အရှေ့တောင်အာရှ တွင်သာမကတရုတ်နှင့် တောင်ကိုရီးယားမှာပါ ဟိုးလေးတကျော်ကျော်ဖြစ်လာခဲ့တဲ့ ပိုင်တံခွန်မော်ဒယ်လ် မင်းသားချောလေး ပိုင်တံခွန်ရဲ့ စန်းကတော့ တကယ့် အံ့မခန်းပါပဲ။ ပိုင်တံခွန်ဟာ ယခုဆိုရင် နိုင်ငံတကာ သတင်းစာမျက်နှာတွေကပါ ဖော်ပြလာတဲ့ အနုပညာရှင်ဖြစ်လာခဲ့ပါပီ။ မကြာသေးမီက ပိုင်တံခွန်တစ်ယောက် ရဟန်းပြု တာ သိပီးကြဖြစ်မှာပါ။ ပိုင်တံခွန်ဟာ ပီးခဲ့တဲ့ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ သူ့ရဲ့ ရဟန်းဝတ်နဲ့ ပုံတွေကို Instagram မှာ တင်ပေးခဲ့ပါတယ်။
ရဟန်းဝတ်နဲ့ ပိုင်တံခွန်ရဲ့ ပုံတွေဟာ တရုတ်နိုင်ငံရဲ့ အဓိက လူမှုကွန်ယက်ဖြစ်တဲ့ Weibo သုံးစွဲသူတွေကြားအုန်းအုန်းကျက်ကျက် ဖြစ်ခဲ့ပါတယ်။ ” Myanmar Handsome Monk” ဆိုတဲ့ Hashtag ဟာ Weibo ရဲ့ Hot Search မှာ နံပါတ် (၁၉) လောက်ထိ ရောက်ခဲ့ပါတယ်။ (ဖော်ပြထားတဲ့ ပုံကတော့ နံပါတ် ၂၇ ရောက်စဉ်က Screen shot ဖြစ်ပါတယ်။)Weibo ရဲ့ Hot search ကိုရောက်တယ်ဆိုတဲ့ အဖြစ်အပျက်ဟာ တရုတ် Weibo အသုံးပြုသူတွေအကြား အလွန်အမင်း ရေးပန်းစားနေတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ တကယ်ကို ဂုဏ်ယူစရာ အောင်မြင်မှုပါ။ တရုတ်ပရိသတ်လေးတွေကတော့ Weibo hot search ရဲ့ မည်မျှ အတိုင်းအတာအထိ ပေါက်မြောက်ပုံကို ပိုမို သိကြလိမ့်မယ်ထင်ပါတယ်။
သန်းပေါင်းများစွာသော Follower ရှိတဲ့ Account များမှ ပိုင်တံခွန်ရဲ့ ပုံတွေကို ပြန်လည်ဝေမျှခဲ့ကြပြီးတော့ Comment ပေါင်းများစွာနဲ့ Like များစွာလည်း ရခဲ့ပါတယ်။ တရုတ်နိုင်ငံမှာ လှုပ်ရှားမှုလုပ်နေတဲ့ ဒီဇိုင်နာ StevenOo ကလည်း သူ့ရဲ့ Weibo account မှတစ်ဆင့် ပိုင်တံခွန်ရဲ့ Instagram account ကို တရုတ် Weibo user တွေကြားသိအောင် ပြသပေးခဲ့ပါတယ်။ တကယ့်ကို မြန်မာအချင်းချင်း ကူညီနေတာ မြင်ရတာ ဝမ်းသာစရာပါပဲ။Comment အချို့ကတော့… ” ငါသွားတဲ့ ဘုရားကျောင်းက ဘုန်းတော်ကြီးသာ အဲ့လောက် ခန့်ညားနေရင် ငါသွားတော့မှာ မဟုတ်ဘူး။ ပြစ်မှားမိပြီး ငရဲကြီးမှာဆိုးလို့ ” ” Instagram account ဘယ်လိုဖွင့်ရမလဲ ကူညီကြပါအုံး” ဒါ့အပြင် “ဘုန်းကြီးဝတ်နဲ့ မဟုတ်တဲ့ သူ့ရဲ့ ပုံမှန် ပုံတွေကိုလည်း ကြည့်ကြပါအုံး။ ချောလိုက်တာ။ တပုံချင်း ကြည့်ရင်း ကြည့်ရင်း ပိုပို ချောလာတာ” လို့ရေးသားကာ ပြန်လည် ဝေမျှခဲ့သူများလည်း ရှိခဲ့ပါတယ်။
Weibo Hot search ကိစ္စကြောင့်ပဲ စင်္ကာပူ သတင်း စာမျက်နှာမှာလည်း ဖော်ပြခံခဲ့ရပါတယ်။ “Myanmar actor Paing Takhon shaves head for monk stint, goes viral on Internet” ဆိုတဲ့ ခေါင်းစဉ်နဲ့ အင်တာနက်မှာ အုန်းအုန်းကျက်ကျက် ဖြစ်သွားခဲ့တဲ့ ရဟန်းဝတ်နဲ့ ပိုင်တံခွန်ရဲ့အကြောင်း ဖော်ပြခဲ့သေးပါတယ်။ ဒါ့အပြင် ထိုင်ဝမ် နိုင်ငံရဲ့ TV သတင်းမှာလည်း ဖော်ပြခံခဲ့ရပါတယ်။မကြာသေးမီကလည်း ကိုရီးယားနိုင်ငံမှ Search engine ဖြစ်တဲ့ Naver ရဲ့ Hot Search List မှာလည်း ပိုင်တံခွန် နာမည်ရှိခဲ့ပါသေးတယ်။ ဇန်နဝါရီလ ၁၃ ရက်နေ့မှာလည်း ကိုရီးယားနိုင်ငံရဲ့ အနုပညာသတင်း စာမျက်နှာ တစ်ခုဖြစ်တဲ့ ” Insight Korea” မှာလည်း “완벽 피지컬로 소녀들 입교하게 만드는 근육질 ‘절 오빠’의 정체” ( ပျိုမေတို့ကို ဘာသာရေး ကိုင်းရှိုင်းချင်စိတ်တွေ ဖြစ်ပေါ်လာစေမယ့် ပြီးပြည့်စုံတဲ့ ခန္ဓာကိုယ်ပိုင်ရှင် “ဘုန်းတော်ကြီးကျောင်း ကိုကြီး” ရဲ့ ပုံစံ အစစ်အမှန်) ဆိုတဲ့ ခေါင်းစဉ်နဲ့ ရဟန်းဝတ်နဲ့ ပိုင်တံခွန်ဟာ မြန်မာ မင်းသားတစ်လက် ဖြစ်ကြောင်းကို ဖော်ပြခဲ့ပါသေးတယ်။
( မှတ်ချက် – “ဘုန်းတော်ကြီးကျောင်း ကိုကြီး” ဆိုတာကတော့ မူရင်း သတင်းမှာဖော်ပြထားတဲ့ “절 오빠” – ” Temple Oppa” ဆိုတဲ့အတိုင်း ဘာသာပြန်ထားခြင်း ဖြစ်ပါတယ်။ ကိုရီးယားနိုင်ငံရဲ့ ဆယ်ကျော်သက် မိန်းကလေးတွေကြား ” Church Oppa” ဆိုတဲ့ အသုံးအနှုန်းဟာ နာမည်ကြီးပါတယ်။ ဘုရားကျောင်းတက်ရင်း တွေ့ရတဲ့ ကိုကြီးချောချော ဆိုတဲ့ အဓိပ္ပါယ်ပါ။ ပိုင်တံခွန်ကတော့ ရဟန်းဝတ်နဲ့ ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် မူရင်းသတင်းရေးသားသူဟာ ဒီလိုအသုံးအနှုန်းသုံးတာ ဖြစ်ပါလိမ့်မယ်။ အားလုံးကို နားလည်ပေးစေလိုပါတယ်။ )ဒီလို နိုင်ငံတကာကပါ သတိထားမိလာပီ ဖြစ်တဲ့ ပိုင်တံခွန်အတွက် မြန်မာလူမျိုးတစ်ယောက်အနေနဲ့ လွန်စွာ ဂုဏ်ယူဝမ်းမြောက် မိပါတယ်။ ပိုင်တံခွန်ကို နိုင်ငံတကာပရိသတ်တွေ ပိုမိုသိပြီး အားပေးမှုတွေ ရရှိဖို့ဆုတောင်းပေးလိုက်ပါတယ်နော်။
Asia Cele Bar
Source: Weibo, Insight Korea, The Straits Times
Photos: Paing Takhon Instagram, Steven Oo Weibo, Weibo, NaverWritten: Gyi Gyi