်သူက အိမ်တံခါးဖွင့်ကြည့်ချိန် မျှော်လင့်မထားတဲ့မြင်ကွင်း ကြောင့် သားဖြစ် သူကို အိပ်ယာက နှိုးလို့ “သားလေး ထကြည့်စမ်းပါဦးကွာ”ဆိုပြီး သားဖြစ်သူက အိမ်ရှေ့ကိုမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ပျော်ရွှင်မဆုံးဖြစ်ရပြီပေါ့လေ။

ရောင်းလိုက်တဲ့ နွားမကြီး အိမ်ရှေ့မှာ ဝယ်သူ ကိုယ်တိုင်လက်က ဆွဲပြီး ရောက်နေလို့ ဖခင်ဖြစ်သူကအကျိုး အကြောင်းမေးပါတော့တယ် ဝယ်သူက ပြန်ပြောပြလိုက်တာက

” ဒီနွားမကြီး အိမ်ရောက်တဲ့ နေ့ကတည်းက ဘာမှလည်းကျွေးမရဘူးဗျာ မျက်ရည်တွေပဲ ကျနေတာ အစာလည်း မစားဘူး အော်နေတာ ညတိုင်းပဲ ဒါနဲ့အကြောင်းရင်းကို သိရအောင် ဒီပြန်ခေါ်လာတာပဲ “တဲ့ဗျာ။

ဒီလိုနဲ့ ဖခင်ဖြစ်သူကလည်း နွားမကြီးနဲ့ သားလေးရဲ့ အကြောင်းစုံရှင်းပြလိုက်တော့မှ ဝယ်သူက ဇာတ်ရည်လည်သွားပါတော့တယ် နောက်ပြီးတော့ ဝယ်သူကလည်း

“ကျုပ် ဒီနွားမကြီးနဲ့ဒီသားလေးရဲ့ သံယောဇဉ်ကို မဖြတ်တော့ပါဘူးဗျာ ငွေလည်းပြန်မပေးပါနဲ့တော့ ကျုပ် လှူပါတယ် မိခင်မရှိတော့တဲ့ သားလေးအတွက် မိခင်မေတ္တာစိတ်နဲ့နို့ ချိုတိုက်ကျွေးခဲ့တဲ့ ဒီနွားမကြီးနဲ့ဒီသားလေးဘဝ ရေဆက်ရှိသရွေ့ နေထိုင်ပါစေတော့ဗျာ “ဆိုပြီး နွားမကြီးကို ထားခဲ့ပြီး ပြန်သွားပါတော့တယ်။

တိရစ္ဆာန်ပင်ဖြစ်ပါစေ မျိုးမတူဘဝခြားပေမဲ့ သံယောဇဉ်နှောင်ဖွဲ့မှုတွေ မေတ္တာတရား ထားတတ်မှုတွေဟာ ကျွန်တော်တို့လူသားက ပိုလို့တောင် ရှိသင့်ပါတယ်။ ကျင်လည်ရတဲ့လူ့ဘဝ ခဏလေးမှာ တစ်ဦးအပေါ်တစ်ဦးအပြန် အလှန် နားလည်မှုတွေ စာနာမှုတွေ မေတ္တာတရားတွေလွှမ်းခြုံပါသော လူ့အသိုက် အဝန်းတစ်ခုကို တည်ဆောက်နိုင်ပါရင် ဒီကမ္ဘာလောကကြီး သာယာအေးချမ်းသွားမှာအမှန်ပါပဲလေ။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါတယ် ခင်ဗျာ

Credit/ Original uploader
#Makyipyar မှ တဆင့်ဖော်ပြပါသည်

ဇနီးလောင်းလေးရဲ့ အလိုကျ အလှပဆုံး Pre-wedding ဓာတ်ပုံ ရိုက်ပေးခဲ့တဲ့ အမျိုးသားယောင်္ကျားလေးတွေက တော်ရုံမိန်းကလေးအင်္ကျီစမ်းဝတ်ကြည့်ဖို့ကိုတောင် လုံးဝမလုပ်ချင်ကြသူတွေပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ အမျိုးသားကတော့ အခြားသူတွေ သူ့အပေါ်အထင်လွဲမှားမှာကိုတောင် မစိုးရိမ်ပဲ ဇနီးလောင်းလေးရဲ့ ဆန္ဒအတိုင် သတို့သမီးဝတ်စုံလေးဝတ်ပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ် ။ဒါတင်မကပါဘူး social media ပေါ်မှာ ဝေမျှဖို့ကိုတောင် သဘောတူပေးခဲ့လို့ တကယ့်ကို ဇနီးလောင်းအပေါ် အလိုလိုက်လွန်းပြီး ချစ်တတ်လွန်းတဲ့သူလို့ ပြောရလောက်အောင်ပါဘဲ ။ ဓာတ်ပုံရိုက်နေစဉ်မှာလည်း နှစ်ယောက်လုံးကြည်နူးမဆုံး ပြုံးပျော်နေကြတာပါ ဓာတ်ပုံထဲမှာမြင်တွေ့ကြရမှာပါ ။ Mia (Mckzone Daily)

Source : 小回忆 Little Memories

Unicode

ဇနီးလောင်းလေးရဲ့ အလိုကျ အလှပဆုံး Pre-wedding ဓာတ်ပုံ ရိုက်ပေးခဲ့တဲ့ အမျိုးသားယောင်္ကျားလေးတွေက တော်ရုံမိန်းကလေးအင်္ကျီစမ်းဝတ်ကြည့်ဖို့ကိုတောင် လုံးဝမလုပ်ချင်ကြသူတွေပါ ။ သို့ပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့ အမျိုးသားကတော့ အခြားသူတွေ သူ့အပေါ်အထင်လွဲမှားမှာကိုတောင် မစိုးရိမ်ပဲ ဇနီးလောင်းလေးရဲ့ ဆန္ဒအတိုင် သတို့သမီးဝတ်စုံလေးဝတ်ပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ် ။ဒါတင်မကပါဘူး social media ပေါ်မှာ ဝေမျှဖို့ကိုတောင် သဘောတူပေးခဲ့လို့ တကယ့်ကို ဇနီးလောင်းအပေါ် အလိုလိုက်လွန်းပြီး ချစ်တတ်လွန်းတဲ့သူလို့ ပြောရလောက်အောင်ပါဘဲ ။ ဓာတ်ပုံရိုက်နေစဉ်မှာလည်း နှစ်ယောက်လုံးကြည်နူးမဆုံး ပြုံးပျော်နေကြတာပါ ဓာတ်ပုံထဲမှာမြင်တွေ့ကြရမှာပါ ။

Mia (Mckzone Daily)

Source : 小回忆 Little Memories

သိန်း(၂၀၀၀)လှူဒါန်းပြီးတဲ့အပြင် မရှိတဲ့နေရာတွေအတွက် ထပ်ပြီးလှူဒါန်းမည်ဟု သိန်းတစ်သောင်းခွဲကံထူးရှင်ပြော (ရုပ်သံ)ပကာသနမလိုတဲ့ သိန်းတစ်သောင်းခွဲ ကံထူးရှင်အခုလဲ သိန်း၂၀၀၀လှူပြီးပြီတဲ့ကိုယ့်အတွက်အိမ်လေးရယ် လိုအပ်တာလေးဝယ်ပေးပြီးရင်လို အပ်တဲ့သူတွေကိုယ် လှူဒါန်းသွားမယ်တဲ့။

အခုတော့ အမေ့အတွက်ရယ် အမျိုးတွအတွက်ရယ်စိန်ထည်တွေ ၊ရွှေထည်တွေ အများကြီးအာ းပေးသွားတဲ့အတွက်ဇွဲထက်မိသားစုမှ အထူးပင်ကျေးဇူးတင်မိပါတယ်ရှင့်။

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဇီးအုပ်ကျေးရွာတွင် အိမ်ငှားရမ်းနေထိုင်ပြီး သားငါးရောင်းချသည့် အမျိုးသမီးငယ် တစ်ဦးမှ ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ၏ ကျပ်သိန်းတစ်သောင်းခွဲဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။သူမအနေဖြင့် ၂၀၂၀ တစ်နှစ်လုံး ထီထိုးခဲ့ခြင်းမရှိဘဲ ယခုလတွင်မှ ထီထိုးခဲ့ခြင်းဖြစ်ပြီး အ သ က် ၁၉ နှစ်အရွယ်မှ စတင်ထီထိုးခဲ့ကြောင်း၊ပထမဆုံး ထီပေါက်ခြင်းတွင် ကျပ်သိန်း တစ်သေ ာင်းခွဲဆုကို ကံထူးခဲ့သဖြင့် ယုံကြည်နိုင်ခြင်း မရှိသေးဘဲ အရမ်းအံ့သြမိကြောင်း ကံထူးရှင် မဝင်းဝင်းအိက ဆိုသည်။

မွေးချင်းငါးယောက်အနက် အကြီးဆုံးဖြစ်သည့် သူမအနေဖြင့် ၅၆ လမ်း အောင်ပင်လယ်ဈေးတွ င် သားငါးရောင်းချခြင်းဖြင့် မိသားစု၏ တာဝန်ကို ဖြေရှင်းနေရသလို လက်ရှိနေထိုင်သည့် နေ ရာမှာလည်း ကျူးကျော်သဘောမျိုး ငှားရမ်းနေထိုင် ရကြောင်းလည်း သိရသည်။

ဆက်လက်ပြီး ကျပ်သိန်းတစ်သောင်းခွဲ ထီ ပေါဘက်သည့် ငွေများကို မိခင်၏ သဘောတိုင်းသ ာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် သူမအ နေဖြင့် သာသနာ ပြုချင်ကြောင်းလည်း ဆို သ ည်။သားငါးရောင်းတာဆိုတော့ အကုသိုလ် အလုပ်လေ။ ဆက်မလုပ်ချင်တော့ဘူး။ အခုလို ထီ ပေါ က်တော့ ဆွေမျိုးသားချင်း တွေကလည်း ဝိုင်းလာကြတာပေါ့လေ။

ထီလက်မှတ် သူတို့အပ်ဖို့တွေဘာတွေ ပြောနေတာတို့၊ ဟိုကြိမ်း ဒီကြိမ်းနဲ့ဆိုတော့ ညီမနည်းနည်း စိတ်ညစ်တာပေါ့။ ထီလက်မှတ်ကလည်း ရုံးပိတ်ရက်နဲ့ ဘာနဲ့ဆိုတော့ မထုတ်ရသေးဘူး။အိမ်တော့ပြန်ဖို့ အဆင်မပြေ သေးတာကြောင့် အခုတစ်ခြားမှာပဲ နေနေတယ်။ ညီမဘာဖြစ်ချင်လဲ ဆိုရင်တော့ အမေနဲ့ မောင်နှမတွေအတွက် လုပ်စရာရှိတာ လုပ်ပေးပြီးရင် ညီမသီလရှင် ဝတ်ချင်တယ်။ အိမ်ထောင်လည်း မပြုချင်ဘူးဟုသူမဆန္ဒကို ပြောကြားသည်။

ယခုလို သူမကဲ့သို့ ကျပ်သိန်းတစ်သောင်းခွဲထီ ကံထူးရှင်အဖြစ် လူတိုင်းကံထူးနိုင်သဖြင့် ထီကိုမပျက်မကွက် ထိုးရန်နှင့် ၎င်းအနေဖြင့်လည်း ထီဆက်လက် ကံစမ်းသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်အခုထက် ကုသိုလ်များအများကြီးလုပ်ပေးနိုင်ပါစေရှင့်။

Credit Wai gyi

ရရှိသမျှဆုကြေးငွေတွေစုပြီး မိဘမဲ့စာသင်ကျောင်းဆောက်လုပ်လှူဒါန်းခဲ့တဲ့ တက္ကသိုလ်ဝင်တန်းမြန်မာတနိုင်ငံလုံး ဒုတိယဆုရှင် မိန်းကလေးမန္တလေးနဂါးသမီး ဦးအောင်ဖေ+ဒေါ်မြနှင်းစောတို့၏သမီးချစ် နှလုံးသားအလှပိုင်ရှင်မလေး “မဖြူးခေတ်” ဟာ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၆ ဘာသာဂုဏ်ထူးနဲ့အောင်မြင်ခဲ့သူဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးမှာ ဒုတိယရရှိခဲ့တာပါ…..

ဒီလို ပညာရေးမှာ ထူးချွန်တဲ့ သမီးလေးဟာ နှလုံးရည်မှာလည်း ပြည့်ဝလှသူပါ၆ ဘာသာဂုဏ်ထူးထွက်လို့ ရရှိခဲ့တဲ့ ဂုဏ်ပြုငွေလေးတွေနဲ့ KG တန်း စာသင်ကျောင်းဆောင်တစ်ဆောင်ကို ဆောက်လုပ်လှူဒါန်းခဲ့လို့ပဲ ဖြစ်ပါတယ်မဖြူးခေတ်ဟာ ၄ တန်း ၅ တန်းက စပြီး ၁၀ တန်းထိတိုင်အောင် ပထမနဲ့ ဒုတိယ ဆုတွေ အလီလီ ရရှိခဲ့သူလို့ သိရပါတယ်.ခု (၁၀)တန်းမှာလည်းပဲ (၆)ဘာသာ ဂုဏ်ထူးနဲ့ မြန်မာတစ်နိုင်ငံလုံးမှာပထမရရှိသူနဲ့ တစ်မှတ်ပဲ ကွာပြီး ဒုတိယရရှိခဲ့တာပါ ဒီ့အတွက် မန္တလေး “ဆု” ကိုယ်ပိုင်အထက်တန်းကျောင်း က ဂုဏ်ပြုငွေ သိန်း(၁၀၀) ကိုရရှိပါတယ်။ဒါ့အပြင် ရွှေဘိုမြို့ ရွှေနဂါးရှော့ပင်းစင်တာ ဖွားဖွား သုဓမ္မသိင်္ဂီဒေါ်နွဲ့နွဲ့က ငွေကျပ်သိန်း(၅၀)…သမီးဖြစ်တဲ့ ဒေါ်လေးသုဓမ္မသိင်္ဂီ မလတ်မျိုးစောနဲ့ အခြား ပုဂ္ဂိုလ်တွေရဲ့ ဆုချီးမြင့်ငွေကလည်း သိန်း(၅၀)ကျော် စုစုပေါင်း သိန်း ၂၀၀ ကျော်လောက် ဆုအဖြစ်ရရှိခဲ့ပါတယ်

ငယ်စဉ်ကတည်းက ရတဲ့ဆုငွေတွေနဲ့ ရဟန်းသံဃာတွေ လှူဒါန်း၊ အဘိုးအဘွားတို့ကို ကန်တော့တတ်တဲ့ သမီးလေးဟာ ခုလည်းပဲ ကိုယ်ကျိုးအတွက် မသုံးဘဲ ကလေးတွေပညာရေးအတွက် အထောက်အကူဖြစ်စေမဲ့ ၂၅ ပေ ၆၀ ပေရှိ(အာစီ) ပညာရေးကျောင်းဆောင်သစ် တစ်ဆောင်ကိုမန္တလေးတိုင်း စဉ့်ကိုင်မြို့နယ်၊ ရဲရွာသစ်ရွာ (Y.G.W ) ပရဟိတ မိဘမဲ့ကျောင်းမှာ လှူဒါန်းခဲ့ပါတယ်တကယ့်ကို မွန်မြတ်လှတဲ့ အလှူဒါနလေးပဲဖြစ်ပါတယ်… ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်ကျိုးမဖက်ဘဲ အများအတွက်ကြည့်ပြီး လှူဒါန်းမှုတွေ ပြုလုပ်ခဲ့တဲ့ ပညာရေးရော နှလုံးရည်ပါပြည့်စုံတဲ့ သမီးလေး “မဖြူးခေတ်” ကို ဂုဏ်ပြုချီးကျူးစကားလေးတွေနဲ့ ဂုဏ်ပြုပေးခဲ့ကြပါအုံးနော်…