အောင်လအန်ဆန်းပြီးရင် ဒုတိယThe Burmese Pythonပါတဲ့၊အောင်ပွဲခံတိုင်းလည်း မြန်မာအလံနဲ့ မြန်မာကို ကိုယ်စားပြုသူသူမက ဗြိတိန်သူ။ Nickname က အောင်လအန်ဆန်းနဲ့ဆင်တူ The Burmese Python ပါတဲ့ ။ အောင်ပွဲခံတိုင်းလည်း မြန်မာအလံနဲ့ မြန်မာကို ကိုယ်စားပြုသူ ။မွေထိုင်းနဲ့ ကစ်ဘောက်ဆင်နယ်ပယ်မှာ ပရော်ဖက်ရှင်နယ်ပွဲတွေ ထိုးနေပါတယ်။ ပရော်ဖက်ရှင်နယ် ဖြစ်လာတာကတော့ သိပ်မကြာသေးပါဘူး။သူ့မဟာ မြန်မာနိုင်ငံသူလား၊ဘာဖြစ်လို့ မြန်မာအလံနဲ့ အောင်ပွဲခံရတာလဲ ဆိုတာကတော့ သူ့နာမည်က Nicola Barke ပါ။ သူ့အမေက မြန်မာပြည်မှာ မွေးပြီး မြန်မာပြည်မှာ ကြီးပြင်းခဲ့တဲ့ မြန်မာတစ်ယောက်ပါတဲ့ ။

ဗြိတိန်မှာ မွေးဖွား ကြီးပြင်းခဲ့ပေမယ့် သူ့အမေရဲ့အမွေကို ခံယူတဲ့အနေနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြုတာပါတဲ့ဗျာ။ဘယ်နိုင်ငံပဲ ရောက်ရောက်၊ လက်ရှိ ဘယ်နိုင်ငံသား အဖြစ်ပဲ ခံယူထားထား ကိုယ့်ဇာတိ၊ ကိုယ့်မျိုးရိုးကို မမေ့သူ၊ ဂုဏ်ယူသူ၊ ဂုဏ်ဆောင်သူတွေကို

မြင်ရလေတိုင်း ဝမ်းသာပီတိ ဖြစ်မိသလို ဒို့မြန်မာဆိုတာ ကမ္ဘာ့နိုင်ငံအသီးသီးက ဂုဏ်ယူလေးစား နေခဲ့ရတယ် ဆိုတာကို နှောင်းလူငယ်တို့ သိစေချင်မိတယ်။

One Championship ရဲ့ ၂၀၂၁ ပွဲစဉ်များတွင် အောင်လအန်ဆန်၏ချန်ပီယံစိန်ခေါ်ပွဲ ပါဝင်ဖွယ်ရှိOne Championshipက၂၀၂၁အတွင်းကျင်းပမည့် MMA ပွဲစဉ်များတွင်အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်းတစ်ကျော့ပြန်ချန်ပီယံစိန်ခေါ်ပွဲ ပါဝင်ဖွယ်ရှိကြောင်းဟောင်ကောင်အခြေစိုက် South China Morning Postကရေးသားဖော် ပြခဲ့သည်။အောင်လအန်ဆန်သည်ပြီးခဲ့သည့် အောက်တိုဘာ ၃၀ရက်ကစင်ကာပူနိုင်ငံ၌ကျင်းပခဲ့သည့် MMAမစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ ကာကွယ်ပွဲတွင်စိန်ခေါ်သူဒီရစ်ဒါကိုပထမအချီအတွင်းချုပ်ကွက်မိကာရှုံးနိမ့်ခဲ့သည်အောင်လအန်ဆန်ကလက်လွှတ်ခဲ့ရသည့်မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံခါးပတ်ကိုပြန်လည်ရယူမည်ဟုပြောကြားထားပြီး Oneကစီစဉ်ပါကဒီရစ်ဒါနှင့်မကျေပွဲပြန်လည်ယှဉ်ပြိုင်မည်ဟုဆိုထားသည်။MMA မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံသစ်နယ်သာလန်ဖိုက်တာဒီရစ်ဒါ၏ ခါးပတ်ကိုစိန်ခေါ်နိုင်သည့်ကစားသမားများစာရင်းကိုနိုဝင်ဘာအတွင်းကOneက ထုတ်ပြန်ခဲ့ရာအောင်လအန်ဆန်လည်းပါဝင်သည်။အသက်(၃၅)နှစ်အရွယ် ကချင်တိုင်းရင်းသားအောင်လအန်ဆန်သည် MMAပြိုင်ပွဲတစ်လျှောက် ၃၇ပွဲကစား၊၂၆ ပွဲနိုင်၊ ၁၁ပွဲရှုံးနိမ့်ထားသည်။အောင်လအန်ဆန်သည် MMAမစ်ဒယ်ဝိတ်ချန်ပီယံခါးပတ်ကိုလက်လွှတ်ခဲ့ရသော်လည်းလိုက်ဟဲဗီးဝိတ်ချန်ပီယံအဖြစ် ဆက်လက်ရပ်တည်နေသည်။

စောရွွှေဘ အလီ ဆိုတာဒေဝ ရဲ့ အိမ်မက်တွေ & စျေးကွက်တွေရိုက်ချိုးမယ့်သူဖြစ်လာမလားသူဟာ မွေးထိုင်းမှာကျင်လည်ခဲ့သူဖြစ်သလိုရိုးရာလက်ဝှေ့ကိုပြည်တွင်းဝင်ရောက်အနီးကပ်ပညာရှင်ဆရာရန်ကုန်အောင်ဒင်ထံသင်ယူခဲ့ပြီးရိုးရာလက်ဝှေ့သမား မင်းမောင်မောင် (တောင်ကလေး)ပိုက်ထွေး ( သထုံ ) အား ဘတပြန် ကျားတပြန်စိန်ခေါ်ထိုးသတ်ပြီး ရိုးရာပရိတ်သတ်အကြိုက်တွေ့နေရင်းရိုးရာကြိုးဝိုင်းတွင်ကြိုးဒိုင်စည်းကမ်းကိုမျှတမှုမရှိလို့ဆိုကာငြင်းဆန်ပြီးကြိုးဝိုင်းပေါ်ကဆင်းသွားခဲ့လို့ရိုးရာလူကြီးများကြားက

ပြည်ဝင်ကစားခွင့်ပိတ်ခံရတဲ့စောရွှေဘ တစ်ယောက် ပြည်တော်ပြန်ဝင်ပြီးရွှေရာမာန် နှင့် ဆုံတွေ့ဖို့ ပရိုမိုတာတစ်ချို့ကြံရွယ်ပြန်လည်းသူ့ရဲ့အိမ်မက်စိတ်ကူးယဉ်တွေကဒေဝ ရဲ့ လေကြွယ် သေးသွယ်သွယ် ခြေသလုံးတွေကိုအပြီးကန်ချိုးမယ်လို့ သူ့ရဲ့ဖေ့ဘု်စာမျက်နှာပေါ်ကအမြဲတိုက်ခိုက်လာတဲ့ သူ့ရဲ့ဟန်ပန်တွေကြားရိုးရာပရိတ်သတ်တွေတောင် ကြာလာတော့စိတ်လှုပ်ရှားဖွယ်ရှိလာပါတယ်။သူဟာ အရပ်အမောင်းကောင်းပြီး အလွတ်တန်းကီလိုအထိကစားနိူင်ပြီးသူ့ရဲ့ ထိုးလုံးသတ်ကွက်တွေဟာလည်းဖိုက်တာဆန်ဆန် လျှင်မြန်စွာဝင်ရောက်တိုက်ခိုက်သူဒေဝ ဟာလက်ရှိလက်ဝှေ့ဘုရင်ဖြစ်နေရင်တောင်ရွှေဘ ဟာ ဘုရင်ကိုနန်းချပြီး နန်လုမယ့် အိမ်ရှေ့မင်းသားလို့ဆိုအပ်နေပြန်ပြီ။ကြိုးဝိုင်းဟာသချင်္ာတပုဒ်လို အပေါင်းအနုတ်လုပ်ရခက်တာကြောင့် ဘယ်သူရဲ့့ မြင်းရှေ့ရောက်မလည်းပြိုင်ကွင်းရောက်မှ သိကြရအောင်

သူ့ပရိတ်သတ်ကိုယ့်ပရိတ်သတ်ကြား ရွှေဘ ဟာလည်း အလကားသက်သက်စိန်ခေါ်ခြင်းမျိုးမဟုတ်နေရာတစ်ခုနာမည်တစ်ခု ကြိုးဝိုင်းပေါ်မှာလုဖို့ကြေးစကားမပြော တကယ်ထိုးမလားမေးတိုင်းဒေဝ တုတ်တုတ်မှ မလှုပ်တာ စဉ်းစားစရာအချက်

credit နိူင် လင်း ထွန်