သီလရှင် အပါး (၃၀၀၀) နဲ့ ကျောင်းတိုက်ပေါင်း (၄၀) ကို တစ်လ (၂) ခါ အလှူလုပ်တဲ့ မြန်မာပြည်က သူဌေးကြီးမိသားစုမရှိလို့ မလှူ မလှူလို့မရှိ ဆိုသလို အလှူအတန်းမှာတော့ ရွှေမြန်မာတွေကတော့ ကမ္ဘာ့နံပါတ် တစ်ပဲ ဖြစ်ပါတယ်…ခုလည်းပဲ သူဌေးကြီးတစ်ဦးရဲ့ သာဓုခေါ်ဖွယ်အလှူတစ်ခုကို ပရိသတ်ကြီးတို့ ဝမ်းသာရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။အဲ့တာကတော့ သာသနာ့နွယ်ဝင်သီလရှင်တွေကို သီဟသုဓမ္မမဏိဇောတဓရ ဦးအောင်သန်းစိန်နဲ့ ဇနီး ဒေါ်အေးမြင့်သန်း သမီး မစိုးစိုးသန်း မိသားစုတို့ကနေပြီး တစ်လကို သီလရှင်လေးတွေအတွက် ၁၀၀၀ တန်က အရွက် ၂၅၀၀ …၅၀၀၀ တန်ကအရွက် ၅၀၀ ..ပေါင်းအရွက်ရေ ၃၀၀၀ …၁၀၀၀ တန် ၅ ရွက်လျှင် ၅၀၀၀ တန်တစ်ရွက်ညှပ် …အားလုံးအပါး ၃၀၀၀ ခန့်ကို တစ်ပြိုင်ထဲလှူဒါန်းပါတယ်။ဒီလို အပါး ၃၀၀၀ ကျော်ကို လှူသူ ၁၈ ယောက်ခွဲလှူရင် ၁၀ မိနစ် မကြာဘူးလို့ သိရပါတယ်။ဒါ့အပြင် သီလရှင် အပါး ၃၀၀၀ မလှူခင်မှာ အသက် ၆၀ အထက် ၅၀ ခန့်ကို ၂၀၀၀ ကျပ်စီ အရင်လှူပါတယ်တဲ့ ယယယယ အများလှူတဲ့အခါမှာ ၁၀၀၀ ကျပ်ကျလျှင် ၃၀၀၀ ကျပ်ရမည် ၅၀၀၀ ကျပ်ကျလျှင် ၇၀၀၀ ရပါမယ်လို့ ဆိုပါတယ်…. အလှူက ဒါတင်မကပါဘူးပြီးရင် ကျောင်းတိုက်ခွဲ ၄၀ ကို တစ်ကျောင်းလျှင် ၅၀၀၀၀ ကျပ်စီ ထပ်လှူပါတယ်…. အရုဏ်ဆွမ်းအပါအဝင် တစ်ခါလှူရင် သိန်း 90 ကျပ် ….တစ်လကို နှစ်ကြိမ်လှူ တော့ သိန်း ၁၈၀ ကျပ် လှူတယ်လို့ သိရပါတယ်…တကယ့်ကို ရက်ရောတဲ့ သူဌေးကြီးတစ်ဦးပါပဲ။

ဒီလို အလှူမျိုးကို ပရိသတ်ကြီးတို့လည်း သာဓုခေါ်ဆိုနိုင်အောင် ပြန်လည်မျှဝေလိုက်ရတာပါ…ပရိသတ်ကြီးတို့လည်း ခုလို အများကြီးလှူနိုင်အောင် ချမ်းသာကြပါစေနော်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Unicode

သီလရှင် အပါး (၃၀၀၀) နဲ့ ကျောင်းတိုက်ပေါင်း (၄၀) ကို တစ်လ (၂) ခါ အလှူလုပ်တဲ့ မြန်မာပြည်က သူဌေးကြီးမိသားစုမရှိလို့ မလှူ မလှူလို့မရှိ ဆိုသလို အလှူအတန်းမှာတော့ ရွှေမြန်မာတွေကတော့ ကမ္ဘာ့နံပါတ် တစ်ပဲ ဖြစ်ပါတယ်…ခုလည်းပဲ သူဌေးကြီးတစ်ဦးရဲ့ သာဓုခေါ်ဖွယ်အလှူတစ်ခုကို ပရိသတ်ကြီးတို့ ဝမ်းသာရအောင် ပြန်လည်မျှဝေပေးလိုက်ပါတယ်။

အဲ့တာကတော့ သာသနာ့နွယ်ဝင်သီလရှင်တွေကို သီဟသုဓမ္မမဏိဇောတဓရ ဦးအောင်သန်းစိန်နဲ့ ဇနီး ဒေါ်အေးမြင့်သန်း သမီး မစိုးစိုးသန်း မိသားစုတို့ကနေပြီး တစ်လကို သီလရှင်လေးတွေအတွက် ၁၀၀၀ တန်က အရွက် ၂၅၀၀ …၅၀၀၀ တန်ကအရွက် ၅၀၀ ..ပေါင်း

အရွက်ရေ ၃၀၀၀ …၁၀၀၀ တန် ၅ ရွက်လျှင် ၅၀၀၀ တန်တစ်ရွက်ညှပ် …အားလုံးအပါး ၃၀၀၀ ခန့်ကို တစ်ပြိုင်ထဲလှူဒါန်းပါတယ်။ဒီလို အပါး ၃၀၀၀ ကျော်ကို လှူသူ ၁၈ ယောက်ခွဲလှူရင် ၁၀ မိနစ် မကြာဘူးလို့ သိရပါတယ်။ဒါ့အပြင် သီလရှင် အပါး ၃၀၀၀ မလှူခင်မှာ အသက် ၆၀ အထက် ၅၀ ခန့်ကို ၂၀၀၀ ကျပ်စီ အရင်လှူပါတယ်တဲ့ ယယယယ အများလှူတဲ့အခါမှာ ၁၀၀၀ ကျပ်ကျလျှင် ၃၀၀၀ ကျပ်ရမည် ၅၀၀၀ ကျပ်ကျလျှင် ၇၀၀၀ ရပါမယ်လို့ ဆိုပါတယ်…. အလှူက ဒါတင်မကပါဘူး

ပြီးရင် ကျောင်းတိုက်ခွဲ ၄၀ ကို တစ်ကျောင်းလျှင် ၅၀၀၀၀ ကျပ်စီ ထပ်လှူပါတယ်…. အရုဏ်ဆွမ်းအပါအဝင် တစ်ခါလှူရင် သိန်း 90 ကျပ် ….တစ်လကို နှစ်ကြိမ်လှူ တော့ သိန်း ၁၈၀ ကျပ် လှူတယ်လို့ သိရပါတယ်…တကယ့်ကို ရက်ရောတဲ့ သူဌေးကြီးတစ်ဦးပါပဲ။

ဒီလို အလှူမျိုးကို ပရိသတ်ကြီးတို့လည်း သာဓုခေါ်ဆိုနိုင်အောင် ပြန်လည်မျှဝေလိုက်ရတာပါ…ပရိသတ်ကြီးတို့လည်း ခုလို အများကြီးလှူနိုင်အောင် ချမ်းသာကြပါစေနော်။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်းသာယာပျော်ရွှင်သောနေ့လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

အသက် အငယ်ဆုံး အဘိဓမ္မာ မဟာဘွဲ့ရ ၁၅ နှစ်သားလေးမောင်ဟန်ထွန်းအောင်ဓမ္မရသနောက် တစ်ကောက်ကောက် လိုက်ခဲ့သူ (သို့မဟုတ်) အသက် ငယ်ဆုံး အဘိဓမ္မာ မဟာ ဘွဲ့ရ ၁၅နှစ်သား သူလိုလူ (၅၂) ကြိမ်မြောက် အ ဘိဓမ္မာ စာတော်ပြန်ပွဲရဲ့ ထူးခြားချက်ထဲမှာ ၁၅ နှစ်သား တစ်ဦးရဲ့ မဟာဘွဲ့ ရရှိမှုဟာ ဘယ်လိုမှချန်လှပ်ခဲ့လို့ မရနိုင်ပါဘူး။လူပုဂ္ဂိုလ်များ အတွ က် သတ်မှတ် ပြဌာန်းထားတဲ့ ကျမ်းအစိတ် အပို င်း ၁၅ ပိုင်းကို မောင်ဟန်ထွန်းအောင်ဟာ ဒီကနှစ်မှာ ရေးဖြေ ဘာသာစုံ ဂုဏ်ထူးနဲ့ အတူ လှလှပပ အဆုံးသတ် နိုင်ခဲ့ပါတယ်။၁၅ ကျမ်းကို ၄ နှစ်အတွင်း ထူးချွန်စွာ ဖြေဆို အောင်မြင်ခဲ့တာမို့ ကြား သိရသူတိုင်း အံ့သြ ဝမ်းသာကြမယ်လို့ ထင်ပါတ ယ်။တစ်ကယ်တော့ မောင်ဟန်ထွန်းအောင် ဟာ အသက် ၁၁နှစ် အရွယ် ကထည်းက အစိုးရအဘိဓမ္မာ ၃ ဆင့်လုံးကို အောင်မြင်ကာ အဘိဓမ္မာဥယျာဉ် ကြီးထဲကို စတင် ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ဓမ္မရသကို သိရှိခံစားဖူးတဲ့ ပျားပိတုန်း လေးတစ်ကောင် အဖို့ ဒီဥယျာဉ် ကြီးထဲကနေပြီး ပြန်မထွက် နိုင်တော့တာ သိပ်တော့လဲ မဆန်းလှပါဘူး။ အဲဒီနှစ်မှာပဲ ဓမ္မသာကစ္ဆာ အဘိဓမ္မာ၃ ဆင့်လုံးကိုလည်း အောင်မြင်ခဲ့တယ်။ ၁၂နှစ်အရွယ် ၇တန်းနှစ်မှာ အစိုးရ ဝိသုဒ္ဓိမဂ် ၃ဆင့်နဲ့ ဓမ္မသာကစ္ဆာ ဝိသုဒ္ဓိမဂ် ၃ ဆင့်လုံးကို နှစ်ချ င်းပေါက် အံ့ဖွယ် အောင်မြင်ခဲ့သလို အဘိဓမ္မာစာတော်ပြန်ပွဲကိုလည်း စတင်ဝင်ရောက် ပူဇော်ခဲ့ပါတယ်။၁၃ နှစ်ရွယ် ၈ တန်းမှာ ပထမပြန် စာ မေးပွဲ အခြေပြု မူလတန်းကို အောင်မြင်ခဲ့ပြီး အဘိဓမ္မာ ပြန့်ပွားရေး အသင်းကြီးရဲ့ (စူဠ အာဘိဓမ္မိက ဝိသိဋ္ဌ ကလျာဏဉာဏဓဇ) ဘွဲ့ကို ရ ရှိခဲ့ပါတယ်။၁၄နှစ်အရွယ် နဝမတန်းမှာ အစိုးရအဘိဓမ္မာ ဂုဏ်ထူးဆောင် (ဋီကာကျော်) ၃ဆင့်ကို အောင်မြင်ကာ (မဇ္ဈိမ အာဘိဓမ္မိက ကလျာ ဏဉာဏဓဇ) ဘွဲ့ကို ထပ်မံ ရရှိပြန်ပါတယ် တက္က သိုလ်ဝင်တန်း ဖြေဆိုရမဲ့ အခုနှစ်မှာလည်း လုံးဝရပ်နားခြင်းမပြုဘဲ ဆက်လက် ကြိုးစားပူဇော်ခဲ့တဲ့အတွက် (မဟာ အာဘိဓမ္မိက ဥက္ကဋ္ဌ ကလျာ ဏဉာဏဓဇ) ဘွဲ့ကို အပြီးသတ် ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။အထက်မှာ ဖော်ပြခဲ့တဲ့ ကျမ်းတွေဆိုတာ တစ်ကျမ်း တစ်ကျမ်းကိုပဲ အောင်မြင်အောင် မနည်းလေ့လာ ပူဇော်ရကြောင်း ပူဇော်ဖူးသူတိုင်း ကောင်းစွာ သိရှိကြပါတယ်။ဒီ၅နှစ်တွ င်းမှာ အဘိဓမ္မာ(ရိုးရိုး) ၃ဆင့် အဘိဓမ္မာ(ဂုဏ် ထူးဆောင်) ၃ဆင့်၊ ဝိသုဒ္ဓိမဂ် ၃ဆင့်၊ အခြေပြုမူလတန်းနဲ့ စာတော်ပြန်ပွဲ ၁၅ကျမ်းတို့ကို ဖြေဆို အောင်မြင်ကာ (စူဠ အာဘိဓမ္မိက ကလျာဏဉာဏဓဇ) (မဇ္ဈိမ အာဘိဓမ္မိက ဝိသိဋ္ဌ ကလျာ ဏဉာဏဓဇ)၊ (မဟာ အာဘိဓမ္မိက ဥက္ကဌ က လျာဏဉာဏဓဇ) ဘွဲ့ကြီး ၃ဘွဲ့ကို ချီးမြှင့်ခြင်းခံရတဲ့ သမိုင်းတလျောက် အသက်အငယ်ဆုံး စာပြန်ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါပြီ။ ဒါမို့ ဒီအရွယ်နဲ့ ဒီလောက်လုပ်နိုင်တာကို အတော်ပဲ လက်ဖျားခါမိပါတယ်။ဒါမို့ ကျွန်တော့် အနေနဲ့ကတော့… မောင်ဟန်ထွန်းအောင်ကို ဓမ္မရသနောက် တစ်ကောက် ကောက် လိုက်ခဲ့သူ၊ ဆင်ခြေ ဆင်လက် တွေကို မထီမဲ့မြင် ပြုနိုင်တဲ့သူ အခက်ခဲတွေကို အခွင့်အရေး အဖြစ် ပြောင်းလဲနိုင်သူ၊ အားကျ အတုယူသင့်သူဂုဏ်ပြု ချီးကျူးမှုတွေနဲ့ အထူးကို ထိုက်တန်တဲ့ သူအဖြစ် နှစ်ဆန်း အမှတ်တရ ဝိသေသပြု မှတ် တမ်းတင် ဂုဏ်ပြု လိုက်ရပါ တော့တယ်။

သာဓု သာဓု သာဓု

Unicode

အသက် အငယ်ဆုံး အဘိဓမ္မာ မဟာဘွဲ့ရ ၁၅ နှစ်သားလေးမောင်ဟန်ထွန်းအောင်ဓမ္မရသနောက် တစ်ကောက်ကောက် လိုက်ခဲ့သူ (သို့မဟုတ်) အသက် ငယ်ဆုံး အဘိဓမ္မာ မဟာ ဘွဲ့ရ ၁၅နှစ်သား သူလိုလူ (၅၂) ကြိမ်မြောက် အ ဘိဓမ္မာ စာတော်ပြန်ပွဲရဲ့ ထူးခြားချက်ထဲမှာ ၁၅ နှစ်သား တစ်ဦးရဲ့ မဟာဘွဲ့ ရရှိမှုဟာ ဘယ်လိုမှချန်လှပ်ခဲ့လို့ မရနိုင်ပါဘူး။လူပုဂ္ဂိုလ်များ အတွ က် သတ်မှတ် ပြဌာန်းထားတဲ့ ကျမ်းအစိတ် အပို င်း ၁၅ ပိုင်းကို မောင်ဟန်ထွန်းအောင်ဟာ ဒီကနှစ်မှာ ရေးဖြေ ဘာသာစုံ ဂုဏ်ထူးနဲ့ အတူ လှလှပပ အဆုံးသတ် နိုင်ခဲ့ပါတယ်။၁၅ ကျမ်းကို ၄ နှစ်အတွင်း ထူးချွန်စွာ ဖြေဆို အောင်မြင်ခဲ့တာမို့ ကြား သိရသူတိုင်း အံ့သြ ဝမ်းသာကြမယ်လို့ ထင်ပါတ ယ်။တစ်ကယ်တော့ မောင်ဟန်ထွန်းအောင် ဟာ အသက် ၁၁နှစ် အရွယ် ကထည်းက အစိုးရအဘိဓမ္မာ ၃ ဆင့်လုံးကို အောင်မြင်ကာ အဘိဓမ္မာဥယျာဉ် ကြီးထဲကို စတင် ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ဓမ္မရသကို သိရှိခံစားဖူးတဲ့ ပျားပိတုန်း လေးတစ်ကောင် အဖို့ ဒီဥယျာဉ် ကြီးထဲကနေပြီး ပြန်မထွက် နိုင်တော့တာ သိပ်တော့လဲ မဆန်းလှပါဘူး။ အဲဒီနှစ်မှာပဲ ဓမ္မသာကစ္ဆာ အဘိဓမ္မာ၃ ဆင့်လုံးကိုလည်း အောင်မြင်ခဲ့တယ်။ ၁၂နှစ်အရွယ် ၇တန်းနှစ်မှာ အစိုးရ ဝိသုဒ္ဓိမဂ် ၃ဆင့်နဲ့ ဓမ္မသာကစ္ဆာ ဝိသုဒ္ဓိမဂ် ၃ ဆင့်လုံးကို နှစ်ချ င်းပေါက် အံ့ဖွယ် အောင်မြင်ခဲ့သလို အဘိဓမ္မာစာတော်ပြန်ပွဲကိုလည်း စတင်ဝင်ရောက် ပူဇော်ခဲ့ပါတယ်။၁၃ နှစ်ရွယ် ၈ တန်းမှာ ပထမပြန် စာ မေးပွဲ အခြေပြု မူလတန်းကို အောင်မြင်ခဲ့ပြီး အဘိဓမ္မာ ပြန့်ပွားရေး အသင်းကြီးရဲ့ (စူဠ အာဘိဓမ္မိက ဝိသိဋ္ဌ ကလျာဏဉာဏဓဇ) ဘွဲ့ကို ရ ရှိခဲ့ပါတယ်။၁၄နှစ်အရွယ် နဝမတန်းမှာ အစိုးရအဘိဓမ္မာ ဂုဏ်ထူးဆောင် (ဋီကာကျော်) ၃ဆင့်ကို အောင်မြင်ကာ (မဇ္ဈိမ အာဘိဓမ္မိက ကလျာ ဏဉာဏဓဇ) ဘွဲ့ကို ထပ်မံ ရရှိပြန်ပါတယ် တက္က သိုလ်ဝင်တန်း ဖြေဆိုရမဲ့ အခုနှစ်မှာလည်း လုံးဝရပ်နားခြင်းမပြုဘဲ ဆက်လက် ကြိုးစားပူဇော်ခဲ့တဲ့အတွက် (မဟာ အာဘိဓမ္မိက ဥက္ကဋ္ဌ ကလျာ ဏဉာဏဓဇ) ဘွဲ့ကို အပြီးသတ် ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။အထက်မှာ ဖော်ပြခဲ့တဲ့ ကျမ်းတွေဆိုတာ တစ်ကျမ်း တစ်ကျမ်းကိုပဲ အောင်မြင်အောင် မနည်းလေ့လာ ပူဇော်ရကြောင်း ပူဇော်ဖူးသူတိုင်း ကောင်းစွာ သိရှိကြပါတယ်။ဒီ၅နှစ်တွ င်းမှာ အဘိဓမ္မာ(ရိုးရိုး) ၃ဆင့် အဘိဓမ္မာ(ဂုဏ် ထူးဆောင်) ၃ဆင့်၊ ဝိသုဒ္ဓိမဂ် ၃ဆင့်၊ အခြေပြုမူလတန်းနဲ့ စာတော်ပြန်ပွဲ ၁၅ကျမ်းတို့ကို ဖြေဆို အောင်မြင်ကာ (စူဠ အာဘိဓမ္မိက ကလျာဏဉာဏဓဇ) (မဇ္ဈိမ အာဘိဓမ္မိက ဝိသိဋ္ဌ ကလျာ ဏဉာဏဓဇ)၊ (မဟာ အာဘိဓမ္မိက ဥက္ကဌ က လျာဏဉာဏဓဇ) ဘွဲ့ကြီး ၃ဘွဲ့ကို ချီးမြှင့်ခြင်းခံရတဲ့ သမိုင်းတလျောက် အသက်အငယ်ဆုံး စာပြန်ပုဂ္ဂိုလ် ဖြစ်လာခဲ့ပါပြီ။ ဒါမို့ ဒီအရွယ်နဲ့ ဒီလောက်လုပ်နိုင်တာကို အတော်ပဲ လက်ဖျားခါမိပါတယ်။ဒါမို့ ကျွန်တော့် အနေနဲ့ကတော့… မောင်ဟန်ထွန်းအောင်ကို ဓမ္မရသနောက် တစ်ကောက် ကောက် လိုက်ခဲ့သူ၊ ဆင်ခြေ ဆင်လက် တွေကို မထီမဲ့မြင် ပြုနိုင်တဲ့သူ အခက်ခဲတွေကို အခွင့်အရေး အဖြစ် ပြောင်းလဲနိုင်သူ၊ အားကျ အတုယူသင့်သူဂုဏ်ပြု ချီးကျူးမှုတွေနဲ့ အထူးကို ထိုက်တန်တဲ့ သူအဖြစ် နှစ်ဆန်း အမှတ်တရ ဝိသေသပြု မှတ် တမ်းတင် ဂုဏ်ပြု လိုက်ရပါ တော့တယ်။

သာဓု သာဓု သာဓု

၇ တန်းအောင်လူငယ်လေး ဘဝကနေ မြန်မာပြည်ရဲ့ အချမ်းသာဆုံး သူတွေထဲက တစ်ယောက် ဖြစ်လာတဲ့ အထိကြိုးစားခဲ့ရတာဆောက်လုပ်ရေးရွှေခေတ်ကို မှီပြီး ကံကောင်းဖို့ ဆိုတာ လိုအပ်ပေမယ့်အဲဒီ ကံ တစ်ခုထဲ နဲ့ ဘယ်ဖြစ်လာပါ့မလဲနော့်။

လူငယ်လေး တစ်ယောက် ၇ တန်းပြီးတော့ ရွေးချယ်စရာ နည်းပါးတဲ့ခေတ်မှာ ရှမ်းပြည်ဖက်မှာ ကားဝပ်ရှော့ လုပ်ဖြစ်တယ်။နောက် ဓားပြတွေ ရန်ကြောက်လို့ ရန်ကုန်ကို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ တက်လာတယ်။ရန်ကုန်ရောက်တော့ ၃ ဘီး မောင်းတယ်။

၃ ဘီး မောင်းနေရင်း လက်ဖက်ခြောက် ကုန်သည်နဲ့တွေ့လို့ အဲဒီအိမ်မှာ ဒရိုင်ဘာ လုပ်ရာကနေ အရောင်းအဝယ်ပညာ သင်ယူခဲ့တယ်။အိမ်ထောင်ကျ ကလေးရပြီး အဆင်မပြေတော့ လမ်းဘေးမှာ ဈေးရောင်းတယ်။ ၄ နှစ်လောက် ရောင်းပြီး စုဆောင်းရငွေ နဲ့ လက်ဖက်ခြောက်တွေ မုန့်တွေ လက်ကားရောင်းတယ်။

နောက် border trade ပြောင်းလုပ်တယ်။အဲ့လိုနဲ့ ၁၉၉၀ မှာ ကုမ္ပဏီ စထောင်တယ်။ ဘဏ်တွေ ထောင်တယ်။ ဆောက်လုပ်ရေး လုပ်တယ်။

နောက် ဘဏ်ကို ပိတ်ရတော့ shopping center တွေဖက်လှည့်တယ်။ရဲရွာရေအားလျှပ်စစ် နဲ့ အမြန်လမ်းတွေဖောက်တယ်။အဲလိုနဲ့ ခု ရွှေတောင်ဖြစ်လာသတဲ့။ပွဲက personal branding ဆန်ပေမယ့် သူ့အနေနဲ့ ၇ တန်းပဲ အောင်ပြီး အဆင့်မြင့်စီးပွားရေးပညာတွေ MBA တွေ သင်ခွင့် မရပေမယ့် သူ့ဘဝအကြောင်းပြောနေရင်းသူ့ အတွေ့အကြုံက လာတဲ့ ရိုးရှင်းပြီး နားလည်ရလွယ်တဲ့ စီးပွားရေးပညာ တချို့ ကြားခွင့်ရခဲ့တယ်။ဓားပြတွေရန်က အဝတ်တထည် ကိုယ်တစ်ခုနဲ့ပြေးလာရတဲ့ကံဆိုးမှုတွေနောက်မှာ လက်ဦးဆရာဖြစ်လာမယ့် အရောင်းအဝယ် သင်ယူခွင့်ရမယ့် ကံကောင်းမှု ဖြစ်လာတယ်

ဘဏ်တွေပိတ်လိုက်ရတော့ တခြားဖက်မှာ ပိုဖိလုပ်ဖြစ်တော့ ဆောက်လုပ်ရေး ရေအားလျှပ်စစ်တွေမှာ အာရုံစိုက်ဖြစ်ခဲ့တယ်ကံဆိုးမှုနောက်မှာကံကောင်းဖို့အတွက် အခွင့်အရေး ကပ်ပါလာလေ့ရှိသတဲ့။မြင်အောင်ကြည့်တတ်ဖို့ပဲ လိုတာပေါ့လေ။သူ့ရဲ့ ခုလက်ရှိ ချမ်းသာမှုက လက်ဦးဆရာ လက်ဖက်ခြောက်ကုန်သည်ကြီး ထက်သာနေပြီးကုန်သည်ကြီး မရှိတော့ပေမယ့် သူ့မိသားစုဝင်တွေကို လေးလေးစားစားနဲ့ သူဌေးလို့ပဲခေါ်နေမိတုန်း။

တချိန်က သူမောင်းခဲ့ရတဲ့ ကုန်သည်ကြီးရဲ့ကားကို အမှတ်တရ ဝယ်ထားပြီး သိမ်းထားခဲ့တယ်။

ကျေးဇူးရှိတဲ့သူတွေကို ကျေးဇူးသိတယ် ။

ကျေးဇူးပြန်ဆပ်တယ်။သူရဲ့ လက်အောက်က ဝန်ထမ်းတွေကို အရည်အချင်းအလိုက် လခတွေ နေရာတွေ ပေးခဲ့တယ်

သင်တန်းတွေပေးတယ်။

လူတွေကို ယုံကြည်မှုထားတယ်။မယုံရင် လုံးဝမခိုင်းနဲ့။ ခိုင်းပြီဆို ယုံထားလိုက်။သင်တန်းပေးလိုက်ပြီး ကျွမ်းကျင်လို့ သူနေရာမပေးနိုင်လို့ ထွက်သွားလည်း တခြားနေရာမှာ ထူးချွန်ရင် သူနေရာပေးနိုင်တဲ့ တချိန်ပြန်လာမှာပဲ။ပြန်မလာလည်း နိုင်ငံအတွက်အကျိုး ရှိနေမှာပဲ။

အဲဒီတော့ သင်ပေးရမယ်။

လုပ်ခွင့်ပေးရမယ်။ မှားရင် ပြင်ပေးရမယ်နောက်ကိုယ့်အောင်က လူတွေကိုလည်း လေးလေးစားစား ဆက်ဆံရမယ်။တချိန်ထဲမှာ ကိုယ့်ကိုယ်ကို နှိမ့်ချမှုရှိရမယ်။

အဲဒါမှ ဝန်ထမ်းတွေက ကိုယ့်အပေါ်သစ္စာရှိမယ်။ လူတွေက အပြန်အလှန်လေးစားမယ်။လုပ်ငန်းတစ်ခု စလုပ်မယ်ဆို line of business အရေးကြီးတယ်။

ကိုယ်လုပ်မယ့်အလုပ်က potential ဘယ်လောက်ရှိလဲ တွက်ဖို့လိုတယ်။

လမ်းဘေးမှာပဲ ဈေးဆက်ရောင်းမယ်။Border trade ပဲ ဆက်လုပ်နေရင် အတိုင်းအတာတခုထိတော့ ချမ်းသာနိုင်ပေမယ့် ခုလောက်ထိ ချမ်းသာလာဖို့ မလွယ်ဖူး။

အဲဒီတော့ ခုကိုယ်လုပ်နေတဲ့အလုပ်က ဘယ်လောက် potential ရှိလဲ မရှိရင် မျက်စိဖွင့်နားစွင့်ထား။ အခွင့်အရေးရတာနဲ့ပြောင်းဖို့စဉ်းစား။

ရရင် နောက်ဆံမတင်းပဲ ချက်ချင်းပြောင်း။
စီးပွားရေးရဲ့ fluctuation ကိုအမြဲလေ့လာ သိနေရမယ်။ ဈေးကွက် ပြောင်းတော့မယ်ဆိုတာသိရင် ကြိုပြင်ဆင်ထား။ဈေးကွက်ကတော့ ကိုယ့်ကိုစောင့်နေမှာ မဟုတ်ဖူး။မပြင်မဆင်ထားရင် ကိုယ်ကျန်ခဲ့မှာပဲ။ ရဲရဲသာလုပ်။ ကိုယ်လုပ်တာအတွက် ကိုယ်တာဝန်ယူရမယ်။

ကိုယ့်လုပ်ငန်းကို ဝံပုလွေ အုပ်လို ဖြစ်အောင် လေ့ကျင့်ထား။

ကြောစိတ်မဝင်အောင် support ပေး။ ရှေ့ကနေ ခေါင်းဆောင်လုပ်။ကိုယ့်လုပ်ငန်းရဲ့ ကွာလတီကို ကိုယ်သတ်မှတ်။သူများရဲ့ ၁၀၀ တန်ပစ္စည်းကို ကိုယ်က ၂၀၀ ရောင်းလို့ ကျေကျေနပ်နပ် ပေးဝယ်ရင် အဲဒါ ကွာလတီပဲ။အဲလိုရဖို့ SOP တွေ work flow တွေ သေချာဆွဲထား။

လုပ်ငန်းကို တဆင့်ချင်း ဆွဲထားတဲ့ အတိုင်း တည်ဆောက်။လူတွေ ပစ္စည်းတွေ ငွေတွေကို သူ့နေရာနဲ့သူ အချိန်အခါလိုက်မှန်အောင်နေရာချ ပြီး စီမံရမယ်။

ပြီးရင် rules and regulations တွေ သေချာချပြီး ကိုယ်တိုင်လိုက်နာ။ဖောက်ရင် ချက်ချင်း ဒဏ်ပေး မဖမ်းသရွေ့ ကားကို ရပ်ချင်တဲ့နေရာရပ်မှာပဲလုပ်ငန်းတိုးတက်ဖို့အတွက် နိုင်ငံခြားက ဂေါ်ဇီလာတွေနဲ့ ပြိုင်နိုင်ဖို့ creative တွေ လုပ်။

ကိုယ်တိုင်မလုပ်နိုင်ရင် လုပ်နိုင်တဲ့ နိုင်ငံခြားသား ပညာရှင် consultant တွေငှား။ သူတို့ဆီက နည်းပညာကို သင်ယူ။

တခါငှားပြီး ကိုယ့်လူတွေကို လေ့ကျင့်ပေးနိုင်ရင် နောက် ကိုယ့်အားကိုယ်ကိုးလို့ရပြီ။ နိုင်ငံခြား သား consultant ဆိုတိုင်း မယုံနဲ့။

အထင်မကြီးနဲ့ တလွဲတွေလည်း လာတတ်တယ်။ နိုင်ငံခြား သွားရင်အကုန်ကြည့်ခဲ့ ဒီမှာ ဘာပြန်သုံးလို့ လုပ်လို့ရမလဲ စဉ်းစား။ ပြိုင်လုပ်လို့မရရင် ပေါင်းလုပ်ဖို့ ကြိုစဉ်းစားထား။

ပြိုင်လို့လည်းမရ။ ပေါင်းလို့လည်း မရရင်တော့ ပြေးဖို့ နည်းလမ်းရှာထား။အသေခံတော့ မတိုက်နဲ့။ကိုယ်ရဲ့ customer တွေ partner သူတွေ supplier တွေ ရဲ့ ယုံကြည်မှုကို တည်ဆောက်။

အောင်မြင်မှုရအောင်လုပ်။

အောင်မြင်မှုရလာရင် ထိန်းထားနိုင်ဖို့ကြိုးစား။အောင်ပွဲခံပြီး သာယာမနေနဲ့။ ကိုယ့်ကိုယ်ကို ချဲလင့် ခေါ်နိုင်ဖို့ ချဲလင့်အတိုင်း ကြိုးစားဖို့ ပြင်ဆင်ထားရမယ်။အမြဲသင်ယူဖို့ အသင့်ဖြစ်နေရမယ်။ဘာသာစကားတွေ သင်ယူနိုင်ဖို့ကြိုးစား။ အင်္ဂလိပ်စာ တရုတ်စာ အဓိကထားသင်။

တခြားဘာသာတွေလည်း ဖြစ်နိုင်ရင် ထမင်းစားရေသောက် နည်းနည်းပါးပါး နားလည်အောင်ကြိုးစား။စကားပြောဖို့ မပီမှာ မှားမှာမကြောက်ပဲ ရဲရဲသာပြောပါ။

လုပ်ငန်းအတွက် အတိအကျ လိုအပ်ရင် စကားပြန် သုံးပေမယ့် ဒင်နာတွေ ဆိုရှယ်တွေမှာ ကိုယ်တိုင်ပြော။အောင်မြင်ဖို့ မျှော်မှန်းထားပေမယ့် ဆုံးရှုံးနိုင်ချေအမြဲစဉ်းစားထားပြီး ပြင်ဆင်ထားရမယ်။နောက်ဆုံး စကား လက်ဆောင်ကတော့ အမြဲ မျက်စိဖွင့် နားစွင့်ထားပြီး ကောင်းတာတွေ့ရင်ယူ

အများယုံကြည်မှုရအောင် ကျင့်ဝတ်သိက္ခာရှိရှိ ကိုယ့်ကိုယ်ကို တည်ဆောက် ပြင်ဆင်ထားပါ။ဒီလို ပြင်ဆင်ကြိုးစားရင်း ဆုံးရှုံးမှုတွေ။

ရှုံးနိမ့်မှုတွေ ကြုံလာတိုင်း ဒါတွေက ခဏတာ ယာယီပါလို့ နှလုံးသွင်းရင်း

ဘဝကိုပျော်ပျော် ရွင်ရွင် ဖြတ်သန်းပါ။နောက်ဆုံးမှာတော့ အခွင့်အရေးဆိုတာ ကိုယ့်ဆီရောက်လာမှာ အသေအချာပါ။

Credit To :Original Writer

တချိန်ကမင့်ကိုဆေးထည့်ပေးဖူးတဲ့အဘွားကြီးပါကွာ အခုမင်းဆွဲကြိုး ရိုက်လုလို့ ဒဏ်ရာနဲ့ နုတ်ဆက်…မေတခု သားတခု ရှိတဲ့ ဘဝလေးကိုမှ လုပ်ရက်လိုက်ကြတာ (ဆွဲကြိုး အလုခံရတဲ့ အမေကြီး ကွယ်လွန်ရှာပြီ)၁၆.၁.၂၀၂၁(စနေနေ့) ၁၇.၁.၂၀၂၁(တနင်္ဂနွေနေ့) ရုံးပိတ်ရက် နှစ်ရက်ဟာ အိပ်မက်ဆိုး တစ်ပုဒ်လို ပြီးဆုံးသွားခဲ့ပါပြီ။

တကယ်တမ်း အိပ်မက်ဖြစ်ခဲ့ရင် အရမ်းကောင်းမှာပါပဲ။ ၁၅.၁.၂၀၂၁(သောကြာနေ့) ညနေကအမေ ရေချိုးခန်းရှေ့ ချော်လဲတယ် ဆိုတဲ့သတင်းနဲ့ အစ ပြုခဲ့ပါတယ်။ရုံး ကနေ အမြန် ပြန်ခဲ့ပေမယ့်ဒဏ်ရာတွေနဲ့အတူ အမေ အဲဒီကတည်းက ဘာစကားမှ မပြောနိုင်တော့ပါဘူး။

တရားခံက လွန်ခဲ့တဲ့ ၂/၃လ လောက်က အိမ်ပြင်လို့ လက်သမားခေါ်တဲ့ အထဲမှာ ပါလာခဲ့တဲ့လက်သမားအကူ ကောင်လေးပါ။ ၁၀ သိန်းလောက် တန်တဲ့ ဆွဲကြိုး တစ်ကုံးအတွက်နဲ့ ကျနော့်အမေကို ရက်ရက် စက်စက် တမလွန်ပို့သွားခဲ့တယ် ဗျာ။နောက်ဖေးပေါက်ကနေ အိမ်ထဲခိုးဝင်၊ရေချိုးခန်းကနေ ပြန်ထွက်လာတဲ့ အမေ့ကို ပေါက်ဆိန်ရိုး သစ်သားတုတ်နဲ့ ၂/၃ ချက် ဆင့်ရိုက်သတဲ့။မှောက်လဲသွားမှ ဆွဲကြိုး ကို ဖြုတ်ယူပြီး အိမ်ရှေ့ ပြတွင်းပေါက် ကနေ ခုန်ထွက် ပြေးသွားသတဲ့။

လုပ်ရက်ပါ့ကွာ။မင်း အိမ်မှာ လက်သမားလုပ်ရင်း လက်ကို စက်လွှထိ ခဲ့တုန်းက ဆေးထည့်ပြီးပတ်တီး စည်းပေးခဲ့တဲ့ အဘွားကြီး ပါကွာ။မင်းတို့ နေ့လယ် ထမင်းစား ပြန်တိုင်း ဟင်း ထုပ်လေးတွေထည့်ပေးနေကျ အဘွားကြီး ပါကွာ။

မင်းတို့ အတွက် မိုးလင်းတာနဲ့ ရေနွေးအိုး တည်ပြီးသောက်ရေခွက်လေးတွေကို ပြောင် အောင် တိုက်ပေးထားတဲ့ အသက် ၇၆ အရွယ် အဘွားအိုကြီးပါကွာ။မင်း တို့ တောင်းတဲ့ ဈေးထက် အမေ မသိအောင် ငါ ပိုပေးခဲ့တယ်လေ။မင်း တို့ အတွက် ဆေးလိပ်၊ကွမ်းယာ၊…လက်ဖက်ရည် ၊ အအေး လိုလေသေး မရှိ ငါ စီစဉ် ပေးခဲ့တယ်လေ။ ငါ ပြောတာ ဟုတ်၊မဟုတ် မင်း ရဲ့လက် သမား ခေါင်းဆောင် မသေသေးပါဘူးကွာ။ငါ မေး ပြပါ့မယ်။အခု တော့ကွာ။တွန်းလှဲပြီး လု ပြေးရင်တောင် မင်း မှန်း မသိနိုင်မယ့် မင်း နောက် မလိုက်နိုင်မယ့်..

အဘွားကြီးကို ဆွဲကြိုး တစ်ကုံးအတွက် မသေမချင်း ရိုက်ခဲ့တယ်တဲ့လား။ အမေတစ်ခု သား တစ်ခု ဘဝနဲ့နှစ်ပေါင်း ၃၀ လောက် နေလာပြီးမှ ၃ ရက်အတွင်း အမေက ခပ်မြန်မြန်ပဲ ကျနော့် ကို ထားသွားခဲ့တယ်။သူ့ ကို ဘာလုပ်ချင်လဲ မေးရင် ကျနော် ပြန် လက်စားချေချင်ပါတယ်။ကျနော် ပုတုဇဉ် မို့ ခွင့်မလွှတ်နိုင်ပါဘူး။ကျနော် တကယ် ပြန်လက်စားချေချင်တာပါ။ဒါပေမဲ့ ပြုသူအသစ်မို့ ဘာသာရေး အဆုံးအမ အရ တရားဥပဒေရဲ့ ပြစ်ဒဏ်ကိုပဲ သူ ခံ ပါစေ။ကျနော် အသစ် ပြန်မဖြစ်ချင် တော့ပါ။ကျနော့် အမေလည်း ဒီ ဘဝ ဟာ

နောက်ဆုံး ဖြစ်ပါစေ။ ကံကြွေးများရှိခဲ့ရင်လည်း ဒီဘဝ ကျေပါစေ ။ အမေ ကောင်းရာသုဂတိလားပါစေ ။

Nay Linn Aung

အင်းလေးကန်ထဲမှာမြုပ်နေတဲ့ နှစ်ပေါင်းရာချီပြီးသက်တမ်းရှိသောရှေးဟောင်းစေတီတွေရှိတယ်ဆိုတာ သိပြီးကြပြီလားဗျာ အင်းလေးကန်ထဲမှာ ရေမြှုပ်နေတဲ့မြို့နဲ့ စေတီပုထိုးတွေရှိတယ်ဆိုတာသိကြလား ပုံစံအမျိုးမျိုးရှိတဲ့ ရှေးဟောင်းစေတီတွေ အင်းလေးရေပြင်ထဲမြှုပ်နေတာသိပ်ကိုထူးဆန်းတဲ့မြင်ကွင်းပေါ့၊ အဲ့ဒီမြို့လေးကတော့စံကားဆိုတဲ့မြို့လေးပါ။ အင်္ဂလိပ်လိုဆိုရင်တော့ Sam Kar လို့ပေါင်းပါတယ်။စံကားလို့ပေါင်းပေမဲ့ စကားလို့ အသံထွက်ပါတယ်။ စံကားမြို့လေးက အင်းလေးကန်တောင်ဖက်ပိုင်း အင်းလေးကန်ရဲ့ အရှေ့ဘက်ကမ်းမှာ တည်ရှိပါတယ်။ လူဦးရေ ၁၅၀၀ လောက်ပဲရှိတဲ့ မြို့သေးလေးတစ်မြို့ဖြစ်ပြီး ရှမ်း၊ ပအိုဝ့်၊ အင်းသားလူမျိုးတွေနေထိုင်ကြပါတယ်။ဟိုးတစ်ချိန်တုန်းကတော့ ရှမ်းပြည်တောင်ပိုင်းမှာ အချမ်းသာဆုံး ဖြစ်ခဲ့ဖူးတယ်တဲ့လေ။ ဘာလို့ ရေမြှုပ်နေရသလဲ ၁၉၇၀ ခုနှစ်လောက်တုန်းက လောပိတရေအားလျှပ်စစ်စက်ရုံအတွက် မိုးဗြဲဆည်ကို တည်ဆောက်ချိန်မှာရေမြှုပ်သွားခဲ့တာပါ။ စံကား၊ ဖယ်ခုံအပြင်အင်းလေးတောင်ပိုင်းကရွာပေါင်းများစွာရယ် ဘီလူးချောင်းတလျှောက်က ရွာတွေရယ်ရေမြုပ်သွားတယ်လို့သိရပါတယ်။ ရွာမှာနေထိုင်သူတွေဟာမိမိအိုးအိမ်စည်းစိမ်တွေကို စွန့်လွှတ်ပြီးရေလွတ်ရာကိုပြောင်းရွှေ့ကာ ရွာတည်နေထိုင်ခဲ့ကြရတယ်တဲ့။ အခုလက်ရှိ စံကားမြို့ကတော့အသစ်တည်ထားတဲ့ မြို့ကြီးပေါ့။မြန်မာတစ်နိုင်ငံလုံးကမြို့ကြီးတွေ လျှပ်စစ်မီးရအောင် ရွာအမြှုပ်ခံကာစတေးခဲ့ရပေမဲ့ သူတို့ကိုယ်တိုင်မှာတော့အခုထက်ထိ လျှပ်စစ်မီးမရရှိသေးဘူးတဲ့လေ။ စိတ်မကောင်းစရာပဲနော်။ ဘာတွေလည်စရာရှိလဲစံကားလှေဆိပ်ရှိရာဘုန်းကြီးကျောင်းဝင်းမှာတင်ရှေးဟောင်းဘုရားတွေရယ်၊ရေထဲမြှုပ်နေတဲ့ဘုရားတွေရယ် တွေ့နေရပါပြီ။ လှေဆိပ်မှာ စားသောက်ဆိုင်ငယ်တွေရှိသလို ကမ်းနားက စားသောက်ဆိုင်ကနေ အင်းလေးကန်ရှုခင်းကြည့်ပြီးလည်းစားသောက်နိုင်ပါတယ်။ ကိုယ်တွေကတော့လှေဆိပ်ကနေ လှေစီးလုံးငါးခ ၂၀၀၀၀ ကျပ်ပေးပြီးအင်းထဲကတာခေါင်မွေတော်ဘုရားနဲ့ နတ်တာရိုးတို့ကိုလည်ပတ်ခဲ့ကြပါတယ်။ တာခေါင်မွေတော်ဘုရား တာခေါင်မွေတော်ဘုရားက မွေတော်ကက္ကူဘုရားတွေလို၊ ရွှေအင်းတိမ်ဘုရားတွေလို ပုံသဏ္ဏာန်အမျိုးမျိုးရှိတဲ့ ရှေးဟောင်းဘုရားတွေအများကြီး စီစီရီရီရှိနေတဲ့စေတီစုပါ။ စေတီနားသို့လှေကပ်လာတဲ့အခါမှာတော့ ရေထဲမြှုပ်နေတဲ့ စေတီတချို့က စီးကြိုလို့နေပါတယ်။ ကန်စပ်မှာရှိတဲ့ စေတီမုခ်ဦးဝက ခြင်္သေ့ကြီး၂ကောင်ကလည်း အင်းလေးကန်ကြီးကို လှမ်းမျှော်နေသယောင် မြင်ကွင်းကဆွေးစရာပါ။ ရဲရဲနီအောင်ပွင့်နေတဲ့ပန်းခင်းတွေနောက်မှာတော့စေတီတွေ၊စေတီတွေအများကြီးလှမ်းမြင်နေရပါတယ်။ စေတီပေါင်း ၂၃၆ဆူတောင်ရှိပြီး စေတီအများစုက လွန်ခဲ့တဲ့ နှစ် ၆၀၀ကျော်ကတည်ထားခဲ့တာတဲ့လေ။ အဲ့ဒီထဲကမှ နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်ထားခဲ့တဲ့စေတီကြီးကတော့ ဗိသုကာလက်ရာကအစ ဆန်းကြယ်လို့နေပါတယ်။အလောင်းစည်သူမင်းကြီးတည်ထားခဲ့တဲ့ ရွှေရောင်စေတီကြီးကလည်း ရှေးဟောင်းစေတီတွေအကြား သပ္ပါယ်စွာ ရှိလို့နေပါတယ်။ နတ်တာရိုး နတ်တာရိုးကတော့ အင်းလေးကန်အရှေ့နဲ့အနောက်ကို ကန့်လန့်ဖြတ်ထားတဲ့ သဘာဝကျောက်တံတိုင်းကြီးပါ။ လှေဆိပ်ကနေမိနစ်၂၀လောက်လှေစီးရပါတယ်။ ဒီတာရိုးကြီးမှာ ပါးစပ်ရာဇဝင်တစ်ခုရှိပါတယ်။ ဒေသခံတွေကတော့နတ်တို့ဖန်ဆင်းထားတယ်လို့ ပြောစမှတ်ပြုကြတာပေါ့။ ဟိုးရှေးရှေးတုန်းက အင်းလေးကန်ရဲ့အရှေ့ရေထွက်ပေါက်နဲ့အနောက်ရေထွက်ပေါက်ကို နတ်သား၂ပါးနဲ့နတ်သမီး၁ပါးတို့ကကိုယ်စီစောင့်ရှောက်ထားကြပါတယ်တဲ့။ နတ်သားထဲကတစ်ပါးကနတ်သမီးကိုချစ်ခင်စုံမက် လို့သွားကမ်းလှမ်းတဲ့အခါမိုးမလင်းခင်ရေထွက်ပေါက်၂ခုကိုတံတားတစ်စင်းအပြီးဆောက်ပေးရင်လက်ခံမယ်လို့ပြန်ပြောပါသတဲ့။ နတ်သားလည်းအားကြိုးမာန်တက်နဲ့အပြီးဆောက်တာပေါ့။ဒါပေမဲ့နတ်သမီးလေးကလက်မဆက်ချင်တာကြောင့် ကြက်တစ်ကောင်ကို မိုးမလင်းခင် တွန်ဖို့စေခိုင်းခဲ့သတဲ့လေ။ ကြက်တွန်သံလည်းကြားရော မိုးလင်းပြီအမှတ်နဲ့ နတ်သားလေး လက်လျှော့သွားတာကြောင့် တံတားက မပြီးမပြတ်ဖြစ်နေတာတဲ့လေ။ ဒါကြောင့်လည်းတာရိုးကအနောက်ဘက်ကမ်းအထိမရောက်ဘဲ အင်းလေးကန်အလည်မှာ ပြတ်သွားတာကိုတွေ့ခဲ့ရပါတယ်။ ကိုယ်တွေရောက်တဲ့အချိန်က ရေတက်နေတဲ့အချိန်မို့လို့ ရေပေါ်ပေါ်နေတဲ့ တာရိုးပေါ်ထိတက်ကြည့်လို့ရပါတယ်။ နောက်ပိုင်းမှာ အသစ်အဆန်းအနေနဲ့တာရိုးတလျှောက်ဝါးဖောင်နဲ့သွားကြည့်လို့ရမယ်လို့လည်းသိရပါတယ်။ ဘယ် လိုသွားလဲ အင်းလေးဟိုတယ်ဇုံကနေရေလမ်းနဲ့ အင်းလေးကန်ထဲကသွားမယ်ဆိုရင် ၂နာရီခွဲလောက်မောင်းရပြီး ကားလမ်းနဲ့ဆိုရင်တော့ ၁နာရီကျော်ကျော်လောက်မောင်းရပါတယ်။ ကားလမ်းနဲ့ဆိုညောင်ရွှေ- လွိုင်ကော်လမ်းအတိုင်းမောင်းရင် အင်းလေးအရှေ့ဘက် ဟိုတယ်ဇုံကနေ၁နာရီကျော်လောက်ပဲမောင်းရပါတယ်။ ကိုယ်တွေသွားခဲ့တုန်းကတော့ Novotel hotel ကနေ အသွားအပြန်ကားဌားခ ၃၀၀၀၀ ကျပ်နဲ့ရခဲ့ပါတယ်။ လွိုင်ကော်ကနေလာမယ်ဆိုရင်တော့ ၂နာရီလောက်မောင်းရမှာပါ။ မွေတော်ကက္ကူနဲ့လည်းနီးတော့တောင်ကြီးကလာမယ်ဆိုရင် ညောင်ရွှေဖြတ်စရာမလိုဘဲ တောင်ကြီး-ကက္ကူ-ကျောက်တစ်လုံးလမ်းအတိုင်းလာလို့ရပါတယ်။ တောင်ကြီးကနေတော့စံကားအထိ ၂နာရီကျော်လောက်မောင်းရမှာပါ။ အင်းလေးဟိုတယ်တွေကနေ ကားနဲ့သွားရင်အသွားတစ်နာရီ၊ အပြန်တစ်နာရီ၊စံကားမှာလှေနဲ့သွားလည်တဲ့ ၂နာရီဆိုစုစုပေါင်း ၄နာရီကျော်၅နာရီလောက်ပဲကြာတဲ့အတွက် နေ့ချင်းပြန်သွားလို့ရပါတယ်။ အင်းလေးမကြာမကြာရောက်ဖူးသူတွေအနေနဲ့ အသစ်အဆန်းနေရာအဖြစ်သွားလည်နိုင်ပါတယ်။ သမိုင်းဝင်ရှေးဟောင်းစေတီတွေရေထဲမြှုပ်နေတဲ့

တကယ်ထူးခြားလှတဲ့ မြင်ကွင်းပါ။ ဒါကြောင့်မို့လို့ စံကားမြို့ကရှေးဟောင်းသမိုင်းဝင်စေတီတွေကို အင်းလေးရောက်ရင် သွားရောက်ဖူးမြော်နိုင်အောင် ဖော်ပြလိုက်ပါတယ်နော်။ အေးချမ်းလှတဲ့ ဒီဇင်ဘာလလေးဖြစ်ပါစေချစ်ခင်လျှက်။

အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသောနေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။

ခရက်ဒစ် မနုမြတ်

လောကကြီးထဲ လူဖြစ်ခွင့် ပေးခဲ့တဲ့အပြင် နေမထိုးအောင် တဲ့ TV အစုတ် ကလေးနဲ့ အုပ်ပေးခဲ့တဲ့ အမေ ကျေးဇူးပါ

လောကကြီးထဲ လူဖြစ်ခွင့် ပေးခဲ့တဲ့အပြင် နေများ ထိုးခဲ့ရင်

အရိပ်ကလေး ရအောင် တဲ့ TV အစုတ် ကလေးနဲ့ပါ အုပ်ပေးခဲ့သေးတယ်

တွေ့လား စွန့်ပစ်ခဲ့ပေမယ့်အမေ ကျွန်တော့် ကို ချစ်ပါတယ်…….ဆို

မင်းရသ

ဒီနေ့ဒလ အမှိုက်ပုံမှာ စွန့်ပစ်ခဲ့တဲ့ မွေးကာစ ကလေးငယ် ချက်ကြိုးမှာ သွေးထွက်လို့ ဆေးရုံ ပို့ထားရ မခိုင်နှင်းဝေ တို့ အဖွဲ့က ကူညီထား

လောကကြီးထဲ လူဖြစ်ခွင့် ပေးခဲ့တဲ့အပြင် နေများ ထိုးခဲ့ရင်

အရိပ်ကလေး ရအောင် တဲ့ TV အစုတ် ကလေးနဲ့ပါ အုပ်ပေးခဲ့သေးတယ်

တွေ့လား စွန့်ပစ်ခဲ့ပေမယ့်အမေ ကျွန်တော့် ကို ချစ်ပါတယ်…….ဆို

မင်းရသ

ဒီနေ့

ဒလ အမှိုက်ပုံမှာ စွန့်ပစ်ခဲ့တဲ့ မွေးကာစ ကလေးငယ် ချက်ကြိုးမှာ သွေးထွက်လို့ ဆေးရုံ ပို့ထားရ မခိုင်နှင်းဝေ တို့ အဖွဲ့က ကူညီထား

Unicode

လောကကြီးထဲ လူဖြစ်ခွင့် ပေးခဲ့တဲ့အပြင် နေမထိုးအောင် တဲ့ TV အစုတ် ကလေးနဲ့ အုပ်ပေးခဲ့တဲ့ အမေ ကျေးဇူးပါ

လောကကြီးထဲ လူဖြစ်ခွင့် ပေးခဲ့တဲ့အပြင် နေများ ထိုးခဲ့ရင်

အရိပ်ကလေး ရအောင် တဲ့ TV အစုတ် ကလေးနဲ့ပါ အုပ်ပေးခဲ့သေးတယ်

တွေ့လား စွန့်ပစ်ခဲ့ပေမယ့်အမေ ကျွန်တော့် ကို ချစ်ပါတယ်…….ဆို

မင်းရသ

ဒီနေ့ဒလ အမှိုက်ပုံမှာ စွန့်ပစ်ခဲ့တဲ့ မွေးကာစ ကလေးငယ် ချက်ကြိုးမှာ သွေးထွက်လို့ ဆေးရုံ ပို့ထားရ မခိုင်နှင်းဝေ တို့ အဖွဲ့က ကူညီထား

လောကကြီးထဲ လူဖြစ်ခွင့် ပေးခဲ့တဲ့အပြင် နေများ ထိုးခဲ့ရင်

အရိပ်ကလေး ရအောင် တဲ့ TV အစုတ် ကလေးနဲ့ပါ အုပ်ပေးခဲ့သေးတယ်

တွေ့လား စွန့်ပစ်ခဲ့ပေမယ့်အမေ ကျွန်တော့် ကို ချစ်ပါတယ်…….ဆို

မင်းရသ

ဒီနေ့

ဒလ အမှိုက်ပုံမှာ စွန့်ပစ်ခဲ့တဲ့ မွေးကာစ ကလေးငယ် ချက်ကြိုးမှာ သွေးထွက်လို့ ဆေးရုံ ပို့ထားရ မခိုင်နှင်းဝေ တို့ အဖွဲ့က ကူညီထား

မိန်းမအပေါ် သစ္စာမဲ့ ဖောက်ပြန်ပြီး နှိပ်စက်တဲ့အပြင် မိန်းမရဲ့ ကုမ္ပဏီကငွေ သိန်း ၂၀၀၀ ကျော် ခိုးပြေးတဲ့ ယောက်ကျားကျွန်မ ကုမ္မဏီမှ ဒါရိုက်တာ အဖွဲ့ဝင်ဖြစ်သူ ကျွန်မ၏ ခင်ပွန်း အောက်ပါ ဓာတ်ပုံရှင် ကိုစိုင်း (ခေါ်) ကိုဇော်မွန်သည် ကျွန်မတည်ထောင်ထားသော Myanmar Tracery Gold Mining Co. အား ကလောတွင် ကိုဗစ်ကာလ ကျွန်မ လာရောက်ရန် အခက်အခဲရှိနေသည့်ကာလအတွင်း အခွင့်ကောင်းယူပြီး ကိုယ်ခြင်းစာတရားမရှိ ဝန်ထမ်းလစာများအား (၄လ) မရှင်းခြင်း -၁၄၅ သိန်း / ဆီဖိုးငွေ -၄၇၅ သိန်း / ကယ်ရီနဲ့ကားခ – ၄၇ သိန်းလုပ်ငန်းအကြောင်းပြ ကျွန်မခွင့်ပြုချက်မရပဲ တစ်ပါးသူများထံမှ ချေးငွေ -၁၄၇၈ သိန်းခန့် / လစဉ် ဘဏ်သို့ပေးသွင်းရမည့် ဘက်ဟိုးကြေး များအား စာရင်းရှင်းလင်းခြင်း မပြုပဲ ကျွန်မ ကလောမြို့သို့ ရောက်ရှိချိန် လုပ်ငန်းခွင်မှ ရွှေနှင့် ငွေကြေးများ ညသန်ခေါင်အချိန် ထွက်ပြေးယူဆောင်သွားပါသဖြင့် (၇) ရက်အတွင်း သက်ဆိုင်ရာ လုပ်ငန်းခွင်သို့ လာရောက်ရှင်းလင်းရန်နှင့် မလာရောက်ပါက နိုင်ငံပိုင်သတင်းစာနှင့် ဥပဒေလမ်းကြောင်းအရ သွားမည် ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။အိမ်ထောင်ရေး ကာလတွင်လည်း သူ့ကိုယ်သူ သူဌေးလူပျိုဟု လိမ်လည်ပြောဆိုပြီး Fb အကောတ်မျိုးစုံပြောင်းပြီး မိန်းမကောင်လေးများစွာကို ခြေတော်တင်ဖြတ်ဆီးနေသူဖြစ်ပါသည်။

သူစီးခဲ့တဲ့ကား လုပ်ငန်းစက်ယ္နား အကုန်ကျွန်မ ပစ္စည်းတွေပါ။ကျွန်မမှာလည်း ကြွေးမှီးတွေနဲ့ပါ။ လုပ်ငန်းက မြတ်စွန်းတဲ့ ငွေလေးနဲ့ အကြွေးဆပ်မယ်ဆိုပြီး သူ့ကို ယုံကြည်ပြီး ပုံအပ်ခဲ့တာပါ။ မိန်းခလေး ကိစ္စတွေကိုလည်း ကျွန်မ မှ နှမခြင်းမစာနာစွာ မလုပ်သင့် မလုပ်အပ်ကြောင်း ပြောဆိုဆုံးမသော်လည်း ဘယ်လိုမှ ပြုပြင်လို့ မရသူပါ။

ကျွန်မသူနဲ့ တရားဝင် ကွာရှင်းဖို့အတွက် ကလောမြို့ရောက်ရှိချိန်မှာလည်း လူလည်ခေါင်မှာ နှမခြင်းမစာမနာ ခွေးတစ်ကောင်လို ရိုက်နှက်ပြီး မကွာပေးပါ။ ဘယ်မိန်းခလေးမှ ကိုယ့်အိမ်ထောင်ကို ပျက်ဆီး / ပြိုကွဲမှု အားလုံးမဖြစ်ခြင်သူတွေပါ။ကိုယ်ချစ်တဲ့သူအပေါ်မှာ ယုံပြီး ပုံအပ်ခဲ့မိတဲ့သူတွေကြီးပါပဲ။ ဒီလိုနှမ သားခြင်းမစာနာတစ်ပါး မိန်းခလေးတွေအပေါ်မှာ ဖြတ်ဆီးတဲ့ သူကိုတော့ ကျွန်မတို့အားလုံးဝိုင်းပြီး အပြစ်ပေးသင့်ပြီလို့ထင်ပါတယ်။

အခုလည်း fb ကနေ မိန်းခလေးပေါင်းများစွာကို ဖြတ်ဆီးဆဲ ဖြတ်ဆီးမြဲပါပဲ။

ကျွန်မ အခုလို ကျွန်မ အရှက် သိက္ခာကို ချနင်းပြီးတင်ရတာက ကျွန်မတင်တဲ့ ဒီပိုစ့်ကို သူနဲ့ ပတ်သတ်နေတဲ့ မိန်းခလေးတွေ မပတ်သက်ရသေးတဲ့ မိန်းခလေးတွေ အတွက် နှမခြင်းစာနာစွာ ကျွန်မ သိက္ခာကို စတေးလိုက်တာပါ။သူခြံခုန်းလို့ နှမြောပြီး တင်တာမဟုတ်တာတော့ ကျွန်မ အသက်ကို လောင်းကြေးထပ်ရဲပါတယ်။

ပညာမတက်တာ / ရုပ်မချောတာ / ပိုက်ဆံမရှိတာ လက်ခံလို့ရပေမဲ့ မျိုးရိုးဗီဇ စာရိတ္တမကောင်းတာတော့ တစ်သက်ပြုပြင်လို့မရပါဘူး။

ဒီပိုစ့်လေးကို မိန်းခလေးတွေရဲ့ကိုယ်စား ကျွန်မ အရှက်နဲ့ သိက္ခာကိုရင်းထားမို့ ကူညီပြီး Share ပေးကျပါ။

Thu Zar Nwe

အပ်မှိုခေါ်တဲ့ Enoki မှိုမှာ Listeria ပိုးတစ်မျိုးရှိတဲ့အတွက် မစားဖို့ အမေရိကန် CDC ပြောကြားမင်္ဂလာပါ စာဖတ်ပရိတ်သတ်ကြီးရေ မြန်မာတွေက အပ်မှိုဆိုပြီးခေါ်တဲ့ Enoki မှိုမှာ Listeria ပိုးတမျိုး ရှိနေတဲ့အတွက် မစားကြဖို့ အမေရိကန် CDC ကပြောလိုက်ပါတယ်။ အစားမတော် တစ်လုပ်မဖြစ်ဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။

အထူးသဖြင့် ကိုယ်ဝန်ဆောင်၊ အသက် ၆၅ နှစ်နဲ့အထက်ဒါမှမဟုတ် ကိုယ်ခံအားစနစ် အားနည်းသူတွေမစားဖို့ သတိပေးထားပါတယ်။လောလောဆယ် Sun Hong Foods, Inc ကုမ္ပဏီတံဆိပ်နဲ့ မှိုတွေကို ပြန်သိမ်းဖို့ ညွှန်ကြားထားတယ်။ခြားတံဆိပ်တွေကိုတော့ သတိပေးတာမရှိသေးဘူး။ပြန်သိမ်းဖို့ ညွှန်ကြားထားတဲ့ အပ်မှိုကြောင့်၄ ယောက်သေဆုံးပြီးအယောက် ၃၀ ဆေးရုံတက်ရပါတယ်လို့ဆိုပါတယ်။ စာဖတ်ပရိတ်သတ်ကြီးလဲ သတိထားဆင်ခြင်နိုင်ရန်အလို့ငှာ တင်ဆက်ပေးလိုက်ပါတယ်။အသေးစိတ်အချက်အလက်များကို ဆက်လက်တင်ဆက်ပေးပါ့မယ်။

Crd Original uploader

Unicode

အပ်မှိုခေါ်တဲ့ Enoki မှိုမှာ Listeria ပိုးတစ်မျိုးရှိတဲ့အတွက် မစားဖို့ အမေရိကန် CDC ပြောကြားမင်္ဂလာပါ စာဖတ်ပရိတ်သတ်ကြီးရေ မြန်မာတွေက အပ်မှိုဆိုပြီးခေါ်တဲ့ Enoki မှိုမှာ Listeria ပိုးတမျိုး ရှိနေတဲ့အတွက် မစားကြဖို့ အမေရိကန် CDC ကပြောလိုက်ပါတယ်။အစားမတော် တစ်လုပ်မဖြစ်ဖို့ တင်ဆက်ပေးလိုက်ပါတယ်နော်။အထူးသဖြင့် ကိုယ်ဝန်ဆောင်၊ အသက် ၆၅ နှစ်နဲ့အထက်ဒါမှမဟုတ် ကိုယ်ခံအားစနစ် အားနည်းသူတွေမစားဖို့ သတိပေးထားပါတယ်။လောလောဆယ် Sun Hong Foods, Inc ကုမ္ပဏီတံဆိပ်နဲ့ မှိုတွေကို ပြန်သိမ်းဖို့ ညွှန်ကြားထားတယ်။ခြားတံဆိပ်တွေကိုတော့ သတိပေးတာမရှိသေးဘူး။ပြန်သိမ်းဖို့ ညွှန်ကြားထားတဲ့ အပ်မှိုကြောင့်၄ ယောက်သေဆုံးပြီးအယောက် ၃၀ ဆေးရုံတက်ရပါတယ်လို့ဆိုပါတယ်။စာဖတ်ပရိတ်သတ်ကြီးလဲ သတိထားဆင်ခြင်နိုင်ရန်အလို့ငှာ တင်ဆက်ပေးလိုက်ပါတယ်။ အသေးစိတ်အချက်အလက်များကို ဆက်လက်တင်ဆက်ပေးပါ့မယ်။

Crd Original uploader

ကလေးကို မတော်တရော် လှန်ပြလို့ အွန်လိုင်းမှာ ဝေဖန်မှုတွေ မြင့်တက်နေတဲ့ ကလေးအမေ ရုပ်သံ

အောက်ဆုံးတွင်videoပါသည်… ဒီလိုအမေလည်း ရှိသေးတာလား..ဒီဗွီယိုဖိုင်ကတော့ ထိုင်းနိုင်ငံက ဗွီယိုဖိုင်တစ်ခုဖြစ်ပီး ကလေးငယ်ကိုရိုက်နှက်နေတာဖြစ်ပါတယ်။ ကလေးငယ်မှ သည်းထန်စွာငိုကြွေးနေတာကို မိဘဖြစ်သူမှ ဒေါသများဖြင့် မတော်တရော်တွေကို လှန်ပြတာဖြစ်ပါတယ်။ ကိုယ့်သားသမီး မလိမ္မာတာ အချိုးမကျတာရှိရင် ဆုံးမကြရမှာ မိဘတွေ တာဝန်ဖြစ်ပါတယ်။

သို့သော်လည်း ဆုံးမတတ်ဖို့တော့လိုပါသည်။ ဆုံးမနည်းမမှန်ကန်ပါက ကလေးငယ်တွေမှာ စိတ်ဒဏ်ရာရကာ လူတောမတိုးဖြစ်တတ်သလို ထုံထိုင်းသွားတတ်သလို အခြားတစ်ဖက်မှာလည်း အင်မတန်ရိုင်းစိုင်းခက်ထန်သွားတတ်ပါတယ်။အခုလို နုငယ်တဲ့အရွယ်လေးတွေကို ရိုက်နှက်ဆုံးမခြင်းထက် နားလည်အောင် ချော့မော့ပြောဆိုခြင်းက ပိုထိရောက်မယ်ထင်ပါတယ်။ မိသားစု တစ်စုမှသည် နိုင်ငံတစ်နိုင်ငံထိ အနာဂတ်ဟာ လူငယ်လေးတွေအပေါ်မူတည်ပါတယ်။ အဲဒီအတွက် လူငယ်လေးတွေကို ထိမ်းသိမ်းစောင့်ရှောက်တဲ့ မိဘတွေမှာ ပိုမိုပီးတာဝန်ရှိပါတယ်။

မည်သို့ပင်ဖြစ်ပါစေ ဒီဗွီယိုထဲကလို ကလေးငယ်လေးတွေအပေါ် မလုပ်ကြဖို့တိုက်တွန်းရင်း သာယာတဲ့မိသားစုဘဝလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေဗျာ။

ဆြာဟုန်း

Unicode

ကလေးကို မတော်တရော် လှန်ပြလို့ အွန်လိုင်းမှာ ဝေဖန်မှုတွေ မြင့်တက်နေတဲ့ ကလေးအမေ ရုပ်သံအောက်ဆုံးတွင်videoပါသည်… ဒီလိုအမေလည်း ရှိသေးတာလား..

ဒီဗွီယိုဖိုင်ကတော့ ထိုင်းနိုင်ငံက ဗွီယိုဖိုင်တစ်ခုဖြစ်ပီး ကလေးငယ်ကိုရိုက်နှက်နေတာဖြစ်ပါတယ်။ ကလေးငယ်မှ သည်းထန်စွာငိုကြွေးနေတာကို မိဘဖြစ်သူမှ ဒေါသများဖြင့် မတော်တရော်တွေကို လှန်ပြတာဖြစ်ပါတယ်။ ကိုယ့်သားသမီး မလိမ္မာတာ အချိုးမကျတာရှိရင် ဆုံးမကြရမှာ မိဘတွေ တာဝန်ဖြစ်ပါတယ်။

သို့သော်လည်း ဆုံးမတတ်ဖို့တော့လိုပါသည်။ ဆုံးမနည်းမမှန်ကန်ပါက ကလေးငယ်တွေမှာ စိတ်ဒဏ်ရာရကာ လူတောမတိုးဖြစ်တတ်သလို ထုံထိုင်းသွားတတ်သလို အခြားတစ်ဖက်မှာလည်း အင်မတန်ရိုင်းစိုင်းခက်ထန်သွားတတ်ပါတယ်။အခုလို နုငယ်တဲ့အရွယ်လေးတွေကို ရိုက်နှက်ဆုံးမခြင်းထက် နားလည်အောင် ချော့မော့ပြောဆိုခြင်းက ပိုထိရောက်မယ်ထင်ပါတယ်။ မိသားစု တစ်စုမှသည် နိုင်ငံတစ်နိုင်ငံထိ အနာဂတ်ဟာ လူငယ်လေးတွေအပေါ်မူတည်ပါတယ်။ အဲဒီအတွက် လူငယ်လေးတွေကို ထိမ်းသိမ်းစောင့်ရှောက်တဲ့ မိဘတွေမှာ ပိုမိုပီးတာဝန်ရှိပါတယ်။

မည်သို့ပင်ဖြစ်ပါစေ ဒီဗွီယိုထဲကလို ကလေးငယ်လေးတွေအပေါ် မလုပ်ကြဖို့တိုက်တွန်းရင်း သာယာတဲ့မိသားစုဘဝလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေဗျာ။

ဆြာဟုန်း

သိန်းပေါင်း (၆)သောင်းကျော် လှူဒါန်းပေမဲ့ ဟိတ်ဟန်မရှိ နားကပ် တောင်မဝတ် တဲ့ မိန်းကလေးနိုင်ငံတော်ရဲ့အဆင့်အမြင့်ဆုံးအခမ်းအနားကိုတက်ပြီး ကျပ်သိန်းပေါင်း၆၅၁၆၀ လာလှူသွားတဲ့သူနားမှာလဲ စိန်နားကပ်အပြူးကြီးမတွေ့ရသလို လည်ပင်းမှာလဲဧရာမရွှေဆွဲကြိုးအလေးကြီးမတွေ့ရပြန်ပါဘူး ။ဘဏ်လုပ်ငန်းနဲ့ ပတ်သက်တဲ့ပညာကို ကမ္ဘာပတ်ပြီး တစိုက်မတ်မတ် လေ့လာသင်ကြားခဲ့သူဖြစ်ပြီး ထူးချွန်တဲ့ပညာရှင်တယောက်အဖြစ် ဆုတွေလည်း ရထားတဲ့သူကတော့ သမာအာဇီဝကျကျ ချမ်းသာလာတဲ့ ဘဏ်သူဌေးဦးအောင်ကိုဝင်း(ဆရာကျောင်း)ရဲ့သမီးရိုးသားတဲ့ ရှမ်းတိုင်းရင်းသူလေးဖြစ်ပါတယ် ။

သူမရဲ့နာမည်ကတော့ နန်းလောင်ခမ်းဖြစ်ပါတယ် ။ ကမ္ဘောဇဘဏ်ရဲ့ပိုင်ရှင် ဦးအောင်ကိုဝင်းရဲ့ သမီး(၃)သီးထဲကမှ သမီးကြီး ဖြစ်ပါတယ် ။သူ့ သမီးတွေထဲမှာ နန်းလိုင်ခမ်း Nang Lang Kham လို့ခေါ်တဲ့ တစ်ယောက်က ဗမာပြည်ရဲ့ နိုင်ငံရေးနဲ့ စီးပွားရေး ထိပ်ဆုံးအလွှာ Elite အသိုင်းအဝိုင်းထဲမှာ ရေလည်ဝင်ဆန့်ပြီး နေရာယူထားတဲ့ ပညာတက် Business Woman တစ်ယောက်ဖြစ်တယ် ။အခုမှ အသက်က ၃၀ ဘဲ ရှိသေးတယ် ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာပြည်က Tycoon လို့ခေါ်တဲ့ ( ယခင် အခေါ် ခရိုနီ ) လုပ်ငန်းရှင်သူဌေးတွေ Meeting လုပ်တိုင်း KBZ ရဲ့ Representative Chairman တစ်ယောက်အနေနဲ့ တက်တယ် ။သူ့ အဖေက သူ့ကို လွှဲထားတယ်. . မြန်မာပြည်က နာမည်ကြီး သူဌေးတွေ ဦးဇော်ဇော် ဦးခင်ရွှေ တို့က အစ တလေးတစားနဲ့ ဦးအောင်ကိုဝင်းရဲ့ ကိုယ်စားလှယ်အဖြစ် တစ်တန်းထဲ နေရာပေးရတယ် ။

KBZ ဘဏ်နဲ့ KBZ Group ကြီး တစ်ခုလုံးရဲ့ အကြီးတန်း ဒါရိုက်တာ ဖြစ်ပြီး ၊ Air KBZ နဲ့ MAI Airline လေကြောင်းလိုင်း နှစ်ခုရဲ့ Chairman ဥက္ကဌ ဖြစ်တယ် ။KBZ မြန်မာ အလင်းတန်း ဖောင်ဒေးရှင်း ( BFM – Brighter Future Myanmar Foundation) ရဲ့ Founder လဲ ဖြစ်တယ် ။2016 ခုနှစ်မှာ အမေရိကား အခြေစိုက် ကမ္ဘာကျော် စီးပွားရေး မဂ္ဂဇင်း Forbes ရဲ့ အာရှတိုက်ရဲ့ စောင့်ကြည့်ရမဲ့ ထူးချွန် လူငယ် အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် 12 ယောက် List ထဲမှာ သူပါသွားတယ် ။

2016 ခုနှစ်မှာ အမေရိကား အခြေစိုက် ကမ္ဘာကျော် စီးပွားရေး မဂ္ဂဇင်း Forbes ရဲ့ အာရှတိုက်ရဲ့ စောင့်ကြည့်ရမဲ့ ထူးချွန် လူငယ် အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် 12 ယောက် List ထဲမှာ သူပါသွားတယ် ။သူခု လက်ရှိလုပ်နေတာတွေက BFM foundation အနေနဲ့ မြန်မာပြည်အနှံ့က မွေးရာပါ နှုတ်ခမ်းကွဲ အာခေါင်ကွဲ ကလေးတွေကို အခမဲ့ လိုက်ပြီး ခွဲစိတ်ကုသပေးတယ် ။ရေကြီးတဲ့ နေရာတွေမှာ ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင်နေရာချထားရေး လုပ်ငန်းစဉ်တွေ အတွက် ကျပ် သန်းပေါင်းများစွာ လှုတယ် ။ Young banker တစ်ယောက်လဲ ဖြစ်တယ် ။ကျွန်တော် ဒါတွေ ပြောပြနေတာက သူ့ကို လော်ဘီ လုပ်ပေးနေတာမဟုတ်ဘူး ၊ ဟိမဝန္တာ ချီးမွမ်းခန်း ဖွင့်နေတာလဲ မဟုတ်ဘူး ၊ ဒီခေတ် မိန်းကလေးတွေကို အတုယူစေချင်လို့ ပြောပြနေတာ ဖြစ်တယ် ။

သူ့ရဲ့ နေပုံထိုင်ပုံကို အတုယူစေချင်တယ် ။ အပေါ်မှာ ဒီလောက်ပြောသွားတာ သူ့အနေအထား ၊ အဆင့်အတန်း ၊ ပိုင်ဆိုင်မှုနဲ့ အသိုင်းအဝိုင်းက မြန်မာပြည်မှာ ဘယ်လိုမျိုးလဲ ဆိုတာ အားလုံး ခန့်မှန်းပြီးလောက်ပါပြီ ။သူ့ အနေအထားနဲ့လူပြောခံရအောင်မနေဘူး အနေအထိုင် သိုသိပ်တယ်ဦးဇော်ဇော်လိုဘဲ ၊ပညာရှိတယ် ပြောရမယ်။

ခု မြန်မာပြည်မှာ ခလေးတွေ ကြိုက်နေကြတဲ့ အားကျပြီး လိုက်ဖြစ်ချင်နေကြတဲ့ မင်းသမီးပေါက်စတွေ ဘာညာ ဘလော့ဂါ တွေရဲ့ Life Style တွေက ကြည့်ရင်တော့ ဟုတ်သလိုလိုရှိပေမဲ့ ၊တကယ့် တကယ် ကိုယ်တိုင် အရည်အချင်း တန်ဖိုးရှိပြီး ယောကျာ်းတိုင်းက လေးစားပြီး အထင်မသေးရဲတဲ့ ကိုယ်ပိုင် ပညာတန်ဖိုးမြင့်တဲ့ မိန်းကလေး တစ်ယောက် ဘဝ ကိုဘဲ ရအောင် ကြိုးစားစေချင်တယ် ။အပေါ်ယံ ရုပ်ဝတ္ထု ပကာသန ပစ္စည်းတွေနဲ့ အနှစ်မရှိတဲ့ ခပ်ပေါပေါ ခံယူချက်တွေပေါ်မှာ လုပ်ပြနေကြတဲ့ လူငယ် မိန်းကလေး Celebrities တွေကို သွား အားမကျစေချင်ဘူး ။Rich kid အနေနဲ့ ကြီးပြင်းလာကြတာချင်း တူပေမဲ့ ဘဝ စံချိန် စံနှုန်း Living Standard နဲ့ အတွေးအခေါ်မှာ မိုးနဲ့ မြေလောက်ကွာသွားတယ် ။နန်းလိုင်ခမ်း အနေနဲ့ ကြွားချင်ရင် ဗမာ တစ်ပြည်လုံး ဆွံ့အသွားအောင် ကြွားပြလိုက်လို့ ရတယ် ။ ဒါပေမဲ့ လူသိ သိပ်မခံဘဲ မြန်မာပြည်ရဲ့ Driving Force တစ်ခု အနေနဲ့ ပါဝင် ပက်သက်နေတယ် ။

သူ့ရဲ့ FB မှာ သူ့ရဲ့ Activities ကိုဝင်ကြည့်လို့ရတယ် ။ သူဘာလဲ ဘယ်လမ်းလျှောက်နေတာလဲ ဆိုတာ သိရလိမ့်မယ် ။ အရမ်း Simple ဖြစ်တယ် ဘာ Personal မှတင်ထားတာတောင် မတွေ့ရဘူး ။လူတိုင်းကတော့ ဘဝပေး အခြေအနေတွေ တူကြမှာတော့မဟုတ်ဘူး။ ကိုယ့်ဘဝက သူများနဲ့ တန်းတူမဖြစ်ခဲ့ရင်လဲ စိတ်ဓာတ်ကျ စိတ်ပျက် အားငယ်နေဖို့ မဟုတ်ဘဲ ပိုကြိုးစားဖို့ ဖြစ်လာစေတဲ့ အကြောင်းဘဲ ဖြစ်ရမယ် ။ကိုယ့်ဘဝပေး အခြေအနေက သူများထက် ပိုမိုသာလွန် ကောင်းမွန်ခဲ့ရင်လဲ ကိုယ့်ထက် နိမ့်ကျနေတဲ့ ဘဝတွေကို ပြန်လည် မစ ထောက်ပံ့နိုင်ဖို့ အကြောင်းဘဲ ဖြစ်ရမယ် ။ဒီစာလေးက တစ်ယောက်ယောက်ကို Motivate ဖြစ်သွားစေတယ်ဆိုရင် ကျေနပ်ပါတယ် ။အားလုံး တန်ဖိုးရှိစွာ အသက်ရှင်နိုင်ပါစေ ။

အခုလိုအချိန်ပေးပြီးဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်းသာယာပျော်ရွှင်သော နေ့‌လေးကိုပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။