Shwe Pyi Aye

သံဃာအပါး(4000)သီတင်းသုံးရန်အတွက် သိန်းတစ်သောင်းကျော်တန်ဖိုးရှိတဲ့ အိမ်ကိုရောင်းပြီး ဓမ္မာရုံဆောက်လုပ်လှူဒါန်းခဲ့တဲ့ ညီအမသုံးယောက်ညောင်ရွှေမြို့ သာစည်ရပ်မှာ နေထိုင်တဲ့ အပျိုကြီး ညီအစ်မ သုံးယောက် ဒေါ်လှခင်(၉၁) နှစ်၊ဒေါ်လှဌေး(၇၄)နှစ်၊ဒေါ်သန်းဌေး (၇၁)နှစ်တို့က ညောင်ရွှေစော်ဘွားကြီးဆာဆောမောင်ရဲ့ အတွင်းဝန် ဦးဖိုးလှိုင်၏ မြေးများ ဖြစ်ကြပါတယ်။၁၉၁၃ ခုနှစ်ကတဲကဆောက်လုပ်ခဲ့တဲ့ နှစ်၁၀၅ နှစ်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ပေ ၁၅၀ ပတ်လည်လောက်ကျယ်ဝန်းတဲ့ သိန်းတစ်သောင်းကျော်ကာလတန်ဘိုးရှိတဲ့ ဘိုးဘွားပိုင်အိမ်ခြံဝင်းးကြီးကို စေတနာသုံးတန်ပြတ်သားစွာလှူခဲ့ကြပြီတဲ့။လွန်ခဲ့တဲ့ ၂ နှစ်က ရှမ်းပြည်နယ်လုံးဆိုင်ရာ စာပြန်ပွဲတော်ကြီးအတွက် နှစ်စဉ် သံဃာအပါးလေးထောင်နီးပါး သီတင်းသုံးရန်.အလို့ငှါ ဓမ္မာရုံအဖြစ် သံဃိက ဒါန ရေစက်ချလှူ ဒါန်းခဲ့တာပါတဲ့။

ဒီနေ့ ကျမနဲ့သူငယ်ချင်းများက ကျမတို့ရဲ့ကျောင်းအုပ်ဖြစ်ခဲ့ဘူးတဲ့ ဆရာမကြီးဒေါ်လှဌေးကို ဝါကျွတ်ဦး အမှတ်တရ သွားကန်တော့ကြရင်းလှိုက်လှဲဝမ်းသာလွန်းစွာ သာဓုခေါ်ခဲ့ကြပါတယ်။ဆရာမကြီးတို့ကိုလဲ အများသူငါ သာဓုခေါ်စေဘို့ ဒီပို့စ်လေးရေးခွင့်ပြုရန်ခွင့်တောင်းလို့ ဆရာမကြီးတို့က ၃၁ ဘုံ သားတို့အတွက် ကုသိုလ်အမျှပေးပါသတဲ့။ဒီ ကြီးမြတ်သော ကုသိုလ်အတွက် မုဒိတာပွား သာဓုခေါ်နိုင်ကြစေဘို့ ဝေမျှလိုက်ပါတယ်..ရှင့်။

Credit: ဆည်းဆာ တောင်ကြီး

မျက်မမြင်မိဘတွေအတွက် မျက်စိတစ်စုံဖြစ်ပေးခဲ့တဲ့ ကလေးငယ်ကမ္ဘာပေါ်မှာရှိတဲ့ကလေးငယ်တိုင်းက အပြစ်ကင်းစင်လွန်းလှပြီး ရှက် ၊ ကြောက် ရမဲ့အရာမျိုးတွေကို မသိတတ်သေးပါဘူး ။ ဒီတစ်ခေါက်ဖော်ပြမဲ့ ဖိလစ်ပိုင်နိုင်ငံက ကလေးငယ်မှာတော့ social media ပေါ်မှာ အတော်လေးရေပန်းစားနေပြီး ၊ မိဘတွေက ကလေးငယ်ကို ကြိုးငယ်လေးနဲ့ ချည်နှောင်ထားတာပါ ။လူအများရဲ့ပြောပြချက်အရ ကလေးငယ်ဟာ မျက်မမြင်မိဘနှစ်ပါးကို လမ်းပြပေးနေခဲ့တဲ့ မျက်စိတစ်စုံဖြစ်နေပေးခဲ့တာပါ ။ ‘ မိဘတွေက သူ့ရဲ့လက်နှစ်ဖက်လုံးကိုချည်ထားပေမဲ့ ကလေးငယ်က ပြုံးပျော်နေဆဲပါပဲ ၊ ကလေးငယ်ကို ဘုရားသခင်က ကောင်းချီးပေးဖို့မျှော်လင့်ပါတယ် ‘ ဆိုပြီး မျက်မြင်သက်သေတွေက ပြောပြခဲ့ပါတယ် ။ကလေးငယ်က အရမ်းငယ်နေသေးတော့ မိဘတွေကို ကူညီပေးနေမှန်း ကိုယ့်ကိုယ်ကိုတောင် သိပုံမရပါဘူး ။သူတို့ရဲ့မိသားစုလေးက တွေ့မြင်နေရတဲ့သူတွေကို တကယ့်ကို ရင်ထဲထိရှစေတဲ့ ခံစားမျိုးဖြစ်စေခဲ့ပါတယ် ။

Mia (Mckzone Daily)
Source : worldofbuzz

ကမ္ဘာကျော် အမေရိကန် ဝက်စ်ပွိုင့် စစ်တက္ကသိုလ် ကို တက်ခွင့်ရခဲ့တဲ့ မြန်မာနိုင်ငံသား ဗိုလ်အောင်မိုး

အိန္ဒိယ အရှေ့မြောက်၊ မြန်မာ တမူးနယ်စပ် ပြည်နယ်တခု ဖြစ်တဲ့မဏိပူရ အင်ဖားမြို့က လန်ဖဲဆေးရုံမှာမြန်မာမိဘနှစ်ပါးက မွေးဖွားခဲ့တဲ့ကလေးပါ ၊ နာမည်က အောင်မိုး တဲ့။ဖခင်က 8888 ဒီမိုကရေစီတိုင်ပွဲဝင်ကျောင်းသား၊ မုံရွာသား နာမည်ကကျော်သူရ။ တမူးနယ်စပ်ရှိ မိုးရေးမြို့မှာနေထိုင်ပြီး ဝမ်းရေးအတွက် လုပ်ကိုင်စားသောက်ရင်းတတ်နိုင်သမျှ နိုင်ငံရေးလှုပ်ရှားမှု တွေမှာ တာဝန်ကျေခဲ့တယ်။

အဲဒီ မိုးရေးမှာဘဲ ဌေးမာနဲ့ မေတ္တာမျှပြီးအိမ်ထောင်ပြုခဲ့တယ်။ သား၊သမီး နှစ်ယောက်ထွန်းကားခဲ့ပြီး မိုးရေးမှာ လုံခြုံရေးမကောင်းတာကြောင့် နယူးဒေလီမြို့တော်ပြောင်းရွှေ့ကာ ဒုက္ခသည်အဖြစ်လျှောက်ထားပြီး နိုင်ငံရေးလှုပ်ရှားမှုတွေဆက်လုပ်ခဲ့တယ်။ဒုက္ခသည်အထောက်အပံ့တွေကို ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဖြတ်တောက်လိုက်တာကြောင့် ဒုက္ခသည်တွေ ရပ်တည်ရေးအတွက် အခက်အခဲကြုံကြရတယ်။

လူဦးရေများပြီး ဆင်းရဲသား များပြားလှတဲ့ နယူးဒေလီမြို့တော်မှာ အလုပ်မရနိုင်တာကြောင့် ရှစ်လေးလုံး တိုက်ပွဲဝင်များအနေနဲ့ ကုလသမဂ္ဂက စီစဉ်တဲ့တတိယနိုင်ငံကို အခြေချဖို့ အစီအစဉ်တွေ လက်မခံလိုပေမယ့် လက်ခံလိုက်ကြရတယ်။ဒီမိုအင်အားစုတွေ ကမ္ဘာ့နိုင်ငံအသီးသီးပြန့်နှံ့ရောက်ရှိသွားကြရာ အောင်မိုးတို့ မိသားစုက အမေရိကားရောက်သွားကြတယ်။အမေရိကားမှာ မိဘတွေက အလုပ်ရှာပြီး အလုပ် လုပ်။ ကလေးတွေက ကျောင်းတက်။

ဒီလိုနဲ့ အထက်တန်းအောင်တော့ဘဝရှေ့ဆက်ဖို့ အရေး စဉ်းစားပြီးအောင်မိုး ရွေးချယ်တာက နယူးယောက်မြို့အနီးရှိတဲ့ ကမ္ဘာကျော် ဝက်စပွိုင့်စစ်တက္ကသိုလ်။ဒီစစ်တက္ကသိုလ်က မြန်မာနိုင်ငံက မေမြို့ စစ်တက္ကသိုလ်လို မိဘက နိုင်ငံရေးနောက်ခံ ကင်း မကင်း မကြည့်ဘူး။ သူတို့ကြည့်တာက အရည်အချင်း။ဒါကြောင့် အထက်တန်းပြီးထားတဲ့ ရမှတ်တွေကြည့်တယ်။ နောက် သတ်မှတ်ချက်က နိုင်ငံသားဖြစ်ရမယ်။

ကွန်မြူနစ်မဖြစ်ရဘူး ဒါကတော့ ဒီမိုကရေစီနိုင်ငံတော်ကိုး၊ အသက် (၁၉) နဲ့ (၂၃) နှစ် ကြားဖြစ်ရမယ်။ မြန်မာနိုင်ငံမှာ ဆိုအောင်မိုးအဖို့ စစ်တက္ကသိုလ်တက်ရောက်ဖို့ လုံးဝမဖြစ်နိုင်သလိုလက်ခံမှာလဲ မဟုတ်ဘူး၊ ဖခင်က တော်လှန်ရေးကျောင်းသား ဖြစ်နေတာကိုး။အောင်မိုး တို့ ဝက်စပွိုင့် မှာ နှစ်စဉ် လျှောက်ထားတဲ့ကျောင်းသားက တသောင်းကျော်ရှိတယ်။

တစ်ထောင်ကျော်လောက်ဘဲရွေးတာ။ အဲဒီအထဲ အောင်မိုး ပါဝင်ပြီး အရွေးခံခဲ့ရတာ။ သူ့ကိုအင်တာဗျူးတော့ တခုလိုနေတာ သူက နိုင်ငံသား လျှောက်ထားဆဲလို့ပြောတော့အင်တာဗျူးတဲ့ပုဂ္ဂိုလ်က သဘောကျလို့ လက်ခံထားပြီး ပြန်လွှတ်လိုက်တယ်။နောက်တနေ့ နိုင်ငံသားလျှောက်ထား တဲ့ရုံးက ဖုန်းဆက်ခေါ်ပြီး နိုင်ငံသား အသိအမှတ်ပြု လက်မှတ်လာယူပါဆိုပြီး လက်မှတ်ခေါ်ပေးလိုက်တယ်။သူ့အရည်အချင်းကို ဦးစားပေးလိုက် တာ။ နိုင်ငံသားဖြစ်ခွင့် စာမေးပွဲတောင်မဖြေလိုက်ရဘူး။

ဒီလိုနဲ့ ဝက်စပွိုင့် စစ်တက္ကသိုလ်ကျောင်းသား အောင်မိုး ဖြစ်သွားတယ်။ ကျောင်းက အဆောင်မှာနေ၊ အဆောင်မှာအိပ် သင်တန်းတက်ပေါ့။မိဘ ကတပြားမှထောက်ပံ့စရာမလိုဘူး။ယူနီဖောင်း ၊ ကျောင်းဝတ်စုံအမျိုးမျိုးအပြင်စာသင်ဖို့ လက်ပတော့ကွန်ပြူတာ တလုံးနဲ့ အိုင်ပက်တလုံးတောင်ပေးတယ်၊ပထမနှစ်မှာ ကျောင်းသားတွေကို ပေါ့ကတ်မန်းနီး (စတိုင်ပင်) တလကို (၁၅၀)ထောက်ပံ့တယ်၊ နောက် ဒုတိယနှစ်ရောက် တော့ (250) ။ တတိယနှစ် ရောက်တော့-(၄၅၀) နောက်ဆုံးနှစ်ရောက်တဲ့အခါ တလ (550) ထောက်ပံ့သတဲ့။

ဘရိတ်ဖတ် နေ့လည်စာနဲ့ ညစာ ကျောင်းကကျွေးတာ။ မြန်မာနိုင်ငံ မေမြို့ စစ်တက္ကသိုလ်နဲ့မယှဉ်ချင်ပါဘူး။ မြန်မာနိုင်ငံက ဆင်းရဲလို့မထောက်ပံ့နိုင်တာ နားလည်တယ်။နားမလည်နိုင်တာက စီနီယာက ဂျူနီယာကို အနိုင်ကျင့် နှိပ်စက်တဲ့ကိစ္စ။ ဝက်စပွိုင့်မှာတော့ ဆရာကကျောင်းသားကို ပါးရိုက်လို့မရဘူး။ဒဏ်ပေးရင်တောင် လေ့ကျင့်ခန်းပိုလုပ်ခိုင်းတာလောက်ဘဲလို့ဆိုတယ်။

တခါတရံ စနေ၊ တနင်္ဂနွေကျောင်းပိတ်ရက်တွေမှာ အောင်မိုးကတက္ကသိုလ်ကနေ မိဘတွေရှိတဲ့ နယူးယောက်မြို့တော်ကိုပြန်တဲ့အခါ ယူနီဖေါင်းနဲ့ ပြန်မိရာ ရထားပေါ်မှာလူတချို့က အရိုအသေပေးအလေးပြုကြတာနဲ့ ပတ်သတ်လို့ ဘာလို့အလေးပြုတာလဲ၊အလေးမပြုပါနဲ့ လို့ပြောတော့မင်းက ဒို့ကို အကာအကွယ်ပေးမယ့်လူဖြစ်လို့အလေးပြုတာလို့ ပြောသတဲ့။ ကျနော်က ခင်ဗျားတို့အတွက်ဘာမှမလုပ်ပေးနိုင်သေးဘူး အလေးမပြုပါနဲ့ လို့ မနည်းတောင်းပန်ရသတဲ့။

တခါမှာတော့ စစ်ပြန်တယောက်ကရထားပေါ်မှာ သူ့အိပ်ထဲက ပိုက်ဆံတွေ တထပ်ကြီးဆွဲထုတ်လိုက်ပြီး အောင်မိုး ကိုပေးသတဲ့ ။ငါလဲ စစ်သားဟောင်းပါ မင်းကိုဂုဏ်ပြုတာ ယူပါလို့ အတင်းထိုးပေးလို့ရိုးသားပြီး အခွင့်အရေး မယူတတ်တဲ့ အောင်မိုး ကအတင်းငြင်းဆိုပြီးမယူပါရစေနဲ့ ။ကျနော့်မှာ ကျောင်းကလုံလောက်အောင် ထောက်ပံ့ပေးပါတယ်လို့ ပြောပြလိုက်ရတယ်။

အဲဒီအချိန်ကစပြီး နောက်ပိုင်းကျောင်းပိတ်ရက် အိမ်ပြန်ရင် အောင်မိုးက ယူနီဖေါင်းနဲ့ မပြန်တော့ဘဲ အရပ်ဝတ်နဲ့ ပြန်တော့တယ်။ဂျွန်လ 13 ရက် 2020 မှာတော့ဝက်စပွိုင့်စစ်တက္ကသိုလ်သင်တန်းဆင်းပွဲမှာ သင်တန်းဆင်းပြီးဖြစ်တာကြောင့် အောင်မိုး မှသည် ဒု ဗိုလ်အောင်မိုးဖြစ်လာ ပါကြာင်းဂုဏ်ပြုမှတ်တမ်း ရေးဖွဲ့ပြီး ဂုဏ်ပြုလိုက်ပါတယ်။

Source: Min Nya

မြင့်မြတ်ရဲ့ အဖေနဲ့ရောအမေနဲ့ပါ ရင်းနှီးတာကြောင့် သူတို့မိသားစုအကြောင်းကို သေချာသိပြီး မြင့်မြတ်ရဲ့ စိတ်ဓာတ်အမှန်ကို ဖွင့်ဟလိုက်တဲ့ လမင်းကဗျာမင်းသားချောမြင့်မြတ်ကတော့ အောင်မြင်လျက်ရှိနေတဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်သူတစ်ယောက်ပဲဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကာကြီးတွေကို ရိုက်ကူးခဲ့ပြီး အကယ်ဒမီဆုတွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ မြင့်မြတ်ကတော့ ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့ပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ မင်းသားချောလေးမြင့်မြတ်ကတော့ လက်ရှိမှာ ဝေဖန်မှုတွေနဲ့ အနည်းငယ်ရင်ဆိုင်နေခဲ့ရပြီး အနုပညာရှင်တွေများစွာက သူရဲ့ စိတ်ဓာတ်အမှန်ကို ဝေဖန်နေတဲ့ ပရိသတ်တွေသိအောင် သေသေချာချာလေးရှင်းပြလာခဲ့ပါတယ်။ ယခုမှာတော့ လမင်းကဗျာတစ်ယောက် မြင့်မြတ်ရဲ့ အဖေနဲ့ရောအမေနဲ့ပါရင်းနှီးတဲ့အပြင် သူတို့မိသားစုအကြောင်းကိုပါသေသေချာချာသိတာပြီး မြင့်မြတ်ရဲ့ စိတ်ဓာတ်အမှန်ကို ဖွင့်ဟပြောပြလိုက်ပါတယ်။သူမကတော့ ” ကျွန်မတို့အကိုက စိတ်ထားအရမ်းဖြူတဲ့ သူပါ သူ့အဖေ သူ့အမေနဲ့လဲ ခင်ပါတယ် ဟိုးးးတုန်းထဲက သူတို့အကြောင်းတွေ သိပါတယ်ရှင့် ကိုမြင့်မြတ်မှာ အဲ့လိုစိတ်ဓါတ်မျိုးမရှိပါဘူး သူစိမ်းတွေ အပေါ်မှာတောင်အရမ်းကောင်းတဲ့ သူပါရှင့် သူ့အပေါ်မှာ အထင်မလွဲကြပါနဲ့ နော် ဖိုက်တင်းကိုကြီးရေပီးတော့ အကိုက ဂိမ်းအရမ်းဆော့တာ အဲ့ဒါကြောင့်လဲ ဖြစ်နိုင်တယ် ဂိမ်းကိုကိုတွေ သိတယ်ဟုတ် “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ Swelsone News

စောရွွှေဘ အလီ ဆိုတာဒေဝ ရဲ့ အိမ်မက်တွေ & စျေးကွက်တွေရိုက်ချိုးမယ့်သူဖြစ်လာမလားသူဟာ မွေးထိုင်းမှာကျင်လည်ခဲ့သူဖြစ်သလိုရိုးရာလက်ဝှေ့ကိုပြည်တွင်းဝင်ရောက်အနီးကပ်ပညာရှင်ဆရာရန်ကုန်အောင်ဒင်ထံသင်ယူခဲ့ပြီးရိုးရာလက်ဝှေ့သမား မင်းမောင်မောင် (တောင်ကလေး)ပိုက်ထွေး ( သထုံ ) အား ဘတပြန် ကျားတပြန်စိန်ခေါ်ထိုးသတ်ပြီး ရိုးရာပရိတ်သတ်အကြိုက်တွေ့နေရင်းရိုးရာကြိုးဝိုင်းတွင်ကြိုးဒိုင်စည်းကမ်းကိုမျှတမှုမရှိလို့ဆိုကာငြင်းဆန်ပြီးကြိုးဝိုင်းပေါ်ကဆင်းသွားခဲ့လို့ရိုးရာလူကြီးများကြားက

ပြည်ဝင်ကစားခွင့်ပိတ်ခံရတဲ့စောရွှေဘ တစ်ယောက် ပြည်တော်ပြန်ဝင်ပြီးရွှေရာမာန် နှင့် ဆုံတွေ့ဖို့ ပရိုမိုတာတစ်ချို့ကြံရွယ်ပြန်လည်းသူ့ရဲ့အိမ်မက်စိတ်ကူးယဉ်တွေကဒေဝ ရဲ့ လေကြွယ် သေးသွယ်သွယ် ခြေသလုံးတွေကိုအပြီးကန်ချိုးမယ်လို့ သူ့ရဲ့ဖေ့ဘု်စာမျက်နှာပေါ်ကအမြဲတိုက်ခိုက်လာတဲ့ သူ့ရဲ့ဟန်ပန်တွေကြားရိုးရာပရိတ်သတ်တွေတောင် ကြာလာတော့စိတ်လှုပ်ရှားဖွယ်ရှိလာပါတယ်။သူဟာ အရပ်အမောင်းကောင်းပြီး အလွတ်တန်းကီလိုအထိကစားနိူင်ပြီးသူ့ရဲ့ ထိုးလုံးသတ်ကွက်တွေဟာလည်းဖိုက်တာဆန်ဆန် လျှင်မြန်စွာဝင်ရောက်တိုက်ခိုက်သူဒေဝ ဟာလက်ရှိလက်ဝှေ့ဘုရင်ဖြစ်နေရင်တောင်ရွှေဘ ဟာ ဘုရင်ကိုနန်းချပြီး နန်လုမယ့် အိမ်ရှေ့မင်းသားလို့ဆိုအပ်နေပြန်ပြီ။ကြိုးဝိုင်းဟာသချင်္ာတပုဒ်လို အပေါင်းအနုတ်လုပ်ရခက်တာကြောင့် ဘယ်သူရဲ့့ မြင်းရှေ့ရောက်မလည်းပြိုင်ကွင်းရောက်မှ သိကြရအောင်

သူ့ပရိတ်သတ်ကိုယ့်ပရိတ်သတ်ကြား ရွှေဘ ဟာလည်း အလကားသက်သက်စိန်ခေါ်ခြင်းမျိုးမဟုတ်နေရာတစ်ခုနာမည်တစ်ခု ကြိုးဝိုင်းပေါ်မှာလုဖို့ကြေးစကားမပြော တကယ်ထိုးမလားမေးတိုင်းဒေဝ တုတ်တုတ်မှ မလှုပ်တာ စဉ်းစားစရာအချက်

credit နိူင် လင်း ထွန်

မိန်းမဖြစ်သူက အွန်လိုင်းမှာတွေ့တဲ့သူနောက်လိုက်သွားလို့ ကလေးနဲ့ကျန်ခဲ့တဲ့ခင်ပွန်းသည်သုံးဘီးမောင်းသမားတစ်ယောက်ဟာ သူ့မိန်းမကFacebookပေါ်ကလူနဲ့တွေ့ပြီးနောက် သူနဲ့ကလေးကိုထားသွားခဲ့တာကြောင့် ကလေးပါအလုပ်ကိုခေါ်ပြီးသုံးဘီးမောင်းနေရကြောင်းကို Viral4real ကနေသတင်းရရှိပါတယ်။ဖိလစ်ပိုင်မှာသုံးဘီးမောင်းသမားတစ်ယောက်အနေနဲ့ အလုပ်လုပ်နေရတာတကယ်ကိုခက်ခဲပါတယ်။ နေပူထဲမှာ နာရီပေါင်းများစွာအလုပ်လုပ်ရပြီး နိုင်ငံရဲ့ယာဉ်အသွားအလာပြဿနာတွေကိုလည်း ချိန်ညှိရပါတယ်။ မိန်းမကထားသွားပြီးနောက်ပိုင်း ကလေးကိုအလုပ်ခေါ်လာပြီးစောင့်ရှောက်ရတာ ထိုသူ့အနေနဲ့၂ဆပင်ပန်းပါတယ်။အဆိုပါသုံးဘီးမောင်းသမားနာမည်က Rudy လို့အမည်ရပြီး Facebookအသုံးပြုသူ Jane Eguillos က အလုပ်ကြိုးစားလွန်းတဲ့ဖခင်ဖြစ်သူ Rudyကိုသတိပြုမိပြီး လူမှုကွန်ယက်ပေါ်ကနေ သူ့ဇာတ်လမ်းကို ဓာတ်ပုံတွေနှင့်တကွဝေမျှဖို့အတွက် ဆုံးဖြတ်လိုက်ပါတယ်။Rudy ကသူတို့အိမ်ထောင်သက်က၃နှစ်ရှိပြီဖြစ်တယ်လို့ဆိုပါတယ်။ နောက်တော့သူ့မိန်းမကိုဖုန်းဝယ်ပေးပြီးနောက်ပိုင်းမှာသူမကFacebook စတင်အသုံးပြုပြီးလိုင်းပေါ်မှာယောင်္ကျားတစ်ယောက်နဲ့ဆုံပြီး နောက်ဆုံးမှာထိုယောင်္ကျားနဲ့တွေ့ဖို့သွားတယ်လို့ဆိုပါတယ်။အင်တာနက်အသုံးပြုသူတွေက အဖေနဲ့သားဖြစ်သူရဲ့သနားစရာဇာတ်လမ်းကိုကြားရတဲ့အခါ စုတ်တသတ်သတ်ဖြစ်နေကြပါတယ်။ နောက်ဆုံးမှာတော့တီဗီအစီအစဉ်ပရိုဂရမ်တစ်ခုဖြစ်တဲ့ “Kapusp Mo, Jessica Soho” ကိုရောက်သွားပါတယ်။ အစီအစဉ်တင်ဆက်သူပြောပြချက်အရ Rudyကသုံးဘီးယာဉ်လေးကိုတကယ်တော့သူမပိုင်ပါဘူး။နေ့တိုင်း ပီဆို၁၅၀ပေးသွင်းရပါတယ်။ နောက်ပြီးတော့ အုံနာအိမ်ကိုသွားတဲ့အခါမှာလည်း နေ့တိုင်း ၂ကီလိုမီတာ (၁မိုင်ကျော်ကျော်)လောက်လမ်းလျှောက်ရတယ်လို့ဆိုပါတယ်။ ပြီးနောက်မှာတော့ Rudyကိုစားသောက်ကုန်၊နို့နဲ့ကလေးအတွက် ကလေးdiapers တွေထောက်ပံ့ပေးခဲ့တဲ့အပြင်ကို သုံးဘီးအသစ်လေးတစ်စီးပါ လက်ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။

THE VOICE MYANMAR ပြိုင်ပွဲဝင် ခင်ရတနာစိုးက မြန်မာ့ယဉ်ကျေးမှုကို ကမ္ဘာကသိအောင် ချပြနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူ ချီးကျူးခဲ့တဲ့ ဖိုးချစ်ဇာတ်သဘင်လောကမှာ မြို့ရွှေမင်းသားချောတစ်ယောက်အဖြစ် အောင်မြင်မှုအပေါင်းသရဖူဆောင်ထားသလို ဗီဒီယိုရုပ်ရှင်ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဖိုးချစ်ကိုတော့ လူကြီး၊ လူငယ်ပရိသတ်တွေအားလုံး ကြိုက်နှစ်သက်အားပေးပြီးသားဖြစ်မှာပါ။ဖိုးချစ်ကတော့မြန်မာနိုင်ငံ သဘင်အစည်းအရုံးဥက္ကဌတစ်ယောက်အဖြစ်လည်း ဆောင်ရွက်နေသူတစ်ယောက်ဖြစ်ပြီး မြန်မာ့ဇာတ်သဘင်လောက တိုးတက်ဖို့ အမြဲတမ်း ကြိုးစားအားထုတ်နေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဖိုးချစ်ကမြန်မာ့ယဉ်ကျေးမှုအနုပညာကို ကမ္ဘာကပါသိအောင် ချပြနိုင်ခဲ့တဲ့ The Voice Myanmar ပြိုင်ပွဲဝင် ခင်ရတနာစိုးအတွက် ဝမ်းသာဂုဏ်ယူကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာတာကို တွေ့ရပါတယ်။ဖိုးချစ်က “ဘာပဲဖြစ်ဖြစ်တာဝန်ကျေခဲ့ပါတယ်ညီမငယ်.. ဂုဏ်ယူပါတယ်မြန်မာ့ယဉ်ကျေးမှုအနုပညာအတွက်ပေါ့…” ဆိုပြီး အကောင်းဆုံးကြိုးစားခဲ့ပေမယ့် The Voice Myanmar Winner ဆုကြီးနဲ့ လွဲချော်ခဲ့တဲ့ ခင်ရတနာစိုးကို အားပေးစကားပြောလာပါတယ်။ ခင်ရတနာစိုးကတော့ The Voice Myanmar Grand Final မှာ “နဂါးနီ” သီချင်းကို မြန်မာ့ရိုးရာဆိုင်းဝိုင်းနဲ့အကောင်းဆုံးဖျော်ဖြေခဲ့တာကြောင့် ပရိသတ်တွေရင်ထဲက Winner ဆုကို ရရှိသွားခဲ့တာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း ဒိုက်ဦးသူလေး ခင်ရတနာစိုးကို ဒီထက်မက အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

မိဘတွေကို တစ်လသိန်း(၃၀) ထောက်ပံ့ပေးထားတဲ့အပြင် ကွန်ဒိုတိုက်ခန်းတွေနဲ့ ကားတွေပါ ဝယ်ပေးထားတဲ့ မြင့်မြတ်ရဲ့အကြောင်းပြောပြလာခဲ့တဲ့ ဂျူဂျူးပန်ထွာသရုပ်ဆောင်မြင့်မြတ်ကတော့ မနေ့က ဒီဇင်ဘာလ (၂၀) ရက်နေ့မှာ သူ့ရဲ့ဖခင်ကိုယ်တိုင်ဖြေကြားထားတဲ့ အင်တာဗျူးဗီဒီယိုကြောင့် ပရိသတ်တွေဝေဖန်ခြင်းကို ခံနေရသူတစ်ယောက် ဖြစ်ပါတယ်။ မြင့်မြတ်ကိုချစ်ကြတဲ့ ပရိသတ်တွေကတော့ မြင့်မြတ်က သားဆိုးသားမိုက်တစ်ယောက်မဟုတ်မှန်းသိကြသလို တစ်ဖက်ကလည်း သူ့ရဲ့ဖခင်ကိုယ်တိုင်က ပြောတာကြောင့် ဘယ်ဟာက အမှန်လဲဆိုတာ ဝေခွဲမရဖြစ်နေတာပဲ ဖြစ်ပါတယ်။ထိုကိစ္စနဲ့ ပက်သတ်ပြီး မြင့်မြတ်ရဲ့ သူငယ်ချင် းအရင်းကြီးဖြစ်တဲ့ သရုပ်ဆောင် ဂျူဂျူးပန်ထွာက မြင့်မြတ်တို့မိသားစုအကြောင်းကို သူမသိသေ လာက် တစ်ခုမကျန်ပြောပြလာပါတယ်။“မင်းသားမဖြစ်ခင်ထဲက သူငယ်ချင်းတွေ ကိုယ့်ထက်အသက်ကြီးပေမယ့် မောင်နှမအရင်းလိုနေလာခဲ့တော့ အကြောင်းသိတွေ မြင့်မြတ်တို့ မ/တဂုံ မှာ အိမ်ပိုင်နဲ့ နေနိုင်တာတောင်မကြာသေးဘူး။ အရမ်းကြိုးစားပြီး အရမ်းရိုးသားတဲ့ ဇနီးမောင်နံ မိသားစုကိုလည်း သိတတ်လိုက်တာ။ကိုယ်ဘာလို့သိလည်း သူတို့နဲ့ ်၆ လလောက်တစ်အိမ်ထဲ မိသားစုလို နေခဲ့လို့သိတာ။ အရင်ထဲက ရွာမမှာ အခွေဆိုင်ဖွင့်ဖျက်ပြီး စတိုးဆိုင်ထပ်ဖွင့်ပေးထားတာ အင်းစိန် ရွာမမှာနေတဲ့လူတိုင်းသိပါတယ် ဦးလေးက Taxi မောင်းတယ် နောက်ပိုင်းမင်းသားဖြစ်လာတော့ မိဘကို ကွန်ဒိုတွေ ကားတွေ ဝယ်ပေး တယ် မောင်းနေတဲ့ Taxi ကိုလည်း ဝယ်ပေးထားတယ်”

“မမောင်းဖို့ ပြောပေမယ့် မရတော့ မိဘ စိတ်ချမ်းသာပါစေဆို လွှတ်ပေးထားတယ် ခုလိုဖြစ်လာမှာ ကိုလည်း ကြိုသိပြီးသားပါ။ တကယ် ပေးဆပ်ခဲ့တဲ့ သားသမီးကောင်းတွေပါ။ မိသားစုဝင်လိုဖြစ်နေလို့ အားလုံးသိနေတာပါ။ Fighting မျိုးမင်းဟိန်း ခင်သူအောင် တစ်နေ့ ဒီလိုဖြစ်လာလိမ်မယ်ထင်သားပါ။ တစ်လ သိန်း ၃၀ ပေးပြီးတဲ့ အပြင် ဝယ်ပေးထားတဲ့ တိုက်ခန်းတွေ ကွန်ဒိုတွေ ကားတွေလည်းရှိပါတယ်။

မိဘကို သိန်းထောင်ချီတွေလည်း ပေးနေတာပါ။ လိုအပ်မှ ဝင်ပြောပေးတော့မယ်ဟာ fighting သူငယ်ချင်းတို့ ဘာပဲဖြစ်ဖြစ် နင်တို့နှစ်ယောက်လုံး သားသမီးကောင်းတွေပါ ဘယ်သူမှ မသိချင်ယောင်ဆောင်နေကြရင်တောင် ဘုရားသိပါတယ် Fighting နော် ” ဆိုပြီး ပြောပြလာပါတယ်။

မြင့်မြတ်ကတော့ သူ့ရဲ့မိသားစုအပေါ် တာဝန်ကျေတဲ့ သားကောင်းတစ်ယောက်ဆိုတာ ခင်မင်ရင်းနှီးသူတွေအားလုံးသိပြီးသား ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အခုဆိုရင် မြင့်မြတ်အပေါ် သံသယတွေကင်းရှင်းသွားမယ်လို့ မျှော်လင့်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Jue Lay’s fb
Credit – Cele Connections

မြင့်မြတ်အကြောင်းမသိပဲ ဝေဖန်နေကြတဲ့သူတွေအပေါ် ပြတ်ပြတ်သားသားပြောလိုက်တဲ့ ဇော်ဇော်အောင်ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိသတ်တွေရင်ထဲမှာနေရာတစ်နေရာရရှိထားပြီး အနုပညာလောကမှာနေရာတစ်နေရာရရှိထားတဲ့ ဇော်ဇော်အောင်ကိုသိကြမယ်ထင်ပါတယ်နော်။ သူ့ရဲ့ ပီပြင်ပိုင်နိုင်လှတဲ့သရုပ်ဆောင်ချက်တွေကြောင့် ဗီဒီယိုဇာတ်ကား၊ရုပ်ရှင်ဇာတ်ကားတွေကို အများအပြားရိုက်ခဲ့တာဖြစ်ပြီး အခုချိန်ထိလည်း ရိုက်ကူးနေရဆဲပဲဖြစ်ပါတယ်။ဇော်ဇော်အောင်ဟာ အေးအေးဆေးဆေးနဲ့ပျော်ပျော်နေတတ်တဲ့သူဖြစ်တာကြောင့် အနုပညာရှင်အ‌တော်များများနဲ့လည်းရင်းနှီးတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ မကြာခင်ကတော့ ဇော်ဇော်အောင်ဟာ လတ်တလောလူပြောများနေတဲ့ မြင့်မြတ်ရဲ့ကိစ္စနဲ့ပက်သက်ပြီး ပြောလာခဲ့တာဖြစ်ပါတယ်နော်။ဇော်ဇော်အောင်ဟာ သူ့ရဲ့Facebookစာမျက်နှာမှာ “မြင့်မြတ်အကြောင်းမသိပဲမထိနဲ့ ရုပ်ရှင်တလောကလုံး မြင့်မြတ်ဘက်မှာရှိတယ်…..” ဆိုပြီး ပွင့်ပွင့်လင်းလင်း ရေးသားလာခဲ့တာဖြစ်ပါတယ်။ စိတ်သဘောကောင်းတဲ့ မင်းသားဖြစ်တာကြောင့် အနုပညာရှင်တွေလည်း ခံစားချက်တွေကိုပြောကြားလာကြတာဖြစ်ပါတယ်။ ကဲ ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။Swelsone News

ဖခင်ကို ပြစ်ထားတယ်ဆိုပြီး မြင့်မြတ်ကို ဝေဖန်နေသူတွေ သိရှိစေဖို့ ပွင့်ပွင့်လင်းလင်း ပြောပြလိုက်တဲ့ ယုန်လေးသဘာဝမင်းသားလို့ ပရိသတ်တွေ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသားချောမြင့်မြတ်ကတော့ သာယာပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပြီး ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ သူလေးဖြစ်ပါတယ်။ သူဟာကျရာဇာတ်ရုပ်ကိုလည်း အပီအပြင်သရုပ်ဆောင်နိုင်တဲ့သူလေးဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ရရှိထားသူတစ်ယောက်ပါနော်။ မြင့်မြတ်ဟာ အနုပညာလောကမှာလည်း နှစ်ပေါင်းအတော်ကြာ ရပ်တည်အောင်မြင်နေတာလည်းဖြစ်ပြီး ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး။မြင့်မြတ်ကတော့ မိသားစုတွေကို ပရိတ်ရှေ့ချပြတာနည်းပါးလှပါတယ်။မြင့်မြတ်ရဲ့ ဖခင်ကတော့ ကိုဗစ်ကာလမှာ ဝမ်းရေးအတွက် taxi မောင်းကာ ဝင်ငွေရှာနေတဲ့သူ ဖြစ်ပါတယ်။ ဖခင်ဖြစ်သူကတော့ သားဖြစ်တဲ့ မင်းသားမြင့်မြတ်အနေနဲ့ သူဖုန်းဆက်တဲ့အခါ ဖုန်းကိုင်စေချင်တဲ့အကြောင်းကို မီဒီယာမှာ အင်တာဗျူးဖြေကြားခဲ့ပါတယ်။ အဆိုပါ အင်တာဗျူးနဲ့ ပက်သက်ပြီး လူမှုကွန်ရက်မှာတော့ ဝေဖန်မှုတွေ အများအပြား ထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါ ဝေဖန်မှုတွေနဲ့ ပက်သက်ပြီး မြင့်မြတ်ရဲ့ သူငယ်ချင်းဖြစ်သူ ယုန်လေးကတော့ အခုလိုပဲ အသိပေး ပြောကြားခဲ့ပါတယ်။“အားလုံး ဆန္ဒမစောစေချင်ပါဘူး .လူတိုင်းကို ကူညီနေတဲ့ မြင့်မြတ်စက်အဖွဲ့ က လူတစ်ယောက် ဒုက္ခရောက်ရင်တောင် ကူညီတဲ့ မြင့်မြတ် သူ့ အဖေ အမေ အရင်းမောင်နှစ်မ တွေကို ဘာမှမလုပ်ပေးဖူးဆိုတာဦးနောက် နဲ့ စဉ်းစားပေးကျပါ .လစဉ် ထောင်ပံ့ကြေးမဆိုလိုဖူး .အဖေ အမေ ကိုကန်တော့တာ ဘယ်လောက်ထင်လဲ .မှန်းကြည့်တာထက် ၃ ဆ လောက်ပိုနေရပါမယ် .Covid ကြောင့် ဘယ်လိုခက်ခဲခဲ နော် .တာဝန် မပက်ေစေရဘူးကျွန်တော်တို့ အားလုံးသိတဲ့ လူတွေ အတွက်လည်း ပြောရဖို့ ခက်ခဲပါတယ် .မိသားစု အရေးဆိုတော့ .မြင့်မြတ် ဆိုတာ နာမည်နဲ့ လောက်အောင်မြင့်မြတ်ပါတယ် .ဘာမှ မသိပဲ မဝေဖန်ပါနဲ့ဦးဒါပဲ ပြောချင်ပါတယ် . 🙏🙏🙏မနက်ဖြန် ရေးတင်ပါမယ်” ဆိုကာ ပြောပြ ခဲ့ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်ရှင်။