သရုပ်ဆောင်ထူးခန့်ကျော်ဦးစီးပြီး တည်ထားကိုးကွယ်မယ့်ဘုရားအတွက် အလှူငွေများလှူဒါန်းခဲ့တဲ့ ချိုပြုံးရိသတ်တွေတခဲနက်အားပေးခဲ့ကြတဲ့မမှီဝဲနဲ့ကင်းအောင်နေဇာတ်လမ်းတွဲမှာဦးဗေဒါအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ထူးခန့်ကျော်ကတော့ပီပြင်တဲ့အိုက်တင်တွေနဲ့သဘာဝကျကျသရုပ်ဆောင်မှုတွေကြောင့်ပရိသတ်တွေကြားရေပန်းစားလူကြိုက်များခဲ့တာလည်းဖြစ်ပါတယ်။လတ်တလောမှထူးခန့်ကျော်ကဘုရားတည်ဖို့အတွက်ပရိသတ်တွေနဲ့အနုပညာရှင်အချို့နဲ့ပရိသတ်အချို့ကအလှူငွေတွေလှူဒါန်းခဲ့ကြပါတယ်။လတ်တလောမှာတော့ပြည်သူချစ်အနုပညာရှင်ချိုပြုံးကဘုရားတည်ဖို့အလှူငွေလှူဒါန်းခဲ့တယ်လို့သိရပါတယ်။ခင်မင်သူတွေလူကြီးမင်းများလက်ခုပ်တီးပါမချိုသီချင်းဆိုမယ်ဆိုတဲ့အကယ်ဒမီများရှင်အမေဒေါ်ချိုပြုံးနှင့်သမီးမနီတာမိသားစုတို့မှကျွန်တော်ဘုရားတည်ရာမှာအလှူငွေ ၁၀၀၀၀၀ကျပ်နဲ့ကျွန်တော်ထံယုံကြည်စွာဖြင့်လာရောက်ခါအရိုးအကြောလေးတွေကုသမှု့ပေးသောကြာင့်အထူးပင်ကျေးဇူးတင်ရှိပါတယ်ဆိုတဲ့စာသားလေးနဲ့အတူချိုပြုံးရဲအလှူပုံရိပ်လေးတွေကိုပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ်။တချိန်ကအမေ့ပါးတခြမ်းဘယ်သားနမ်းမလဲဆိုတဲ့ဇာတ် ကားနဲ့အမေချိုနဲ့အတူဗီဒီယိုဇာတ်ဝင်ခန်းအတော်များများဆုံဖူးခဲ့ပြီးစိတ်ပါလက်ပါနဲ့ကျွန်တော့်ကိုသားအရင်းတစ်ယောက်သဖွယ်သဘောထားပြီးရိုက်ကူးပေးမှုများကလည်းအင်မတန်ကျေးဇူးကြီးလှခဲ့ပါတယ်။အခုလိုအမေချိုအားတစ်ထောင့်တစ်နေရာမှပါရမီဖြည့် ကျေးဇူးဆပ်ခွင့်ကြုံခဲ့ရလို့လည်းအထူးပင်ကျေးဇူးတင်ရှိသလိုအမေတို့မိသားစုအလှူအတွက်သာဓုအကြိမ် ကြိမ်ခေါ်ဆိုလိုက်ပါတယ်လို့လည်းရေးသားဖော်ပြခဲ့ပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။

ခရက်ဒစ်

Unicode

သရုပ်ဆောင်ထူးခန့်ကျော်ဦးစီးပြီး တည်ထားကိုးကွယ်မယ့်ဘုရားအတွက် အလှူငွေများလှူဒါန်းခဲ့တဲ့ ချိုပြုံးပရိသတ်တွေတခဲနက်အားပေးခဲ့ကြတဲ့မမှီဝဲနဲ့ကင်းအောင်နေဇာတ်လမ်းတွဲမှာဦးဗေဒါအဖြစ်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ထူးခန့်ကျော်ကတော့ပီပြင်တဲ့အိုက်တင်တွေနဲ့သဘာဝကျကျသရုပ်ဆောင်မှုတွေကြောင့်ပရိသတ်တွေကြားရေပန်းစားလူကြိုက်များခဲ့တာလည်းဖြစ်ပါတယ်။လတ်တလောမှထူးခန့်ကျော်က ဘုရားတည်ဖို့အတွက်ပရိသတ်တွေနဲ့အနုပညာရှင်အချို့နဲ့ပရိသတ်အချို့ကအလှူငွေတွေလှူဒါန်းခဲ့ကြပါတယ်။လတ်တလောမှာတော့ပြည်သူချစ်အနုပညာရှင်ချိုပြုံးကဘုရားတည်ဖို့အလှူငွေလှူဒါန်းခဲ့တယ်လို့သိရပါတယ်။ခင်မင်သူတွေလူကြီးမင်းများလက်ခုပ်တီးပါမချိုသီချင်းဆိုမယ်ဆိုတဲ့အကယ်ဒမီများရှင်အမေဒေါ်ချိုပြုံးနှင့်သမီးမနီတာမိသားစုတို့မှကျွန်တော်ဘုရားတည်ရာမှာအလှူငွေ ၁၀၀၀၀၀ ကျပ်နဲ့ကျွန်တော်ထံယုံကြည်စွာဖြင့်လာရောက်ခါအရိုးအကြောလေးတွေကုသမှု့ပေးသောကြာင့်အထူးပင်ကျေးဇူးတင်ရှိပါတယ်ဆိုတဲ့စာသားလေးနဲ့အတူချိုပြုံးရဲအလှူပုံရိပ်လေးတွေကိုပရိသတ်တွေကိုမျှဝေပေးလာခဲ့ပါတယ်။တချိန်ကအမေ့ပါးတခြမ်းဘယ်သားနမ်းမလဲဆိုတဲ့ဇာတ် ကားနဲ့အမေချိုနဲ့အတူဗီဒီယိုဇာတ်ဝင်ခန်းအတော်များများဆုံဖူးခဲ့ပြီးစိတ်ပါလက်ပါနဲ့ကျွန်တော့်ကိုသားအရင်းတစ်ယောက်သဖွယ်သဘောထားပြီးရိုက်ကူးပေးမှုများကလည်းအင်မတန်ကျေးဇူးကြီးလှခဲ့ပါတယ်။အခုလိုအမေချိုအားတစ်ထောင့်တစ်နေရာမှပါရမီဖြည့် ကျေးဇူးဆပ်ခွင့်ကြုံခဲ့ရလို့လည်းအထူးပင်ကျေးဇူးတင်ရှိသလိုအမေတို့မိသားစုအလှူအတွက်သာဓုအကြိမ် ကြိမ်ခေါ်ဆိုလိုက်ပါတယ်လို့လည်းရေးသားဖော်ပြခဲ့ပါတယ်။ အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။ခရက်ဒစ်

ယွန်းယွန်းရဲ့မွေးနေ့အတွက် ခိုင်နှင်းဝေဂေဟာမှာ အလှူငွေများလှူဒါန်းပေးခဲ့ကြတဲ့အောင်မင်းခန့်၊ စည်သူဝင်းနဲ့ သဇင်ထူးမြင့်လက်ရှိ လူကြီး၊ လူငယ်ပရိသတ်တွေကြားမှာ အောင်မြင်နေတဲ့ အစီအစဉ်လေးတစ်ခုဖြစ်တဲ့ Double Dating အစီအစဉ်လေးကတော့ ယွန်းယွန်း၊ အောင်မင်းခန့်၊ စည်သူဝင်း၊ သဇင်ထူးမြင့်တို့နဲ့ တင်ဆက်ပေးနေကြတာပဲ ဖြစ်ပါတယ်။ အဲ့ဒီအစီအစဉ်ကြောင့် ယွန်းယွန်း၊ အောင်မင်းခန့်၊ စည်သူဝင်း၊ သဇင်ထူးမြင့်တို့က တကယ့်စုံတွဲအစစ်တွေလိုပဲ ပရိသတ်တွေ သဘောတူခြင်းခံနေရတာပဲ ဖြစ်ပါတယ်။ ယွန်းယွန်း၊ အောင်မင်းခန့်၊ စည်သူဝင်း၊ သဇင်ထူးမြင့်တို့ကလည်း ပရိသတ်တွေ စိတ်တိုင်းကျ အစီအစဉ်နောက်ကွယ်မှာလည်း တစ်ယောက်ကိုတစ်ယောက် ဂရုတစိုက်ရှိကြတာကိုလည်း တွေ့ရပါတယ်။ဒီကနေ့ ဇန်နဝါရီလ (၁၉) ရက်နေ့ကတော့ ယွန်းယွန်းရဲ့ အသက် (၂၁) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ယွန်းယွန်းအတွက် Double Dating အဖွဲ့သားတွေဖြစ်တဲ့ အောင်မင်းခန့်၊ စည်သူဝင်းနဲ့ သဇင်ထူးမြင့်တို့က သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာမှာ Surprise အလှူလေးပြုလုပ်ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ယွန်းယွန်း၊ အောင်မင်းခန့်၊ စည်သူဝင်း၊ သဇင်ထူးမြင့်တို့က ခိုင်နှင်းဝေရဲ့ဂေဟာလေးအတွက် အလှူငွေများလှူဒါန်းပေးခဲ့သလို ဂေဟာက ကလလေးတွေအတွက်လည်း အရုပ်လေးတွေလက်ဆောင်ပေးခဲ့ကြတာကို တွေ့ရပါတယ်။ယွန်းယွန်းကတော့ Double Dating အဖွဲ့သားတွေဖြစ်တဲ့ အောင်မင်းခန့်၊ စည်သူဝင်းနဲ့ သဇင်ထူးမြင့်တို့ကြောင့် မွေးနေ့မနက်စောစောလေးမှာ အံ့သြမှုတွေနဲ့အတူတူ ကြည်နူးဝမ်းသာခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင်လေး ယွန်းယွန်းအတွက် အမှတ်တရမွေးနေ့ဆုတောင်းစကားလေးတွေ ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: Khine Hnin Wai’s fb
Cele Connections

Unicode

ယွန်းယွန်းရဲ့မွေးနေ့အတွက် ခိုင်နှင်းဝေဂေဟာမှာ အလှူငွေများလှူဒါန်းပေးခဲ့ကြတဲ့ အောင်မင်းခန့်၊ စည်သူဝင်းနဲ့ သဇင်ထူးမြင့်လက်ရှိ လူကြီး၊ လူငယ်ပရိသတ်တွေကြားမှာ အောင်မြင်နေတဲ့ အစီအစဉ်လေးတစ်ခုဖြစ်တဲ့ Double Dating အစီအစဉ်လေးကတော့ ယွန်းယွန်း၊ အောင်မင်းခန့်၊ စည်သူဝင်း၊ သဇင်ထူးမြင့်တို့နဲ့ တင်ဆက်ပေးနေကြတာပဲ ဖြစ်ပါတယ်။ အဲ့ဒီအစီအစဉ်ကြောင့် ယွန်းယွန်း၊ အောင်မင်းခန့်၊ စည်သူဝင်း၊ သဇင်ထူးမြင့်တို့က တကယ့်စုံတွဲအစစ်တွေလိုပဲ ပရိသတ်တွေ သဘောတူခြင်းခံနေရတာပဲ ဖြစ်ပါတယ်။ ယွန်းယွန်း၊ အောင်မင်းခန့်၊ စည်သူဝင်း၊ သဇင်ထူးမြင့်တို့ကလည်း ပရိသတ်တွေ စိတ်တိုင်းကျ အစီအစဉ်နောက်ကွယ်မှာလည်း တစ်ယောက်ကိုတစ်ယောက် ဂရုတစိုက်ရှိကြတာကိုလည်း တွေ့ရပါတယ်။ဒီကနေ့ ဇန်နဝါရီလ (၁၉) ရက်နေ့ကတော့ ယွန်းယွန်းရဲ့ အသက် (၂၁) နှစ်ပြည့် မွေးနေ့လေးပဲ ဖြစ်ပါတယ်။ ယွန်းယွန်းအတွက် Double Dating အဖွဲ့သားတွေဖြစ်တဲ့ အောင်မင်းခန့်၊ စည်သူဝင်းနဲ့ သဇင်ထူးမြင့်တို့က သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာမှာ Surprise အလှူလေးပြုလုပ်ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ယွန်းယွန်း၊ အောင်မင်းခန့်၊ စည်သူဝင်း၊ သဇင်ထူးမြင့်တို့က ခိုင်နှင်းဝေရဲ့ဂေဟာလေးအတွက် အလှူငွေများလှူဒါန်းပေးခဲ့သလို ဂေဟာက ကလလေးတွေအတွက်လည်း အရုပ်လေးတွေလက်ဆောင်ပေးခဲ့ကြတာကို တွေ့ရပါတယ်။ယွန်းယွန်းကတော့ Double Dating အဖွဲ့သားတွေဖြစ်တဲ့ အောင်မင်းခန့်၊ စည်သူဝင်းနဲ့ သဇင်ထူးမြင့်တို့ကြောင့် မွေးနေ့မနက်စောစောလေးမှာ အံ့သြမှုတွေနဲ့အတူတူ ကြည်နူးဝမ်းသာခဲ့ရတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင်လေး ယွန်းယွန်းအတွက် အမှတ်တရမွေးနေ့ဆုတောင်းစကားလေးတွေ ပြောခဲ့ကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။Source: Khine Hnin Wai’s fb
Cele Connections

ယနေ့ အသည်းကွဲတဲ့ရောဂါသီချင်း ပိုင်ရှင်ကြီး အဆိုတော် လာဇရု ကွယ်လွန်“အသည်းကွဲတဲ့ရောဂါ”ပိုင်ရှင်ကြီး အဆိုတော် လာဇရု ကွယ်လွန်သွားကြောင်း သိရ၍ များစွာ စိမ်မကောင်းဝမ်းနည်းမိပါတယ်။ ဂီတကြယ်တစ်ပွင့် ကြွေလွင့်ပြီ ။ ကိုကျော်နိုင်သူ(ခ)လာဇရု (၁၉/၁/၂၀၂၁) ယနေ့မနက် ၄:၅၀ အချိန်တွင် သူချစ်တဲ့ ကမ္ဘာကြီး သူချစ်တဲ့ အနုပညာ သူချစ်တဲ့သူတွေအားလုံးကို နှုတ်ဆက်ခွဲခွာခဲ့ပါပြီ။မပြောပြတတ်တဲ့ ဆုံးရှုံးမှုကြီးတစ်ခုကိုကျွန်တော်တို့ ရင်ဆိုင်လက်ခံလိုက်ရပြီ။တေးရေး/တေးဆို လာဇရု မတော်တဆ ချော်လဲပြီး ဦးခေါင်း ဒဏ်ရာ ရရှိခဲ့တာကြောင့် မြောက်ဥက္ကလာပဆေးရုံမှာ အရေးပေါ်တင်ထားရတာကနေ ဆုံးပါးသွားတာပဲဖြစ်ပါတယ်။ ကောင်းရာဘုံဘဝမှာ စံစား ခံစားနေပါအစ်ကို ဝမ်းနည်းခြင်းများစွာဖြင့်။

Swelsone News

Unicode

ယနေ့ အသည်းကွဲတဲ့ရောဂါသီချင်း ပိုင်ရှင်ကြီး အဆိုတော် လာဇရု ကွယ်လွန်“အသည်းကွဲတဲ့ရောဂါ”ပိုင်ရှင်ကြီး အဆိုတော် လာဇရု ကွယ်လွန်သွားကြောင်း သိရ၍ များစွာ စိမ်မကောင်းဝမ်းနည်းမိပါတယ်။ ဂီတကြယ်တစ်ပွင့် ကြွေလွင့်ပြီ ။ ကိုကျော်နိုင်သူ(ခ)လာဇရု (၁၉/၁/၂၀၂၁) ယနေ့မနက် ၄:၅၀ အချိန်တွင် သူချစ်တဲ့ ကမ္ဘာကြီး သူချစ်တဲ့ အနုပညာ သူချစ်တဲ့သူတွေအားလုံးကို နှုတ်ဆက်ခွဲခွာခဲ့ပါပြီ။မပြောပြတတ်တဲ့ ဆုံးရှုံးမှုကြီးတစ်ခုကိုကျွန်တော်တို့ ရင်ဆိုင်လက်ခံလိုက်ရပြီ။တေးရေး/တေးဆို လာဇရု မတော်တဆ ချော်လဲပြီး ဦးခေါင်း ဒဏ်ရာ ရရှိခဲ့တာကြောင့် မြောက်ဥက္ကလာပဆေးရုံမှာ အရေးပေါ်တင်ထားရတာကနေ ဆုံးပါးသွားတာပဲဖြစ်ပါတယ်။ ကောင်းရာဘုံဘဝမှာ စံစား ခံစားနေပါအစ်ကို ဝမ်းနည်းခြင်းများစွာဖြင့်။Swelsone News

ပိုင်တံခွန်ရဲ့ သိမ်ကျောင်းဆောက်အလှူမှာ အလှူငွေ (၁၀) သိန်း အားဖြည့်လှူဒါန်းပေးခဲ့တဲ့ စမိုင်းလ်သရုပ်ဆောင် စမိုင်းလ်ကတော့ အိမ်ထောင်ကျပြီးနောက် သူမရဲ့ခင်ပွန်း ကိုပြည့်မောင်နဲ့ ခက်ခဲတဲ့ဘဝတစ်ခုကို အတူတူရင်ဆိုင်ကျော်ဖြတ်ခဲ့ကြပြီး အခုဆိုရင် ပြည့်စုံတာထက် ပိုလျှံတယ်ဆိုတဲ့ အနေအထားတစ်ခုကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။စမိုင်းလ်တို့ ဇနီးမောင်နှံနှစ်ယောက်စလုံးက အလှူရေစက် လက်နဲ့မကွာ လှူဒါန်းပြီးလိုအပ်နေတဲ့နေရာတွေမှန်သမျှကိုလည်း တတ်နိုင်သလောက် လှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့ စမိုင်းလ်ကတော့ ပရိသတ်တွေကြားမှာ ကောင်းသတင်းတွေနဲ့ ကျော်ကြားသူအမျိုါ်သမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ဒီတစ်ခေါက်မှာလည်း စမိုင်းလ်က သရုပ်ဆောင် ပိုင်တံခွန်ရဲ့ သိမ်ကျောင်းဆောက်မယ့် အလှူကြီးမှာ အလှူငွေများလှူဒါန်းပေးပြီး တစ်ဖက်တစ်လမ်းကနေ ကူညီပေးခဲ့တာ တွေ့ရပါတယ်။စမိုင်းလ်က“မောင်လေးပိုင်တံခွန်ရဲ့အလှူမှာ အလှူငွေ ၁၀သိန်းပါဝင်ကုသိုလ်ပြုခဲ့ပါတယ်။ ကုသိုလ်ပါဝင်လို့လည်းရပါတယ်ရှင်🙏🏼” ဆိုပြီး ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ဖို့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာခဲ့ပါတယ်။စမိုင်းလ်ကတော့ ပိုင်တံခွန်ရဲ့ ကုသိုလ်လေးကို ကူညီအားဖြည့်လှူဒါန်းခဲ့သလို ပရိသတ်တွေလည်း ကုသိုလ်ပါဝင်နိုင်အောင် နိဗ္ဗာန်ဆော်ပြုလုပ်ထားပါသေးတယ်။ ပရိသတ်ကြီးလည်း စမိုင်းလ်ရဲ့ ကုသိုလ်လေးကိုထပ်တူဝမ်းမြောက်စွာနဲ့ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: စမိုင်းလ် Smile’s fb

Unicode

ပိုင်တံခွန်ရဲ့ သိမ်ကျောင်းဆောက်အလှူမှာ အလှူငွေ (၁၀) သိန်း အားဖြည့်လှူဒါန်းပေးခဲ့တဲ့ စမိုင်းလ်သရုပ်ဆောင် စမိုင်းလ်ကတော့ အိမ်ထောင်ကျပြီးနောက် သူမရဲ့ခင်ပွန်း ကိုပြည့်မောင်နဲ့ ခက်ခဲတဲ့ဘဝတစ်ခုကို အတူတူရင်ဆိုင်ကျော်ဖြတ်ခဲ့ကြပြီး အခုဆိုရင် ပြည့်စုံတာထက် ပိုလျှံတယ်ဆိုတဲ့ အနေအထားတစ်ခုကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။စမိုင်းလ်တို့ ဇနီးမောင်နှံနှစ်ယောက်စလုံးက အလှူရေစက် လက်နဲ့မကွာ လှူဒါန်းပြီးလိုအပ်နေတဲ့နေရာတွေမှန်သမျှကိုလည်း တတ်နိုင်သလောက် လှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့ စမိုင်းလ်ကတော့ ပရိသတ်တွေကြားမှာ ကောင်းသတင်းတွေနဲ့ ကျော်ကြားသူအမျိုါ်သမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။ဒီတစ်ခေါက်မှာလည်း စမိုင်းလ်က သရုပ်ဆောင် ပိုင်တံခွန်ရဲ့ သိမ်ကျောင်းဆောက်မယ့် အလှူကြီးမှာ အလှူငွေများလှူဒါန်းပေးပြီး တစ်ဖက်တစ်လမ်းကနေ ကူညီပေးခဲ့တာ တွေ့ရပါတယ်။ စမိုင်းလ်က“မောင်လေးပိုင်တံခွန်ရဲ့အလှူမှာ အလှူငွေ ၁၀သိန်းပါဝင်ကုသိုလ်ပြုခဲ့ပါတယ်။ ကုသိုလ်ပါဝင်လို့လည်းရပါတယ်ရှင်🙏🏼” ဆိုပြီး ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ဖို့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာခဲ့ပါတယ်။စမိုင်းလ်ကတော့ ပိုင်တံခွန်ရဲ့ ကုသိုလ်လေးကို ကူညီအားဖြည့်လှူဒါန်းခဲ့သလို ပရိသတ်တွေလည်း ကုသိုလ်ပါဝင်နိုင်အောင် နိဗ္ဗာန်ဆော်ပြုလုပ်ထားပါသေးတယ်။ ပရိသတ်ကြီးလည်း စမိုင်းလ်ရဲ့ ကုသိုလ်လေးကိုထပ်တူဝမ်းမြောက်စွာနဲ့ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။Source: စမိုင်းလ် Smile’s fb

အရှေ့တောင်အာရှ တွင်သာမကတရုတ်နှင့် တောင်ကိုရီးယားမှာပါ ဟိုးလေးတကျော်ကျော်ဖြစ်လာခဲ့တဲ့ ပိုင်တံခွန်မော်ဒယ်လ် မင်းသားချောလေး ပိုင်တံခွန်ရဲ့ စန်းကတော့ တကယ့် အံ့မခန်းပါပဲ။ ပိုင်တံခွန်ဟာ ယခုဆိုရင် နိုင်ငံတကာ သတင်းစာမျက်နှာတွေကပါ ဖော်ပြလာတဲ့ အနုပညာရှင်ဖြစ်လာခဲ့ပါပီ။ မကြာသေးမီက ပိုင်တံခွန်တစ်ယောက် ရဟန်းပြု တာ သိပီးကြဖြစ်မှာပါ။ ပိုင်တံခွန်ဟာ ပီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ သူ့ရဲ့ ရဟန်းဝတ်နဲ့ ပုံတွေကို Instagram မှာ တင်ပေးခဲ့ပါတယ်။

ရဟန်းဝတ်နဲ့ ပိုင်တံခွန်ရဲ့ ပုံတွေဟာ တရုတ်နိုင်ငံရဲ့ အဓိက လူမှုကွန်ယက်ဖြစ်တဲ့ Weibo သုံးစွဲသူတွေကြားအုန်းအုန်းကျက်ကျက် ဖြစ်ခဲ့ပါတယ်။ ” Myanmar Handsome Monk” ဆိုတဲ့ Hashtag ဟာ Weibo ရဲ့ Hot Search မှာ နံပါတ် (၁၉) လောက်ထိ ရောက်ခဲ့ပါတယ်။ (ဖော်ပြထားတဲ့ ပုံကတော့ နံပါတ် ၂၇ ရောက်စဉ်က Screen shot ဖြစ်ပါတယ်။)Weibo ရဲ့ Hot search ကိုရောက်တယ်ဆိုတဲ့ အဖြစ်အပျက်ဟာ တရုတ် Weibo အသုံးပြုသူတွေအကြား အလွန်အမင်း ရေးပန်းစားနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ တကယ်ကို ဂုဏ်ယူစရာ အောင်မြင်မှုပါ။ တရုတ်ပရိသတ်လေးတွေကတော့ Weibo hot search ရဲ့ မည်မျှ အတိုင်းအတာအထိ ပေါက်မြောက်ပုံကို ပိုမို သိကြလိမ့်မယ်ထင်ပါတယ်။

သန်းပေါင်းများစွာသော Follower ရှိတဲ့ Account များမှ ပိုင်တံခွန်ရဲ့ ပုံတွေကို ပြန်လည်ဝေမျှခဲ့ကြပြီးတော့ Comment ပေါင်းများစွာနဲ့ Like များစွာလည်း ရခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ လှုပ်ရှားမှုလုပ်နေတဲ့ ဒီဇိုင်နာ StevenOo ကလည်း သူ့ရဲ့ Weibo account မှတစ်ဆင့် ပိုင်တံခွန်ရဲ့ Instagram account ကို တရုတ် Weibo user တွေကြားသိအောင် ပြသပေးခဲ့ပါတယ်။ တကယ့်ကို မြန်မာအချင်းချင်း ကူညီနေတာ မြင်ရတာ ဝမ်းသာစရာပါပဲ။Comment အချို့ကတော့… ” ငါသွားတဲ့ ဘုရားကျောင်းက ဘုန်းတော်ကြီးသာ အဲ့လောက် ခန့်ညားနေရင် ငါသွားတော့မှာ မဟုတ်ဘူး။ ပြစ်မှားမိပြီး ငရဲကြီးမှာဆိုးလို့ ” ” Instagram account ဘယ်လိုဖွင့်ရမလဲ ကူညီကြပါအုံး” ဒါ့အပြင် “ဘုန်းကြီးဝတ်နဲ့ မဟုတ်တဲ့ သူ့ရဲ့ ပုံမှန် ပုံတွေကိုလည်း ကြည့်ကြပါအုံး။ ချောလိုက်တာ။ တပုံချင်း ကြည့်ရင်း ကြည့်ရင်း ပိုပို ချောလာတာ” လို့ရေးသားကာ ပြန်လည် ဝေမျှခဲ့သူများလည်း ရှိခဲ့ပါတယ်။

Weibo Hot search ကိစ္စကြောင့်ပဲ စင်္ကာပူ သတင်း စာမျက်နှာမှာလည်း ဖော်ပြခံခဲ့ရပါတယ်။ “Myanmar actor Paing Takhon shaves head for monk stint, goes viral on Internet” ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်တာနက်မှာ အုန်းအုန်းကျက်ကျက် ဖြစ်သွားခဲ့တဲ့ ရဟန်းဝတ်နဲ့ ပိုင်တံခွန်ရဲ့အကြောင်း ဖော်ပြခဲ့သေးပါတယ်။ ဒါ့အပြင် ထိုင်ဝမ် နိုင်ငံရဲ့ TV သတင်းမှာလည်း ဖော်ပြခံခဲ့ရပါတယ်။မကြာသေးမီကလည်း ကိုရီးယားနိုင်ငံမှ Search engine ဖြစ်တဲ့ Naver ရဲ့ Hot Search List မှာလည်း ပိုင်တံခွန် နာမည်ရှိခဲ့ပါသေးတယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့မှာလည်း ကိုရီးယားနိုင်ငံရဲ့ အနုပညာသတင်း စာမျက်နှာ တစ်ခုဖြစ်တဲ့ ” Insight Korea” မှာလည်း “완벽 피지컬로 소녀들 입교하게 만드는 근육질 ‘절 오빠’의 정체” ( ပျိုမေတို့ကို ဘာသာရေး ကိုင်းရှိုင်းချင်စိတ်တွေ ဖြစ်ပေါ်လာစေမယ့် ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ပိုင်ရှင် “ဘုန်းတော်ကြီးကျောင်း ကိုကြီး” ရဲ့ ပုံစံ အစစ်အမှန်) ဆိုတဲ့ ခေါင်းစဉ်နဲ့ ရဟန်းဝတ်နဲ့ ပိုင်တံခွန်ဟာ မြန်မာ မင်းသားတစ်လက် ဖြစ်ကြောင်းကို ဖော်ပြခဲ့ပါသေးတယ်။

( မှတ်ချက် – “ဘုန်းတော်ကြီးကျောင်း ကိုကြီး” ဆိုတာကတော့ မူရင်း သတင်းမှာဖော်ပြထားတဲ့ “절 오빠” – ” Temple Oppa” ဆိုတဲ့အတိုင်း ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ဆယ်ကျော်သက် မိန်းကလေးတွေကြား ” Church Oppa” ဆိုတဲ့ အသုံးအနှုန်းဟာ နာမည်ကြီးပါတယ်။ ဘုရားကျောင်းတက်ရင်း တွေ့ရတဲ့ ကိုကြီးချောချော ဆိုတဲ့ အဓိပ္ပါယ်ပါ။ ပိုင်တံခွန်ကတော့ ရဟန်းဝတ်နဲ့ ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် မူရင်းသတင်းရေးသားသူဟာ ဒီလိုအသုံးအနှုန်းသုံးတာ ဖြစ်ပါလိမ့်မယ်။ အားလုံးကို နားလည်ပေးစေလိုပါတယ်။ )ဒီလို နိုင်ငံတကာကပါ သတိထားမိလာပီ ဖြစ်တဲ့ ပိုင်တံခွန်အတွက် မြန်မာလူမျိုးတစ်ယောက်အနေနဲ့ လွန်စွာ ဂုဏ်ယူဝမ်းမြောက် မိပါတယ်။ ပိုင်တံခွန်ကို နိုင်ငံတကာပရိသတ်တွေ ပိုမိုသိပြီး အားပေးမှုတွေ ရရှိဖို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Asia Cele Bar

Source: Weibo, Insight Korea, The Straits Times
Photos: Paing Takhon Instagram, Steven Oo Weibo, Weibo, NaverWritten: Gyi Gyi

ရဟန်းဝတ်နဲ့ပုံတွေက ကြည်ညိုဖွယ်ကောင်းလို့ ခန့်ညားတဲ့မြန်မာဘုန်းကြီးဆိုပြီး တရုတ်နိုင်ငံအထိတောင် ဝက်ဝက်ကွဲအောင်မြင်ကျော်ကြားနေတဲ့ ပိုင်တံခွန်ပရိသတ်ကြီးရေ မင်းသားချောလေးပိုင်တံခွန်ကတော့ အသက်ငယ်ငယ်လေးပဲရှိသေးပေမယ့် အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်ပြီး အောင်မြင်မှုတွေကိုကိုယ်တိုင်ရှာဖွေထားတာဖြစ်ပါတယ်။ပိုင်တံခွန်ရဲ့အနုပညာအရည်အသွေးတွေကလည်း တစ်နှစ်ထက်တစ်နှစ် ပိုပိုတိုးတက်လာတာကြောင့် ပရိသတ်တွေအားပေးရကျိုးနပ်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ပိုင်တံခွန်ရဲ့ အောင်မြင်မှုတွေကတော့ မြန်မာပြည်မှာသာမက အိမ်နီးချင်းနိုင်ငံတွေအထိပါရေပန်းစားနေလို့ မြန်မာပြည်အတွက် ဂုဏ်ယူရပါတယ်နော်။ပြီးခဲ့တဲ့နှစ်ကဆိုရင်လည်း ပိုင်တံခွန်က ထိုင်းနိုင်ငံက မိန်းကလေးတွေကြားမှာ အရမ်းရေပန်းစားအောင်မြင်ခဲ့သေးတာဖြစ်ပါတယ်။ထိုင်းနိုင်ငံက ဒိတ်ဒိတ်ကြဲမင်းသမီးတွေနဲ့လည်း ကြော်ငြာတွေအတူတူရိုက်ကူးရလို့ ပိုင်တံခွန်ရဲ့အနုပညာစန်းက အရမ်းကောင်းပါတယ်နော်။ပိုင်တံခွန်က အရမ်းအောင်မြင်လာပေမယ့်လည်းမာန်မာနမကြီးဘဲ သဘောကောင်းဖော်ရွေပြီး ပရိသတ်တွေအပေါ်မှာလည်းလေးစားလို့ လူတိုင်းကချစ်ခင်အားပေးနေရတာဖြစ်ပါတယ်။အခုဆိုရင်လည်း ပိုင်တံခွန်က တရုတ်ပြည်မှာပါ ဆက်လက်အောင်မြင်နေတာဖြစ်ပါတယ်။ပိုင်တံခွန် ရဟန်းဝတ်တုန်းကပုံတွေဆိုရင် တရုတ်နိုင်ငံမှာ “ခန့်ညားတဲ့ဘုန်းကြီး”ဆိုပြီး Weibo hot searchထဲမှာ No.20နေရာရောက်နေတာဖြစ်ပါတယ်။ပိုင်တံခွန်ကတော့ “တရုတ်လိုပါသင်ရတော့မယ် ထင်တယ်”ဆိုပြီး တရုတ်နိုင်ငံကပရိသတ်တွေအတွက် ကြိုတင်ပြင်ဆင်ဖို့စဉ်းစားနေပြီဖြစ်ပါတယ်။ပိုင်တံခွန်ရဲ့အောင်မြင်မှုတွေက ကြက်သီးတဖြန်းဖြန်းထရလောက်အောင်ဂုဏ်ယူစရာကောင်းလို့ ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Video ကြည့်ရန်

Unicode

ရဟန်းဝတ်နဲ့ပုံတွေက ကြည်ညိုဖွယ်ကောင်းလို့ ခန့်ညားတဲ့မြန်မာဘုန်းကြီးဆိုပြီး တရုတ်နိုင်ငံအထိတောင် ဝက်ဝက်ကွဲအောင်မြင်ကျော်ကြားနေတဲ့ ပိုင်တံခွန်ပရိသတ်ကြီးရေ မင်းသားချောလေးပိုင်တံခွန်ကတော့ အသက်ငယ်ငယ်လေးပဲရှိသေးပေမယ့် အနုပညာအလုပ်တွေကိုကြိုးစားလုပ်ကိုင်ပြီး အောင်မြင်မှုတွေကိုကိုယ်တိုင်ရှာဖွေထားတာဖြစ်ပါတယ်။ပိုင်တံခွန်ရဲ့အနုပညာအရည်အသွေးတွေကလည်း တစ်နှစ်ထက်တစ်နှစ် ပိုပိုတိုးတက်လာတာကြောင့် ပရိသတ်တွေအားပေးရကျိုးနပ်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ပိုင်တံခွန်ရဲ့ အောင်မြင်မှုတွေကတော့ မြန်မာပြည်မှာသာမက အိမ်နီးချင်းနိုင်ငံတွေအထိပါရေပန်းစားနေလို့ မြန်မာပြည်အတွက် ဂုဏ်ယူရပါတယ်နော်။ပြီးခဲ့တဲ့နှစ်ကဆိုရင်လည်း ပိုင်တံခွန်က ထိုင်းနိုင်ငံက မိန်းကလေးတွေကြားမှာ အရမ်းရေပန်းစားအောင်မြင်ခဲ့သေးတာဖြစ်ပါတယ်။ထိုင်းနိုင်ငံက ဒိတ်ဒိတ်ကြဲမင်းသမီးတွေနဲ့လည်း ကြော်ငြာတွေအတူတူရိုက်ကူးရလို့ ပိုင်တံခွန်ရဲ့အနုပညာစန်းက အရမ်းကောင်းပါတယ်နော်။ပိုင်တံခွန်က အရမ်းအောင်မြင်လာပေမယ့်လည်းမာန်မာနမကြီးဘဲ သဘောကောင်းဖော်ရွေပြီး ပရိသတ်တွေအပေါ်မှာလည်းလေးစားလို့ လူတိုင်းကချစ်ခင်အားပေးနေရတာဖြစ်ပါတယ်။အခုဆိုရင်လည်း ပိုင်တံခွန်က တရုတ်ပြည်မှာပါ ဆက်လက်အောင်မြင်နေတာဖြစ်ပါတယ်။ပိုင်တံခွန် ရဟန်းဝတ်တုန်းကပုံတွေဆိုရင် တရုတ်နိုင်ငံမှာ “ခန့်ညားတဲ့ဘုန်းကြီး”ဆိုပြီး Weibo hot searchထဲမှာ No.20နေရာရောက်နေတာဖြစ်ပါတယ်။ပိုင်တံခွန်ကတော့ “တရုတ်လိုပါသင်ရတော့မယ် ထင်တယ်”ဆိုပြီး တရုတ်နိုင်ငံကပရိသတ်တွေအတွက် ကြိုတင်ပြင်ဆင်ဖို့စဉ်းစားနေပြီဖြစ်ပါတယ်။ပိုင်တံခွန်ရဲ့အောင်မြင်မှုတွေက ကြက်သီးတဖြန်းဖြန်းထရလောက်အောင်ဂုဏ်ယူစရာကောင်းလို့ ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

တစ်သက်မှာတစ်ခါသာကြုံရမယ့် ကုသိုလ်တစ်ခုမှာ ရွှေလေးပိသာအပြင် ရွှေဆွဲကြိုး၊လက်ထပ်လက်စွပ်တို့ကိုပါချွတ်ပြီးလှူဒါန်းခဲ့ကြတဲ့ ဝါဝါဝင်းရွှေတို့မိသားစုပရိသတ်ကြီးရေ အကယ်ဒမီဝါဝါဝင်းရွှေကတော့ ယနေ့အချိန်ထိတိုင် အရွယ်တင်နုပျိုပြီး လန်းဆန်းတက်ကြွနေတာဖြစ်ပါတယ်။အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေနိုင်ဆဲဖြစ်တဲ့ ဝါဝါဝင်းရွှေက ပရိသတ်တွေရဲ့အချစ်များစွာကို သိမ်းပိုက်ထားနိုင်ဆဲဖြစ်ပါတယ်နော်။ဝါဝါဝင်းရွှေက မြေးမလေးနှစ်ယောက်ကိုလည်း အနုပညာလမ်းကြောင်းပေါ်လက်တွဲခေါ်ယူပြီး သေချာသင်ကြားပေးတာဖြစ်ပါတယ်။ဝါဝါ‌ဝင်းရွှေက ချစ်သားသမီး၊မြေးတွေနဲ့အတူ ပျော်ရွှင်ရွှင်နဲ့နေထိုင်နေတာဖြစ်ပါတယ်နော်။ဝါဝါဝင်းရွှေရဲ့သားတွေကလည်း မိခင်ကိုစိတ်ချမ်းသာအောင်ထားပေးပြီး အမြဲပျော်စရာတွေသာဖန်တီးပေးနေတာဖြစ်ပါတယ်နော်။ဝါဝါဝင်းရွှေတို့မိသားစုလေးက စည်းစည်းလုံးလုံးရှိကြပြီး အပြန်အလှန်ဖေးမကူညီကြပါတယ်။လက်ရှိမှာဆိုရင်တော့ ဝါဝါဝင်းရွှေရဲ့သားငယ်လေး ဝါဇင်က မိသားစုနဲ့အတူ စင်ကာပူမှာနေထိုင်နေတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဝါဝါဝင်းရွှေရဲ့ တူလေးက ငယ်ငယ်တုန်းက ကြုံတွေ့ခဲလှတဲ့ကုသိုလ်ထူးကို ပရိသတ်တွေသိအောင်ပြောပြလာတာဖြစ်ပါတယ်နော်။ဝါဝါဝင်းရွှေရဲ့တူလေးက”ဘဝတစ်သက်တာမှာတစ်ခါသာကြုံခဲ့ရတဲ့ ကုသိုလ်တစ်ခုကို ကိုယ်တိုင် ကြုံခဲ့ရပါတယ် ရွှေတိဂုံစေတီတော်မြတ်ကြီး ရဲ့စိန်ဖူးတော် နဲ့ထီးတော်တင်ပွဲကြီးမှာ ဦးလေးဖြစ်သူက ဦးဆောင်ပြီး ကျွန်တော် အပါအဝင် ညီငယ် ချစ်စု ညီငယ်သားထူး ညီငယ်သားထွေးတို့နဲ့ စိန်ဖူးတော်အထိကို တက်ရောက်ပူဇော်ကန်တော့ခွင့်ရခဲ့ပါတယ်။စိန်ဖူးတော်ရဲ့ ထိပ်ကို ရောက်ရှိသွားတဲ့အခါမှတော့ ညီငယ်သားထူး (ဝါဇင် ) က သူ့လည်ပင်းမှာ ဝတ်ဆင်ထားတဲ့ ရွှေဆွဲကြိုးကို ချက်ချင်း သဒ္ဒါတရားပေါက်ချွတ် လှူခဲ့ပါတယ်ကျွန်တော်ကတော့ ကျွန်‌တော်တို့ရဲ့ မင်္ဂလာဆောင်မှာ မင်္ဂလာလက်ထပ်လက်စွပ်အဖြစ် ဦးလေးနဲ့အဒေါ်ကိုယ်တိုင် ချီးမြှင့်ပေးခဲ့တဲ့ ပတ္တမြားလက်စွပ် နှစ်ကွင်းကို ပူးတွဲ ဂဟေဆက်ပြီး ကိုယ်တိုင် ချိတ်ဆွဲလှုဒါန်းခဲ့ပါတယ် ဦးလေးနဲ့ အဒေါ် မိသားစုကလည်း ရွှေတိဂုံစေတီတော်မြတ်ကြီးအတွက် ရွှေပိသာချိန်(လေး ပိသာ)ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ထီးတော် စိန်ဖူးတော်မှ နတ်မင်းကြီးလေးပါး ရွှေ မဏ္ဍိုင် တော်ကြီးကိုပါ လှူဒါန်းခဲ့ပါတယ်”ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်။Swelsone News

ကိုဗစ်ကာကွယ်ဆေးဝယ်ယူရရှိရေးအတွက် ငွေကျပ်သိန်း (၂၀၀) လှူဒါန်းခဲ့တဲ့ ခိုင်သင်းကြည်တို့မိသားစုထပ်ဆင့်အကယ်ဒမီခိုင်သင်းကြည်ကတော့ အနုပညာအလုပ်တွေကိုဟိုးအရင်ကတည်းကလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုလည်း ရရှိထားတာဖြစ်ပါတယ်။မခိုင်လေးက ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားပြီး ဆယ်ကျော်သက်အရွယ်သမီးလေးတစ်ယောက်လည်းရှိလို့ သူမအတွက်အဖော်ရနေတာဖြစ်ပါတယ်။မခိုင်လေးအနေနဲ့ သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ ကလေးတစ်ယောက်မိခင်ဖြစ်ပေမယ့်လည်း သူမရဲ့အရွယ်တင်နုပျိုမှုက အံ့အားသင့်လောက်အောင်ပဲ ဖြစ်ပါတယ်။ မခိုင်လေးက ကျန်းမာရေးလိုက်စားသူဖြစ်တာကြောင့် ခန္ဓာကိုယ်လေးကလည်း အဆီပိုမရှိဘဲ ကျစ်လစ်လှပနေတာပါ ။အလှူအတန်းတွေဆိုရင်လည်း မိသားစုလိုက် စိတ်တူကိုယ်တူအမြဲပြုလုပ်လေ့ရှိရာ အခုလည်း ကိုဗစ်ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေအတွက် ချစ်ရတဲ့ဖေဖေနဲ့အတူ ငွေကျပ်သိန်းနှစ်ရာကို ရက်ရက်ရောရော လှူဒါန်းခဲ့ကြောင်းကို ပုံလေးနဲ့အတူကိုဗစ်ကာကွယ်ဆေးအလှူလေးပါရှင့်မခိုင်လေးအဖေမှသိန်းတစ်ရာ မခိုင်လေးမိသားစုမှသိန်းတစ်ရာလှူဒါန်းပါတယ် မြန်မာနိုင်ငံကြီးနှင့်ကမ္ဘာကြီးကိုဗစ်ရောဂါအမြန်ဆုံးကင်းစင်ပပျောက်ပါစေ” ဆိုတဲ့စာလေးကိုဝေမျှထားရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။

အဆိုတော် သရုပ်ဆောင် ထွန်းထွန်း ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ ကားအက်ဆီးဒင့် ဖြစ်ပေါ်ခဲ့

ဖြစ်စဉ်တွေကိုတော့ မျိုးဆက်သစ်မြတ်ပါရမီအသင်းက တာဝန်ရှိသူက ပြောပြလာပါတယ်။အဆိုတော် သရုပ်ဆောင် ထွန်းထွန်းကတော့ ရန်ကုန်ကနေ မန္တလေးကို သွားတဲ့ အမြန်လမ်း မိုင်တိုင်(၂၃၀) မှာ အန္တရာယ်ဖြစ်စေနိုင်တဲ့ ကားအက်ဆီးဒင့် တစ်ခု ကြုံခဲ့တယ်လို့ သိရပါတယ်။

အဆိုတော် သရုပ်ဆောင် ထွန်းထွန်းကိုယ်တိုင် လိုက်ပါလာတဲ့ ကားတစ်စီးကတော့ အမြန်လမ်းပေါ်မှာ အက်ဆီးဒင့် တစ်ခု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူတို့ကို ကူညီပေးခဲ့တဲ့ “ မျိုးဆက်သစ်မြတ်ပါရမီအသင်း” မှ မထွေးထွေးငြိမ်းက Duwun ကို ပြောပြခဲ့ပါတယ်။

“ မနေ့က ည(၁၀) နာရီခွဲအချိန်လောက်က ညီမရဲ့အသိ တစ်ယောက်က ဖုန်းဆက်လာတယ် မိုင်တိုင်(၂၃၀) မှာ ကားတစ်စီးဆက်မောင်းဖို့ အဆင်မပြေတော့ဘူး။ ကူညီပေးလို့ရမလားဆိုတော့ သွားရောက် ကူညီပေးခဲ့ပါတယ်။ ဟိုရောက်တော့ ဖြစ်စဉ်ကို မေးကြည့်လိုက်တဲ့ အချိန်မှာ သူတို့က မိုင်တိုင်(၂၂၆) လောက် ဝန်းကျင်မှာ လမ်းမပေါ်မှာ သစ်တုံးကြီးတစ်တုံးချထားတယ်။ ကားကအရှိန်နဲ့လာတာဖြစ်တဲ့ အတွက် ကားကို ရှောင်ဖို့အဆင်မပြေခဲ့ဘူးပေါ့။ ကားက တအားကြီး ဆိုးဆိုးရွားရွားဖြစ်သွားတယ်” လို့ ဆိုပါတယ်။ဒါ့အပြင် ထွန်းထွန်းနဲ့ သူငယ်ချင်းဖြစ်သူတို့ဟာ မန္တလေးကို သွားမှာ ဖြစ်တဲ့အတွက် မျိုးဆက်သစ်မြတ်ပါရမီအသင်း သားတွေကပဲ လိုက်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။ ကားအက်ဆီးဒင့်ကြောင့် ပျက်စီးသွားတဲ့ ကားကိုလည်း ဝပ်ရှော့ ပို့ပေးခဲ့တယ်လို့ ဆက်လက် ပြောပြလာပါတယ်။

“ သစ်တုံးကို တိုက်ခဲ့တဲ့ နားမှာ ကားမရပ်ရဲတော့ သူတို့ဆီမှာ ပါတဲ့ ကားဘီးအပိုတွေနဲ့ ဘီးကို လဲပြီး ကားဆက် မောင်းလာတဲ့ အချိန်မှာ မိုင်တိုင်(၂၃၀) ရောက်တော့ လုံးဝ ဆက်မောင်းလို့မရတော့ပဲ ထိုးရပ်သွားခဲ့လို့ ညီမတို့ အသင်းကို အကူအညီတောင်းခဲ့တာပါ။ ညီမတို့ အဖွဲ့ရောက်သွားတဲ့အချိန်မှာတော့ ကရိန်းကားတစ်စီး ရောက်နေတာကိုလည်း တွေ့ရတယ်။ လူတွေကတော့ ဘာမှ မဖြစ်ဘူး ကားပေါ်မှာ နောက်ထပ် လူနှစ်ယောက် ပါလာတယ်။ ပြီးတော့ သူတို့က မန္တလေးကို သွားချင်တာဖြစ်တဲ့ အတွက် လူနာတင်ကား မဟုတ်တဲ့ RESCUE ကား တစ်စီးနဲ့ မန္တလေးကို ပို့ပေးလိုက်တယ်။ ကားကိုလည်း တခြား အချိတ်အဆက်တွေလုပ်ပြီး ဝပ်ရှော့ကို ပို့ပေးလိုက်တယ်” လို့ သူက ဆိုပါတယ်။ကားအက်ဆီးဒင့်ကြောင့် ထွန်းထွန်းအပါအဝင် တစ်ဦးတစ်ယောက်မှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိဘဲ ကားသာပျက်စီးသွားတယ်လို့ သိရပါတယ်။ အခုလို ကားအက်ဆီးဒင့် ကြုံခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ထွန်းထွန်းကို ဖုန်းဖြင့် ဆက်သွယ်ခဲ့ရာမှာတော့ ဖုန်းဖြေဆိုခဲ့ခြင်း မရှိပါဘူး။

ဆယ်လီရပ်ကွက်

ကိုဗစ်ကာကွယ်ဆေးဝယ်ယူရန်အတွက် ကျပ်သိန်း ၁၀၀ လှူဒါန်းခဲ့တဲ့ ဦးကျော်သူလက်ရှိဖြစ်ပေါ်နေတဲ့ COVID-19 ကူးစက်ရောဂါ နဲ့ ပတ်သက်ပြီး ကာကွယ်ဆေးတွေ ထွက်ပေါ်လာပြီဖြစ်ပါတယ်။ ဒီ ကာကွယ်ဆေးတွေကို လုံလုံလောက်လောက် ဝယ်ယူနိုင်ဖို့အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဦးကျော်သူက ကျပ်သိန်း(၁၀၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

” ကိုဗစ်ကာကွယ်ရေးဆေး အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်) မှနေပြည်တော် သို့ ကျပ်သိန်းတစ်ရာ (၁၀၀၀၀၀၀ဝိ/-) လှူဒါန်းခြင်း။ နတ်လူသာဓုခေါ်စေသော်” ဆိုပြီးတော့ ဇန်နဝါရီလ (၉) ရက်နေ့ ညနေ ၅ နာရီကျော်က ဦးကျော်သူရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ဦးကျော်သူ ကိုယ်တိုင်ကလည်း ကိုဗစ်ရောဂါပိုး ကူးစက်ခံခဲ့ရဖူးသူဖြစ်ပါတယ်။ သူဟာ အောက်တိုဘာလ (၂၁) ရက်နေ့တုန်းက ဆေးစစ်ချက်အရ ကိုဗစ်ပိုးတွေ့ရှိခဲ့ရတာကြောင့် ဝေဘာဂီဆေးရုံကြီးမှာဆေးကုသမှု ခံယူခဲ့တာဖြစ်ပြီး နိုဝင်ဘာလ(၇) ရက်နေ့မှာ ကိုဗစ်ရောဂါပိုး ကင်းစင်သွားခဲ့တာဖြစ်ပါတယ်။ သူဟာ နှလုံးခွဲစိတ်ခံထားရသူလည်းဖြစ်သလို ဆီးချို ရောဂါ အခံရှိတာကြောင့် ကိုဗစ်ရောဂါ ကူးစက်ခံလိုက်ရတဲ့ အချိန်မှာ ပရိသတ်တွေသာမက ၊ အနုပညာရှင်တွေကလည်း စိုးရိမ်ပေးခဲ့ကြပါသေးတယ်။ဦးကျော်သူဦးဆောင်တဲ့ နာရေးကူညီမှုအသင်းဟာ COVID-19 ကာလမှာ ဈာပနပို့ဆောင်ခြင်း၊ ရောဂါပိုးကာကွယ်ရေးအတွက် ဆေးဖြန်းခြင်း၊ မီးဘေးအန္တရာယ် တားဆီးရေး အတွက် ရေသယ်ကားများနဲ့ ကူညီပေးခြင်း၊ ရေရှားပါးတဲ့ ကျေးရွာတွေမှာ ရေအလှူပြုခြင်း စတဲ့ ကုသိုလ်ရေးတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဦးကျော်သူ အနေနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ကို ၂၀၀၀ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။ အခုဆိုရင်တော့ ဒီအသင်းကြီးဟာ နှစ်ပေါင်း(၂၀) ကျော်လာခဲ့ပါပြီ။ ဦးကျော်သူဟာ တစ်ချိန်က အကယ်ဒမီဆုတွေ ရရှိခဲ့ဖူးတဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။

ဆယ်လီရပ်ကွက်