Shwe Pyi Aye

နောင်ပွင့်မယ့်ဘုရားကို ဖူးဖို့ စောင့်ကြိုနေတဲ့ ထူးဆန်းတဲ့ ရွာပျောက်ကြီးနောင်ပွင့်မယ့်ဘုရားကို ဖူးဖို့ စောင့်ကြိုနေတဲ့ ထူးဆန်းတဲ့ ရွာပျောက်ကြီး (ဝန်းသို မြို့နယ်ထဲမှာပါ)

အရိမေတ္တယျမြတ်စွာဘုရားကို စောင့်ကြိုနေတဲ့ ရွာပျောက်ကြီး (သို့) ထွက်ရပ်ပေါက်များနေတဲ့ရွာ ဆိုတာ ဒါလား

ရောက်ဖူးအောင်သွားကြပါဗျ။ နောင်ပွင့်မယ့် အရိမေတ္တယျမြတ်စွာဘုရားကို စောင့်ကြိုနေတဲ့ ရွာပျောက်ကြီးဆိုတာ ဒါလား။ ရွာကြီးကို နတ်ဖွက်ထားတဲ့နေရာ ဆရာမင်းသိင်္ခပြောတဲ့ ရှမ်းဘဲလားအရပ် ထွက်ရပ်ပေါက်များ နေတဲ့ရွာဆိုတာ ဒါလား။ စိတ်ဝင်စားစရာတွေ ထူးဆန်းဖွယ်ရာတွေ ပြည့်နှက်နေတဲ့ နေရာလေးပါ။

ဒီအချိန်သွားရင် လမ်းကောင်းပါပြီ။ ဒါ့အပြင် မြို့ဟောင်းဝင်ပြီဆိုရင်ဖြင့် ကွင်းထဲမှာ ခြေနင်းလိုက်ရင် လိုဏ်သံတွေ ကြားနေရတယ်။ အရမ်း ထူးဆန်းပါတယ်။ ကွင်းဖြတ်ပြီးရင်တော့ စေတီတစ်ဆူရှိတယ်။ စူဌာမဏိ ဆုတောင်းပြည့်စေတီတဲ့ ပြီးတော့ကျောက်စေတီ ၂ ဆူပေါ်နေတာဆို့လို့ ခက်ခက်ခဲခဲ သွားရောက်ဖူးမြော်ခဲ့တယ်။ ကိုရင်ကြီးတစ်ပါးကိုလည်း ဖူးတွေ့ခဲ့တယ်။မိုင်းသုန်ရွာကို မြင်ရတဲ့မျှော်စင် ၂ ခု ကျောက်အမြောက် ၊ ယမ်းထောင်းဆုံ ၊ နတ်ရေကန် မြင့်မားလှတဲ့ကျောက်တံတိုင်းတွေ ဆိုင်ကယ်လမ်း ပြီးချိန်အထိ စောင့်ကြပါ။ စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင် ဝန်းသိုမြို့နယ် အောင်းပင်အုပ်စုမှာ ကျောက်မြို့ဟောင်းရှိတယ်။ အိမ်ခြေပေါင်း တစ်သောင်း ကျောင်းပေါင်းတစ်ထောင်ပျောက်ကွယ်နေတယ်လို့ ဒေသခံတွေ ပြောစကား ကြားရတယ်။

ကျောက်အမြောက် ယမ်းထောင်းဆုံ နတ်ရေကန် မြင့်မားလှတဲ့ ကျောက်တံတိုင်းတွေ နတ်ခြေယာတွေ တွေ့ခဲ့တယ်။ သွားခဲ့တဲ့သူတွေက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့ရယ် စိုက်ပျိုးရေးဌာနကရယ် အောင်းပင်အုပ်စုအုပ်ချုပ်ရေးမှူးနဲ့ ကျမတို့ ပါတီဝင်တွေရယ်ပါ။သွားတဲ့ ရည်ရွယ်ချက်က ကျောက်မြို့သွားတဲ့ လမ်းလေးကို ဆိုင်ကယ်လမ်းဖောက်ရန်နှင့် ကျောက်စေတီ ၂ ဆူ ဖူးမြင်ရဖို့ပါ။ အသွားအပြန်ရယ် သွားကြည်တာရယ် ခြေကျင်လျှောက်တာ ၆ နာရီ ကြာပါတယ်။ ဒီနေ့လူလည်း တော်တော်အီသွားတယ်။ ဆိုင်ကယ်လမ်းလေး ဖောက်ရင်တော့ အဆင်ပြေသွားမှာပါ မိတ်ဆွေတို့ရေ။

Khaing Khaing Win

သခင်နဲ့ ကွဲသွားတဲ့ ခွေးလေး အဖြစ်အပြင်ထွက်ရင်းဓါတ်တိုင်မှာခွေးပျောက်ကြော်ငြာလေးတွေ့လို့ ဖတ်ကြည့်ရင်း ဓါတ်တိုင်အောက်ကြည့်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် အဲ့ခွေးလေး ထိုင်နေတာနဲ့ သခင်တွေ ဆီဖုနါးဆက်ကြည့်တော့ ချက်ချင်းလိုက်လာကြတယ်

ခွေးလေးကကြောက်လို့ထွက်ပြေးသွားတာနဲ့သူတို့အလာကိုစောင့်ပေးရင်း သခင်တွေကသူ့နာမည်ခေ့ါ်တော့ထွက်လာတယ်ပြန်ဆုံသွားကြတာတွေ့တော့ဝမ်းသာလိုက်တာ ငိုကြတာတအား အန်တီကြီးကဗေဒင်တွက်ပြီးခုပဲပြန်လာတာ ပြန်တွေ့မယ်ပြောတယ်တဲ့ ဗေဒင်မှန်တာပေါ့နော်

ကျွန်မလည်းခွေးချစ်သူမို့ သခင်တွေဘယ်လောက်စိတ်ပူ သောကရောက်နေမလဲခံစားနားလည်လို့ရတယ်

ဝမ်းသာလိုက်တာ ပျော်လို့မျက်ရည်တောင်ဝဲတယ် သူတို့ကြည့်ပြီး

မဟုတ်ရင်ခွေးလေးဘယ်လောက်ဒုက္ခရောက်နေမလဲ

သခင်တွေလည်းပူပန်စိတ်သောကရောက်နေရမှာခွေးကလေးနာမည်က ကိကိတဲ့

—————

သခင်နဲ့ ကွဲသွားတဲ့ ခွေးလေး အဖြစ်

အပြင်ထွက်ရင်းဓါတ်တိုင်မှာခွေးပျောက်ကြော်ငြာလေးတွေ့လို့ ဖတ်ကြည့်ရင်း ဓါတ်တိုင်အောက်ကြည့်လိုက်တော့ တိုက်တိုက်ဆိုင်ဆိုင် အဲ့ခွေးလေး ထိုင်နေတာနဲ့ သခင်တွေ ဆီဖုနါးဆက်ကြည့်တော့ ချက်ချင်းလိုက်လာကြတယ်ခွေးလေးကကြောက်လို့ထွက်ပြေးသွားတာနဲ့သူတို့အလာကိုစောင့်ပေးရင်း သခင်တွေကသူ့နာမည်ခေ့ါ်တော့ထွက်လာတယ်

ပြန်ဆုံသွားကြတာတွေ့တော့ဝမ်းသာလိုက်တာ ငိုကြတာတအား အန်တီကြီးကဗေဒင်တွက်ပြီးခုပဲပြန်လာတာ ပြန်တွေ့မယ်ပြောတယ်တဲ့ ဗေဒင်မှန်တာပေါ့နော်

ကျွန်မလည်းခွေးချစ်သူမို့ သခင်တွေဘယ်လောက်စိတ်ပူ သောကရောက်နေမလဲခံစားနားလည်လို့ရတယ်

ဝမ်းသာလိုက်တာ ပျော်လို့မျက်ရည်တောင်ဝဲတယ် သူတို့ကြည့်ပြီး

မဟုတ်ရင်ခွေးလေးဘယ်လောက်ဒုက္ခရောက်နေမလဲ

သခင်တွေလည်းပူပန်စိတ်သောကရောက်နေရမှာ

ခွေးကလေးနာမည်က ကိကိတဲ့

—————

ကိုယ့်ဝင်ငွေကိုယ် ရှာပြီး ကိုယ့်အားကိုယ်ကိုးတဲ့ မိန်းကလေးတွေရဲ့ စိတ်နေစိတ်ထား

မိန်းကလေးတွေဟာ သဘာဝအားဖြင့် အားနွဲ့တယ်၊ စိတ်ပျော့တယ် ဆိုပေမယ့် မှီခိုချင်တဲ့ သူတွေတော့ မဟုတ်ပါဘူး။မိသားစုက ချမ်းသာ သည်ဖြစ်စေ၊ ဆင်းရဲ သည်ဖြစ်စေ ကိုယ့်ဝင်ငွေ ကိုယ်ရှာပြီး ကိုယ့်အား ကိုယ်ကိုးတဲ့ မိန်းကလေးတွေဆိုတာ ဒီလိုပါ ။

(၁) နှမြောတတ်တယ်

ဒီလို မိန်းကလေးတွေဟာ အရမ ်းနှမြောတတ်တဲ့ သူတွေပါ ။ ဈေးဝယ်တဲ့ အခါမှာလည်း အရမ်း ဈေးကြီးတာမျိုးဆိုရင် ကိုယ့်မှာရှိနေရင်တောင် မဝယ်ပါဘူး။ဈေးကြီးတဲ့အဝတ်အစားတွေ၊ ဈေးကြီးတဲ့ အစားအစာတွေကို ချင့်ချိန်ပြီးမှ ဝယ်တတ်၊ စားတတ်တဲ့သူတွေပါ။အစားအသောက်ကျန်နေရင် အရမ်းနှမြောတတ်သလို၊ ကိုယ့်ပစ္စည်းလေးတစ်ခုခု ပျောက်သွားခဲ့ရင်တောင် အရမ်းနှမြောတတ်ပါတယ်။

(၂) ချွေတာတတ်တယ်

ဒီလို မိန်းကလေးတွေဟာ အရမ်းချွေတာတတ်တဲ့ သူတွေပါ။ ဘယ်တော့မှ ဈေးမဆစ်ပဲဈေးဝယ်လေ့မရှိပါဘူး။ငွေကုန်ကြေးကျ သက်သာမယ့် နည်းလမ်းလေးတွေကို အမြဲတမ်း စဉ်းစားတတ်သလို၊ ပိုက်ဆံကို ချွေချွေတာတာ သုံးတတ်တဲ့ သူတွေပါ။ပိုက်ဆံရှာရတာ ဘယ်လောက် ခက်ခဲမှန်းကောင်းကောင်း နားလည်တဲ့ သူတွေပါ။

(၃) ချုပ်ခြယ်တာတွေမကြိုက်ဘူး

ဒီလိုမိန်းကလေးတွေဟာ ချုပ်ခြယ်တာတွေ၊ အမိန့်ပေးတာတွေ၊ တမင်သက်သက် အနိုင်ကျင့် စော်ကားတာမျိုးတွေကို လုံးဝမကြိုက်ပါဘူး။ မဟုတ်ရင်မခံတဲ့သူတွေ ဖြစ်ပါတယ်။ကိုယ်မှားနေရင် ဒူးထောက်တောင်းပန်ဖို့ ဝန်မလေးသလို၊ ကိုယ်မှန်နေရင်လည်း အဆုံးထိ ရင်ဆိုင်ရဲတဲ့ သူတွေပါ ။

(၄) ကြိုးစားတယ်

ဒီလိုမိန်းကလေးတွေဟာ ကြိုးစားချင်စိတ် အပြည့်ရှိတဲ့ သူတွေပါ ။ သူများတွေရဲ့အမြင်မှာ ဘာမှ မဟုတ်တာလည်း ဖြစ်ရင်ဖြစ်မယ် ဒါပေမယ့်လည်း ကြီးမားတဲ့ စိတ်ကူးအိပ်မက်တွေ၊ ရည်မှန်းချက်တွေကို ပိုင်ဆိုင်ထားပြီး တကယ်လည်း ကြိုးစားတဲ့ သူတွေပါ ။

(၅) မခံချင်စိတ်ရှိတယ်

ဒီလို မိန်းကလေးတွေဟာ မနာလို စိတ်တော့ မရှိပေမယ့် မခံချင် စိတ်ရှိတဲ့ သူတွေပါ ။ ကိုယ့်ရဲ့ရွယ်တူ တန်းတူတွေနဲ့ယှဉ်လာရင် ဘယ်တော့မှ အောက်ကျနောက်ကျ မဖြစ်ချင်တဲ့သူတွေပါ။ဒါကြောင့် အမြဲလိုလို ကြိုးစားပြီး ဝီရိယကြီးတဲ့ သူတွေပါ ။

Credit

ငယ်ငယ်တုန်းက ဘယ်သူ့ကို အချစ်ဆုံးလဲမေးတော့ အမေ့ကိုအချစ်ဆုံးဆို အမေ့ကိုညာခဲ့တဲ့ သမီးနဲ့သားများသိစေရန်

မိဘမေတ္တာဆိုတာ စုန်ရေသာရှိပြီး ဆန်ရေမရှိဘူးဆိုတာ သိပ်မှန်တာ။မိဘတွေကသားသမီးကို ပြစ်ရိုးထုံးစံမရှိပေမဲ့ သားသမီးများက အချိန်တန်အရွယ်ရောက်လာတဲ့အခါ အသက်အရွယ်ရလာတဲ့မိဘတွေကို စွန့်ပစ်တတ်ကြပါတယ်။မိဘတွေကလေ သားသမီးအပေါ် မေတ္တာပေးသလောက် သားသမီးတွေက မိခင်အပေါ်ပေးတဲ့မတ္တာသိပ်ကိုနည်းပါးကြတယ်၊ သားမေ့မေ့ကို ညာခဲ့တယ်နော်။ ငယ်ငယ်တုန်းက ဘယ်သူ့ကိုအချစ်ဆုံးလဲလို့ မေးတဲ့အခါ မေ့မေ့ကိုအချစ်ဆုံးတဲ့။

သားမေ့မေ့ကို ညာခဲ့တယ်နော်။ သားကြီးလာရင် အလုပ်လုပ်ပြီးမေ့မေ့ကို ပြန်လုပ်ကြွေးမယ်တဲ့။ သားစကားကြားတုန်းက မေ့မေ့မှာပိတိဖြစ်ပျော်ခဲ့လိုက်ရတာသားရယ် ခုထိအမှတ်ရနေဆဲပါ။အာ်လောကကြီးရယ် မတရားလိုက်တာကွာ မင်းတို့အလှည့်တုန်းကတော့တော့ အဖေအမေတွေမှာ သားသမီးလေးယောက်ကို လူ့ကြားထဲ မျက်နှာတစ်စက်လေးမငယ်ရအောင် ပင်းပန်ကြီးစွာကြိုးစားပြုစုပျိုထောင်ပေးခဲ့ကြပေမဲ့ မိအိုကြီးရဲ့နောင်ဆုံးနေဝင်ချိန်လေးမှာ အထီးကျန် သိမ်ငယ်အားငယ်မှုတွေနဲ့ တစ်ယောက်တည်း ဖြတ်သန်းနေရပါလားကွာ

ဧရာဝတီတိုင်းပုသိမ်မြို့ ပဒဲကောရွာလေးမှ အမေအိုကြီး သူနာမည်ကမမြရင် သူ့ယောကျ်ားက ဆုံးသွားတာ ၆နှစ်လောက်ရှိပြီးအရင်ကတော့ သားသမီးလေးယောက်ရှိပါတယ် သား၃ယောက် သမီးတစ်ယောက်၊ သားအကြီးက ၂၀၁၃လောက်ကတည်းက ထိုင်းတက်သွားတယ် စာမလာသတင်းမကြားနဲ့ ကျန်သုံးယောက်ကတော့ သူ့အိမ်ထောင်တွေနဲ့သူ ယခုအခါ အမေအိုကြီးမှာ ဘဝနေဝင်ချိန်မှာတစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလို့လာခဲ့ပါပြီ။

ဒီစာလေးကို ဒကာမကြီး သားသမီးတွေများ မြင်ခဲ့ရင် ဘဝနေဝင်ချိန်မှာ တစ်ယောက်တည်း ဖြတ်သန်းနေရတဲ့ အမေကြီးအတွက် ဒကာ ဒကာမလေးတွေကျေးဇူးကြွေး ပြန်ဆပ်နိုင်ပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ အခုဒကာမကြီးခြေထောက်မှအနာမှာ အတွင်းလိုှက်စားပြီး တော်တော်အခြေနေဆိုးနေပါသည် ပေါင်မှအသားအား အစားထိုးကုသရန်လိုအပ်နေပါသည် ကုန်ကျစာရိတ်အား ဘုန်းဘုန်းတစ်ယောက်တည်းမတက်နိုင်လို့ ၁၀၀၀/၂၀၀၀မှအစ တက်နိုင်သလောက်လေး ဝိုင်းဝန်းကူညီပေးကြပါရန်နိဗ္ဗာန်နိုးဆော်အပ်ပါတယ်။

လှူဒါန်းလိုပါက ဦးဇင်းဖုန်းနံပါတ်လေး KPZ PAYနဲ့ wave pay ဖွင့်ထားပေးပါတယ် အမေအိုကြီးအတွက် တက်နိုင်သလောက်လေး ဝိုင်းဝန်းကုသိုလ်ယူနိုင်ကြပါစေ။ စာဖတ်ပရိတ်သတ်ကြီးလဲ မိဘမေတ္တာကိုသိရှိခံစားနိုင်ကာ မိဘကျေးဇူးကိုအထူးသိတတ်ကာ ဆပ်နိုင်တဲ့သားသမီးလေးများ ဖြစ်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။ အဆုံးထိဖတ်ရှုပေးတဲ့ စာဖတ်ပရိတ်သတ်ကြီးအား ကျေးဇူးအထူးတင်ရှိပါတယ်။

ဦးပညာစာရKBZ Pay -09789611305/U Hla Than – Wave Pay-09789611305။ လေးစားစွာဖြင့် ခရက်ဒစ်

ရန်ကုန်မှဘန်ကောက်သို့ မော်တော်ယာဉ်ဖြင့် ၉ နာရီကြာသွားရောက်နိုင်တော့မည့် စီမံကိန်းစတင်

ရန်ကုန်မှဘန်ကောက်သို့ မော်တော် ယာဉ်ဖြင့် ၉ နာရီကြာသွားရောက်နိုင်မည့် စီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ချေးငွေအကူအညီဖြင့် စတင်နေ ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာ ဦးကျော်လင်းက ပြောသည်။

ပဲခူး-ကျိုက်ထို အမြန်လမ်းမကြီး စီမံကိန်းကို အာရှဖွံ့ဖြိုးရေးဘဏ် (ADB) ထံမှ ချေးယူသော အမေရိကန်ဒေါ်လာ ၄၈၃ ဒသမ ၈ သန်းဖြင့်လုပ်ဆောင်နေသည့်အကြောင်းနှင့် ယင်းစီမံကိန်းကတစ် ဆင့် ရန်ကုန်မှ ဘန်ကောက်ကို အချိန် ၉ နာရီတည်းဖြင့်ရောက်ရှိနိုင်ရန် အထောက် အပံ့ပြုမည်ဟု ၎င်းင်းကဆိုသည်။

လက်ရှိ ရန်ကုန်သီလဝါကနေ ဘန်ကောက်ထိ မော်တော်ယာဉ်နဲ့သွား မယ်ဆိုလျှင် ၁၆ နာရီခန့်ကြာမြင့်မှာဖြစ်ပါ တယ်။ ခရီးမိုင်အနေနဲ့ အရှည် ၅၇၀ ခန့် ရှိပါတယ်။ ဒီနေရာမှာ ထိုင်းနိုင်ငံသားတွေ အနေနဲ့ မြန်မာနိုင်ငံက ကျိုက်ထီးရိုးဘုရား ကြီးနဲ့ ရွှေတိဂုံဘုရားကြီးကို ဖူးမြော်ဖို့ဆန္ဒ ရှိသလို မြန်မာနိုင်ငံသားတွေကလည်း မြ ဘုရားကို ဖူးမြော်ချင်ကြတဲ့ဆန္ဒတွေ ရှိပါ တယ်။

ဒါကြောင့်မို့လို့ ရန်ကုန်-ဘန် ကောက်ခရီးစဉ်ကို ယာဉ်မောင်းချိန် ၉ နာရီနဲ့ရောက်ဖို့အတွက် ရန်ကုန် သီလဝါ ကနေ မြဝတီနယ်စပ်ထိ ၄ နာရီခွဲနဲ့ရောက် ရှိနိုင်ဖို့ ထိုနည်းတူပဲ ထိုင်းနိုင်ငံဘက်က လည်း မြဝတီမဲဆောက်နယ်စပ်ကနေ ဘန် ကောက်ထိ ၄ နာရီခွဲတည်းနဲ့ရောက်ရှိနိုင် အောင် (ADB) အစည်းအဝေးတွေမှာ နှစ် ဖက် ဆွေးနွေးဆောင်ရွက်ပါတယ် ဟု ဒုဝန်ကြီး ဒေါက်တာဦးကျော်လင်းက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ် ကမ်းမှ ဘန်ကောက်ထိ ယာဉ်မောင်းချိန် ၉ နာရီတည်းဖြင့် အရောက်သွားရာတွင် မြို့များကို ဖြတ်သန်းသွား၍မရနိုင်သော ကြောင့် မြို့ရှောင်လမ်းများကိုဖောက်လုပ် ခြင်းဖြစ်ကြောင်းနှင့် ယခုအခါ ဖောက်လုပ် ဆဲ မြို့ရှောင်လမ်းအချို့လည်း ပြီးစီးတော့ မည်ဖြစ်ကြောင်း သိရသည်။

မြို့တွေထဲကသွားရင် ရန်ကုန်မြို့ အတွက် ထောက်ကြန့်ကတည်းက ယာဉ် ကြောပိတ်ဆို့မှုကို စတင်ကြုံရမှာဖြစ်ပါ တယ်။ လမ်းအသုံးပြုမှုတွေမှာ မော်တော် ယာဉ်တွေ၊ မော်တော်ဆိုင်ကယ်တွေ၊ အနှေးယာဉ်တွေနဲ့ ရောထွေးပြည့်နှက်နေ တဲ့အခြေအနေမှာတော့ ရန်ကုန်ကနေ ဘန်ကောက်ကို ယာဉ်မောင်းချိန် ၉ နာရီ တည်းနဲ့အရောက်သွားဖို့ဆိုတာ မဖြစ်နိုင် ပါဘူး။ ဒါကြောင့်မို့လို့ ပဲခူးကျိုက်ထို အ မြန်လမ်းမသစ်ကြီးကို ဖောက်လုပ်ခြင်းအ ပြင် မြို့ရှောင်လမ်းများကိုလည်း ဖောက် လုပ်ဖို့လိုအပ်လာပါတယ်။

ခုဆိုလို့ရှိရင် ကျိုက်ထိုမြို့ရှောင်လမ်းဖောက်လုပ်နေ တာ မြေသားလုပ်ငန်းပြီးစီးပြီးဖြစ်ပြီး မကြာခင်မှာ လေးလမ်းသွားမြို့ရှောင်လမ်း အဖြစ် ပေါ်ထွက်လာမှာဖြစ်ပါတယ် ဟု ယင်းကပြောသည်။အဆိုပါ မြို့ရှောင်လမ်းအပြင် သထုံ မြို့ရှောင်လမ်းကို ဒုံသမိတံတားကစပြီး သထုံမြို့၊ ကျိုက်ကော်သိမ်ဆိပ်တို့ကို ရှောင်ကွင်း၍ ဘီးလင်းမြို့အနီးထိ ဖောက် လုပ်မည်ဖြစ်ကြောင်း၊ လက်ရှိအဆိုပြု လမ်းမကြီး ကျိုက်ထိုမြို့ရှောင်လမ်းနှင့် သထုံ ကျိုက်ကော်သိမ်ဆိပ် မြို့ရှောင်လမ်း မကြီးများပြီးစီးသည့်အခါ ရန်ကုန်သီလဝါ မှ မြဝတီမြို့ထိအရောက် ၄ နာရီခွဲဖြင့် ခရီး ပေါက်မည်ဖြစ်ပြီး ထိုင်းနိုင်ငံဖက်ကလည်း လမ်းများအဆင့်မြှင့်ပြီးလျှင် မဲဆောက်မြို့ နှင့်ဘန်ကောက်မြို့ကို အချိန် ၄ နာရီခွဲနှင့် ရောက်ရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့ရဲ့ အရှေ့ဘက်အခြမ်းမှာ သန်လျင်၊ သုံးခွ၊ ခရမ်း၊သနပ်ပင်၊ ပဲခူး၊ ကျိုက်ထို စီးပွားရေးစြင်္ကံလမ်းမအသစ် ပေါ်ထွက်လာမှာဖြစ်ပြီးတော့ လက်ရှိဖွံ့ဖြိုး ပြီးဖြစ်နေတဲ့ ရန်ကုန်ထောက်ကြန့်၊ လှည်း ကူး၊ အင်းတကော်၊ ပဲခူးစြင်္ကံလမ်းပိုင်းနဲ့ဟန်ချက်ညီစွာ ဖွံ့ဖြိုးလာမှာဖြစ်ပါတယ်။ ရန်ကုန် ထောက်ကြန့်၊ လှည်းကူး၊ အင်း တကော်၊ ပဲခူးစြင်္ကံလမ်းတစ်လျှောက် လမ်းဘေးဝဲယာမှာ တစ်စတုရန်းမိုင်ဆိုရင် လူဦးရေသုံးသောင်းတစ်ထောင်ထိ နေ ထိုင်တိုးတက်နေလို့ ဈေးဆိုင်တွေ လူနေ အိမ်တွေ စက်မှုလုပ်ငန်းတွေ ကုန်လှောင် ရုံတွေတိုး တက်နေတာကိုတွေ့ရမှာဖြစ်ပါ တယ်။

အဆိုပါလမ်းပိုင်းရဲ့ အကျိုးကျေးဇူး အနေနဲ့ ရန်ကုန်တိုင်း GDP သည် မြန်မာနိုင်ငံ GDP ရဲ့ ၃၃ ရာခိုင်နှုန်းထိ ပါဝင်နေတာကိုတွေ့ရမှာဖြစ်ပါတယ် ဟု ဒုဝန်ကြီးကပြောသည်။စီးပွားရေးစြင်္ကံဖြစ်သော သန်လျင် သီလဝါ၊ သုံးခွ၊ ခရမ်း၊ သနပ်ပင်၊ ပဲခူး ကျိုက်ထို စီးပွားရေးစြင်္ကံလမ်းပြီးစီးသွား ပါက ရန်ကုန်အရှေ့ဘက်ခြမ်းတွင် စီးပွား ရေးစြင်္ကံလမ်းမသစ်ကြီးပေါ်လာပြီး နိုင်ငံ အတွင်း ဆက်စပ်သွားလာမှုသာမက ကုန် သွယ်မှုပမာဏ ပျှမ်းမျှတစ်နှစ်လျှင်

အမေ ရိကန်ဒေရိကနါ်လာ ၅ ဒသမ ၄ ဘီလီယံရှိသော မြန်မာ့ ဒုတိယအများဆုံး ကုန်သွယ်ဘက် ထိုင်းနိုင်ငံ မဟာမဲခေါင် ဒေသတွင်းနိုင်ငံ များဖြစ်ကြသော လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံများကပါ မြန်မာနိုင်ငံအ တွင်းဖြတ်သန်း၍ ရန်ကုန်မြို့ သီလဝါ စက်မှုဆိပ်ကမ်း၏ ပင်လယ်ထွက်ပေါက် ကတစ်ဆင့် အခြားပြည်ပနိုင်ငံများကို လွယ်လင့်တကူ ကုန်စည်စီးဆင်းစေမည် ဖြစ်ကြောင်း၊ ယင်းကြောင့် နိုင်ငံဖြတ်ကျော် ကုန်သွယ်မှုများ သယ်ယူပို့ဆောင်ရေးလုပ် ငန်းများကြောင့် လမ်းဖြတ်သန်းသွားလာ အသုံးပြုခများနှင့် အခြားအခွန်အခတွေပါ ရရှိလာမည်ဖြစ်ကြောင်း သိရသည်။

အဆိုပြုစီမံကိန်းဖြစ်တဲ့ ပဲခူးကျိုက် ထို အမြန်လမ်းမကြီးပြီးစီးရင်တော့ လက် ရှိ ADB ချေးငွေဖြင့် လမ်းအဆင့်မြှင့်လုပ် ငန်းများ စတင်တော့မှာဖြစ်တဲ့ ရန်ကုန်မြို့ ရဲ့အရှေ့ဘက်စြင်္ကံသန်လျင်၊ သုံးခွ၊ ခရမ်း သနပ်ပင် ပဲခူးလမ်းနဲ့ ချိတ်ဆက်ပြီးတော့ သီလဝါဆိပမ်းထိ ခရီးသည်နဲ့ ကုန်စည် များ လွယ်လင့်တကူ လျင်မြန်စွာ သွား လာနိုင်တော့မှာဖြစ်ပါတယ်။ ရန်ကုန်မြို့ရဲ့ အရှေ့ဘက်စီးပွားရေးစြင်္ကံလမ်းမသစ် ကြီးဖြစ်လာမယ့် သန်လျင်၊ သီလဝါ၊ ခရမ်း၊ သုံးခွ၊ သနပ်ပင်၊ ကျိုက်ထိုလမ်းတစ် လျှောက် လမ်းဘေးဝဲယာတွင် စီးပွားရေး ဇုန်တွေ၊ သိုလှောင်ရုံတွေနဲ့ ကုန်းတွင်း ဆိပ်ကမ်း Dry Port တွေ ဖြစ်ပေါ်လာနိုင် ပြီးတော့ အဲဒီစြင်္ကံလမ်းတစ်လျှောက် မြန် မာနိုင်ငံအတွင်း အခြားဒေသမှလာရောက် သူများအတွက်ပါ အလုပ်အကိုင်အခွင့်အ လမ်းတွေ များစွာပေါ်ပေါက်လာမှာ ဖြစ်ပါ တယ် ဟု ဒေါက်တာဦးကျော်လင်းက ပြောသည်။

CREDIT: မေငယ်#popolay #popolaytv #Yangon #Bangkok #Travel #Tourမှကူးယူဝေမျှဖော်ပြပါသည်။Via.Kyaw Swar Myint

လင်ယောကျာ်းရဲ့ ညာဘက် မဟုတ်တဲ့ ဘယ် ဘက်မှာပဲဘာကြောင့်အိပ်ခွင့်ရှိတာလဲ

မိန်းမ က လင်ယောကျာ်းရဲ့ ညာဘက်မှာ အိပ်ရင် ယောကျာ်းက ဘုန်းကံနိမ့်ပြီး အိမ်ထောင်ရေး မှာ စီးပွားရေးလာဒ်ပိတ်စေတယ်ဆိုတာ တကယ်လား???

လင်ရယ် မယားရယ် ဖြစ်လာပြီဆို တစ်အိပ်ယာတည်း အတူအိပ် ကြရပါတယ်။မိန်းမသားတွေဟာ လင်ယောကျာ်း ရဲ့ ဘယ်ဘက်အခြမ်းမှာ သာ အိပ်ခွင့်ရှိပါ တယ်..ဒါပေမယ့် ဘာဖြစ်လို့ မိန်းမသားတွေဟာ လင်ယောကျာ်းရဲ့ ဘယ်ဘက်အခြမ်းမှာပဲအိပ်ခွင့်ရှိတာလဲ………ဘာကြောင့်လဲ

အမှန်ဆို အိပ်ချင်တဲ့ ဘက်အိပ်မှာပေါ့နော်…တချို့ဆို အိပ်ယာဘေးဘက် နံရံ ထောင့်ဘက် အခြမ်းကို မိန်းမသားတွေ ပိုမိုကြိုက်နှစ် သက်လေ့ရှိပါတယ်…

ဘေးမှာက နံရံ အတားအဆီး တစ်ခု ဖြစ်သလို ဒီဘက် ဘေးမှကြ အားကိုးအားထားပြုရတဲ့ လင်ယောကျာ်း အဲတော့ မှ သူတို့က မိမိကိုယ်ကို လုံခြုံမှု အပြည့်နဲ့ စိတ်ချလက်ချ အိပ်စက်နိုင်ကြတာပါ

မိန်းမက ယောကျာ်းရဲ့ ညာဘက်မှာ အိပ်လို့ ယောကျာ်းတို့ ဘုန်း လက်ရုံးဆိုပြီး ဘုန်းကံနိမ့်တယ် ဆိုတာက စိတ်နဲ့သာ ဆိုင်ပါတယ် ဘုန်းမနိမ့်ဘူး မဟုတ်ပါဘူး

ကိုယ်က ဘုန်းနိမ့်တယ် “ထင်” ရင် နိမ့်ပါတယ်မနိမ့်ဘူး “ထင်” ရင် မနိမ့်ပါဘူး။နည်းနည်းများ ရှုပ်သွားသလား မသိဘူးတော်တော်လဲ ရှုပ်သွားမယ် ထင်ပါတယ်

ဟုတ်ပါတယ် အဲဒီ “ထင်” ဆိုတဲ့ ဥပါဒါန်ကြောင့်သာ နိမ့်တာပါ… ဥပါဒါန် ကြောင့် ဘေးဥပါဒ် ရောက်တတ်ပါတယ်။ကိုယ့်စိတ်က နိမ့်တယ်ထင်ရင် အဲဒီ စိတ်ကထင်လိုက်တာနဲ့ အကောင်းဘက်ကို အတွေးမရှိတော့ပါဘူး။

မဟုတ်တဲ့ ခံစားချက်တွေနဲ့ စိတ်အလိုမကျဖြစ်စေပြီး လူကို ထိခိုက်စေတာပါ…အဲ့ဒါဟာ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ကျဆင်းခြင်း စိတ်ပိုင်းဆိုင်ရာ ဘုန်းနိမ့်ခြင်းပါပဲ

လူကို သတ်လို့မသေတောင် စိတ်ကို သတ်လို့သေမှတော့ လူလဲ မခံနိုင်ပါဘူး…မိန်းမသားတွေဟာ ဘာဖြစ်လို့ ဘယ်ဘက်မှာပဲ အိမ်ခွင့်ရလဲ ဆိုတာ အဖြေက အရမ်းကို နူးညံ့ကြင်နာကြည်နူးဖို့ ကောင်းပါတယ်

မိန်းမသားတွေလဲ သိသွားပြီး နောက်ဆို ကိုယ့်လင်ယောကျာ်းနဲ့ အိပ်ရင် ဘယ်ဘက်မှာသာ အိပ်ချင်ကြပီး ရင်ခွင်ထဲတိုးချင်နေကြမှာပါ။တကယ်တော့ ဘယ်ဘက်မှာ အိပ်ရတယ်ဆိုတာ ချစ်ခြင်းတရားကို ကိုယ်စားပြုပါတယ်။

ရင်ခုန်သံတွေ စတင်ဖြစ်တည်ရာ နှလုံးသားနဲ့ အနီးကပ်ဆုံးနေရာ မှာသာ မိမိချစ်ခင်စုံမက်ရတဲ့ မိန်းမသားကို ထားချင်တဲ့ အတွက် ဘယ်ဘက်မှာ ထားရင်ခွင်ထဲ ထည့် အိပ်စေခြင်းဖြစ်ပါတယ်

မိန်းမသားတို့ အနေဖြင့်လည်း ကိုယ်ချစ်ရသူရဲ့ ရင်ခုန်သံစည်းချက်ကလေးတွေကို နားဆင်ရင်း နွေးထွေးတဲ့ ရင်ခွင်ထဲမှာ အိပ်စက်ရတာဟာ လောကနိဗ္ဗာန် စည်းစိမ်ကို ခံစားနေရမှာ အမှန်ပဲ ဖြစ်ပါတယ်။

နတ်ပြည်နိဗ္ဗာန်စည်းစိမ်ဆိုတာဟာလဲ လူ့ဘဝမှာတင် ရရှိနိုင်ပါတယ်ကိုယ်က ယူတတ်ဖို့ပဲ လိုတာပါ ယူတတ်ရင် ရပါတယ်……။ဘဝအမောတွေ ဖြေဖျောက် တမှေးလောက်တော့

ကိုယ်ချစ်ရသူရဲ့ အသည်းတစ်ခြမ်းကိုယ်စားပြု ရင်ခွင်ထဲ အိပ်စက်နားခိုရင်း နောင် အနာဂတ်လမ်းခရီးအတွက် အားမွေးပြီး နှစ်ဦးသား အိပ်ရေးဝလိုက်ကြရအောင်။

မိန်းမ က လင်ယောကျာ်းရဲ့ ညာဘက်မှာ အိပ်ရင် ယောကျာ်းက ဘုန်းကံနိမ့်ပြီး အိမ်ထောင်ရေး မှာ စီးပွားရေးလာဒ်ပိတ်စေတယ်ဆိုတာ တကယ်လား???

လင်ရယ် မယားရယ် ဖြစ်လာပြီဆို တစ်အိပ်ယာတည်း အတူအိပ် ကြရပါတယ်။မိန်းမသားတွေဟာ လင်ယောကျာ်း ရဲ့ ဘယ်ဘက်အခြမ်းမှာ သာ အိပ်ခွင့်ရှိပါ တယ်ဒါပေမယ့် ဘာဖြစ်လို့ မိန်းမသားတွေဟာ လင်ယောကျာ်းရဲ့ ဘယ်ဘက်အခြမ်းမှာပဲအိပ်ခွင့်ရှိတာလဲ…ဘာကြောင့်လဲ

အမှန်ဆို အိပ်ချင်တဲ့ ဘက်အိပ်မှာပေါ့နော်…တချို့ဆို အိပ်ယာဘေးဘက် နံရံ ထောင့်ဘက် အခြမ်းကို မိန်းမသားတွေ ပိုမိုကြိုက်နှစ် သက်လေ့ရှိပါတယ်…

ဘေးမှာက နံရံ အတားအဆီး တစ်ခု ဖြစ်သလို ဒီဘက် ဘေးမှကြ အားကိုးအားထားပြုရတဲ့ လင်ယောကျာ်း အဲတော့ မှ သူတို့က မိမိကိုယ်ကို လုံခြုံမှု အပြည့်နဲ့ စိတ်ချလက်ချ အိပ်စက်နိုင်ကြတာပါမိန်းမက ယောကျာ်းရဲ့ ညာဘက်မှာ အိပ်လို့ ယောကျာ်းတို့ ဘုန်း လက်ရုံးဆိုပြီး ဘုန်းကံနိမ့်တယ် ဆိုတာက စိတ်နဲ့သာ ဆိုင်ပါတယ် ဘုန်းမနိမ့်ဘူး မဟုတ်ပါဘူး

ကိုယ်က ဘုန်းနိမ့်တယ် “ထင်” ရင် နိမ့်ပါတယ်မနိမ့်ဘူး “ထင်” ရင် မနိမ့်ပါဘူး။နည်းနည်းများ ရှုပ်သွားသလား မသိဘူးတော်တော်လဲ ရှုပ်သွားမယ် ထင်ပါတယ်

ဟုတ်ပါတယ် အဲဒီ “ထင်” ဆိုတဲ့ ဥပါဒါန်ကြောင့်သာ နိမ့်တာပါ… ဥပါဒါန် ကြောင့် ဘေးဥပါဒ် ရောက်တတ်ပါတယ်။ကိုယ့်စိတ်က နိမ့်တယ်ထင်ရင် အဲဒီ စိတ်ကထင်လိုက်တာနဲ့ အကောင်းဘက်ကို အတွေးမရှိတော့ပါဘူး။

မဟုတ်တဲ့ ခံစားချက်တွေနဲ့ စိတ်အလိုမကျဖြစ်စေပြီး လူကို ထိခိုက်စေတာပါ…အဲ့ဒါဟာ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ကျဆင်းခြင်း စိတ်ပိုင်းဆိုင်ရာ ဘုန်းနိမ့်ခြင်းပါပဲ

လူကို သတ်လို့မသေတောင် စိတ်ကို သတ်လို့သေမှတော့ လူလဲ မခံနိုင်ပါဘူး…မိန်းမသားတွေဟာ ဘာဖြစ်လို့ ဘယ်ဘက်မှာပဲ အိမ်ခွင့်ရလဲ ဆိုတာ အဖြေက အရမ်းကို နူးညံ့ကြင်နာကြည်နူးဖို့ ကောင်းပါတယ်

မိန်းမသားတွေလဲ သိသွားပြီး နောက်ဆို ကိုယ့်လင်ယောကျာ်းနဲ့ အိပ်ရင် ဘယ်ဘက်မှာသာ အိပ်ချင်ကြပီး ရင်ခွင်ထဲတိုးချင်နေကြမှာပါ။တကယ်တော့ ဘယ်ဘက်မှာ အိပ်ရတယ်ဆိုတာ ချစ်ခြင်းတရားကို ကိုယ်စားပြုပါတယ်။

ရင်ခုန်သံတွေ စတင်ဖြစ်တည်ရာ နှလုံးသားနဲ့ အနီးကပ်ဆုံးနေရာ မှာသာ မိမိချစ်ခင်စုံမက်ရတဲ့ မိန်းမသားကို ထားချင်တဲ့ အတွက် ဘယ်ဘက်မှာ ထားရင်ခွင်ထဲ ထည့် အိပ်စေခြင်းဖြစ်ပါတယ်

မိန်းမသားတို့ အနေဖြင့်လည်း ကိုယ်ချစ်ရသူရဲ့ ရင်ခုန်သံစည်းချက်ကလေးတွေကို နားဆင်ရင်း နွေးထွေးတဲ့ ရင်ခွင်ထဲမှာ အိပ်စက်ရတာဟာ လောကနိဗ္ဗာန် စည်းစိမ်ကို ခံစားနေရမှာ အမှန်ပဲ ဖြစ်ပါတယ်။

နတ်ပြည်နိဗ္ဗာန်စည်းစိမ်ဆိုတာဟာလဲ လူ့ဘဝမှာတင် ရရှိနိုင်ပါတယ်ကိုယ်က ယူတတ်ဖို့ပဲ လိုတာပါ ယူတတ်ရင် ရပါတယ်……။ဘဝအမောတွေ ဖြေဖျောက် တမှေးလောက်တော့

ကိုယ်ချစ်ရသူရဲ့ အသည်းတစ်ခြမ်းကိုယ်စားပြု ရင်ခွင်ထဲ အိပ်စက်နားခိုရင်း နောင် အနာဂတ်လမ်းခရီးအတွက် အားမွေးပြီး နှစ်ဦးသား အိပ်ရေးဝလိုက်ကြရအောင်.။

Credit to Orginal Uploder

မှော်ဘီမှာရှိတဲ့ခင်လှိုင်ရဲ့ခြံကြီးဆီကို တစ်ညအိပ်သွားရောက်ပြီး ချစ်ညီအစ်ကိုတွေနဲ့ တပျော်တပါးစားသောက်ခဲ့တဲ့ မြင့်မြတ်ရဲ့ဗီဒီယိုမြင့်မြတ်ကတော့ ထိပ်တန်းမင်းသားတစ်လက်ဖြစ်ပြီး အနုပညာလောကမှာ ပရိသတ်တွေရဲ့အားပေးမှုကို အများဆုံးရရှိထားသူတစ်ဦး ဖြစ်ပါတယ် ။ မသိသူမရှိလောက်အောင် အောင်မြင်နေတဲ့ မြင့်မြတ်က မာန်မာနကင်းစင်ပြီး ဖော်ရွေလွန်းလို့ ပရိသတ်တွေကပိုချစ်ရတာ ဖြစ်ပါတယ် ။ ဒါ့အပြင် မြင့်မြတ်က အားလုံးအပေါ်မှာ ရင်းရင်းနှီးနှီးဆက်ဆံလေ့ရှိသလို ပျော်ပျော်လည်းနေတတ်တာကြောင့် လူချစ်လူခင်ပေါများနေတာ ဖြစ်ပါတယ် ။မြင့်မြတ်က ချစ်ဇနီးနဲ့သားလေးကို အလေးထားပြီး ဂရုတစိုက်ချစ်ပေးတတ်တဲ့ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ဆိုရင်လည်း မမှားပါဘူးနော် ။ မြင့်မြတ်ကအနုပညာလောကသားတွေနဲ့ဆိုရင်လည်း ညီအစ်ကိုမောင်နှမတွေပမာ ခင်မင်ရင်းနှီးနေတာပဲ ဖြစ်ပါတယ် ။ ဒါကြောင့် ပြီးခဲ့တဲ့တန်ဆောင်မုန်းလပြည့်ညမှာ မြင့်မြတ်က သူနဲ့အရမ်းခင်တဲ့ ခင်လှိုင့်ဆီကို အလည်တစ်ခေါက်သွားရောက်ပြီး ပျော်ခဲ့တာ ဖြစ်ပါတယ်။မြင့်မြတ်က K ညီ၊ ထူးခြားတို့နဲ့အတူ မှော်ဘီမှာရှိတဲ့ ဦးခင်လှိုင်ရဲ့ခြံကြီးမှာ တစ်ညအိပ်ခဲ့တာဖြစ်ပြီး ပျော်ပျော်ပါးပါး စားသောက်ခဲ့တာပဲ ဖြစ်ပါတယ် ။ အခုတော့ မြင့်မြတ်က “ကျွန်တော်တို့ညီအစ်ကိုတွေ ပျော်ရွှင်စွာဖြတ်သန်းခဲ့တဲ့ ပုံရိပ်လေးကို ချစ်ပရိသတ်များလည်း ကျွန်တော်နဲ့ထပ်တူပျော်ရွှင်ရအောင် တင်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ… ” ဆိုပြီး ဗီဒီယိုလေးကို တင်ပေးထားတာ ဖြစ်ပါတယ် ။ ကဲ ဦးခင်လှိုင်ရဲ့ခြံကြီးထဲမှာ တန်ဆောင်မုန်းလပြည့်ညကိုဖြတ်သန်းခဲ့တဲ့ မြင့်မြတ်တို့သူငယ်ချင်းတစ်စုရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Video ကြည့်ရန်

Swelsone News

အတူနေလာတဲ့ နွားလေး သေတော့ မျက်ရည်မဆည်နိုင်ဖြစ်နေတဲ့ ဝက်ကလေးဒီနွားလေးက ကျုံပျော်ဇရစ်ရိုးက နွားဦးတိုက်ဆရာတော်ရဲ့ နွားလေးပါ။ ဆရာတော် တရားပွဲသွားတိုင်း ဆရာတော် နောက်လိုက်ပြီး သာသနာပြုတယ်။ တရားပွဲပြီးတိုင်း ဆရာတော်ကို ဦးတိုက်လေ့ရှိတယ်။

ဝက်ကလေးကတော့ မကြာသေးခင်ကမှ တရားပွဲတစ်ခုမှာ နွားဦးတိုက်တာမြင်တော့ သူလည်း လိုက်ဦးတိုက်တယ်။ ဆရာတော်လည်း အဲ့ဒီ ဝက်ကလေးကို ပိုင်ရှင်ဆီက အလှူခံလာခဲ့တာ။

တော်တော်ထူးဆန်းပါတယ်။ ဒီနွားနဲ့ဝက် ကလေးက အတူတူနေတယ်။ အတူတူ စားတယ်။ ထူးခြားတာ အများကြီး ရှိပါတယ်။ ရေစက်လို့ပဲ ပြောရမလား? နွားလေးကတော့သာသနာပြုရင်း ပြီးခဲ့တယ့် လေးငါးရက်ကမှ အသက်၂၀ မှာ သေဆုံးခဲ့တယ်။

ဒီနွားလေးသေတော့ ဝက်ကလေးလည်း တော်တော်ခံစားရတယ်။ နွားလည်ပင်းကြိုးကို ဆွဲပြီး နွားကိုနှိူးလိုက်၊ နွားကိုယ်ပေါ် တတ်လိုက်။ မြေပြင်မှာ လှိမ့်လိုက်နဲ့ မျက်ရည်တောက်တောက်ကျပြီး ငိုလိုက်၊ ဆရာတော်ဆီ ပြေးသွားလိုက်နဲ့ တော်တော်သနားဖို့ကောင်းပါတယ်။နွားလေးကို ဂူသွင်းမယ့် ကွန်ကရစ် ပေါ်မှာ လဲပြီး မျက်ရည်ကျလိုက်နဲ့ သတ္တဝါတွေရဲ့ ချစ်ခြင်းမေတ္တာကို သူတော်ကောင်းတို့ မြင်တွေ့ရအောင် မျှဝေပေးလိုက်ပါတယ်။ ပြန်လည်လည်းမျှဝေပေးပါ။ (၂၀၁၇ ခုနှစ်က ပို့စ်ကို ပြန်လည်မျှဝေလိုက်ပါတယ်)

ရတနာသုံးပါး ဦးထိပ်ထားလျက်

Credit:ပရလောကမှ ရှားပါး မှတ်တမ်းများ

Covid -19 ရောဂါကြောင့်ဆေးကုသမှုခံယူနေရပြီး အောက်စီဂျင်ပိုက်တန်းလန်းနဲ့ သူ့ရဲ့အခြေအနေလေးကို ကြိုးစားပမ်းစားပြောပြနေတဲ့ ဦးမိုးဒီပရိသတ်တွေချစ်ရတဲ့ လူရွှင်တော်ကြီး ဦးမိုးဒီကတော့ အားလုံးကိုရယ်မောပျော်ရွှင်ရအောင် မျိုးစုံတင်ဆက်ပေးလေ့ရှိသူ ဖြစ်ပါတယ် ။ ပြောင်မြောက်တဲ့အနုပညာအရည်အချင်းတွေကို ပိုင်ဆိုင်ထားတဲ့ ဦးမိုးဒီက လူရွှင်တော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဦးမိုးဒီက ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်းအများအပြားရိုက်ကူးခဲ့ပြီး ဖျော်ဖြေပွဲတွေမှာလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ် ။ မကြာခင်ရက်ပိုင်းကတော့ ဦးမိုးဒီတစ်ယောက် Covid 19 ရောဂါပိုးကူးစက်ခံရကြောင်း သရုပ်ဆောင်ဝေဠုကျော်ကတစ်ဆင့် အားလုံးသိအောင် ပြောပြခဲ့တာ ဖြစ်ပါတယ် ။ ဦးမိုးဒီက နေမကောင်းဖြစ်လို့ ဆေးစစ်ရာကနေ Covid 19 ရောဂါ Positive ဖြစ်ကြောင်း သိခဲ့ရတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ဦးမိုးဒီက ဧရာဝတီစင်တာမှာ ဆေးကုသမှုခံယူနေတာဖြစ်ပြီး အခုလည်း လူရွှင်တော်ကောင်းစံက ဦးမိုးဒီရဲ့ကျန်းမာရေးအခြေအနေအကြောင်း တင်ထားတာ ဖြစ်ပါတယ် လူရွှင်တော်ကောင်းစံက “ပရိသတ်များရဲ့ဆုတောင်းမေတ္တာနဲ့အတူ ဧရာဝတီစင်တာမှဗော်လန်တီယာများ၊ဆရာဝန်များရဲ့ကုသအားပေးမှုကြောင့် ဖေဖေ့ရဲ့ကျန်းမာရေးတိုးတက်ကောင်းမွန်လာပါပြီခင်ဗျာ အားလုံးကို ကျေးဇူးတင်ပါသည်။” ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ အောက်စီဂျင်ရှူနေရတဲ့ ဦးမိုးဒီက လက်မလေးထောင်ပြီး သူအဆင်ပြေကြောင်း ပြောနေတာ ဖြစ်ပါတယ် ။ ကဲ Covid 19 ရောဂါကြောင့် ဆေးကုသမှုခံယူနေရတဲ့ လူရွှင်တော်ကြီး ဦးမိုးဒီရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-ကောင်းစံ လူရွှင်တော်’s FB Acc
Photo Credit-ကောင်းစံ လူရွှင်တော်’s FB Acc

လက်တစ်ဖက်တည်းနဲ့ သားဖြစ်သူကိုဘွဲ့ရတဲ့အထိ ရှာကျွေးပြုစုလာခဲ့တဲ့ ဖခင်တစ်ဦးရဲ့မေတ္တာအဖေဆိုတာဟာ ကိုယ့်သွေးသားဖြစ်သူ သားသမီးတွေကို အကောင်းဆုံးနေရာမှာ နေနိုင်ဖို့ အတွက်ကို တစ်ဘဝလုံး အချိန်ကုန်ပစေ စွန့်လွှတ် အနစ်နာခံနိုင်သူ ဖြစ်ပါတယ်နော်။

သားသမီးတွေရဲ့ ဘဝမှာ အဖေဆိုတာဟာ သူတို့ရဲ့ စူပါဟီးရိုး တစ်ယောက်လို့ ပြောရအောင် အရွယ်ရောက်လာတဲ့ အချိန်ထိ ကိုယ့်ကိုကိုယ်ရပ်တည်နိုင်ဖို့ အတွက် ခွန်အားတွေ ပေးနိုင်ခဲ့သူပါနော်။ဒီမှာတော့ လက်တစ်ဖက် တည်းသာရှိတဲ့ ဖခင်ဖြစ်သူကတော့သားဖြစ်သူကို အကောင်းဆုံး ကြိုးစားပြီးတော့ ကျောင်းထားနိုင်ခဲ့ပါတယ်။ ကျောင်းထားရုံတင် မကဘဲ ဘွဲ့ရ ပညာတတ်တစ်ဦးဖြစ်တဲ့အထိ ပြုစုကျွေးမွေးထားနိုင်ခဲ့ပါတယ်နော်။

သားဖြစ်သူဟာ ဘွဲ့ရပြီးနောက် မဖြစ်နိုင်တာကို ဖြစ်အောင်လုပ်ခဲ့တဲ့ သူ့ဘဝရဲ့တစ်ဦးတည်းသော လူစွမ်းကောင်းဖခင်ဖြစ်သူကို မြေကြီးပေါ်ပြားပြားဝပ်

ရှိခိုးကန်တော့နေတဲ့ပုံဟာ အင်တာနက်မှာပြန့်လာပြီးနောက်မှာ လူအများအပြားဟာ ဝမ်းနည်းပီတိဖြစ်စွာနဲ့ အဆိုပါပုံကို ဆက်လက်မျှဝေခဲ့ကြပါတယ်နော်။သားသမီးဖြစ်သူတိုင်းဟာ သူတို့ဘဝကိုအကောင်းဆုံးဖြစ်အောင် ပံ့ပိုးပေးနေတဲ့ ဖခင်ဖြစ်သူကို တန်ဖိုးထားလေးစားဆက်ဆံသင့် ပါတယ်နော်။

Source : viral4real